" Perth .... "
နိုးလာတာနဲ့ သူ့ကိုစပြီးတွေ့ချင်တာပဲ .....
ဒါပေမယ့် ငါ့ရည်းစားက ဘယ်ရောက်နေပါလိမ့်" အော် ..... Perth ကိုတွေ့မိလား "
" ဟုတ်ကဲ့ ..... မီးဖိုချောင်မှာရှိပါတယ် သခင်လေး "မီးဖိုချောင်တဲ့လား ..... မီးဖိုချောင်မှာဘာလုပ်နေတာလဲ
အောက်ထပ်ကိုပြေးဆင်းသွားတာနဲ့ မီးဖိုချောင်မှာ
အလုပ်ရှုပ်နေတဲ့ Perth ကိုမြင်လိုက်ရတယ်" Perth .... ဘာလုပ်နေတာလဲ "
" နိုးပြီလား ..... ထိုင် မြန်မြန်လေး "အနောက်ကနေလာပြီးပခံုးကိုအတင်းတွန်းပြီး
စားပွဲဝိုင်းဆီ ခေါ်သွားခဲ့တယ် .....
ဝါး .... စားစရာတွေအပြည့်ပဲ" ဒါတွေကို ဘယ်တုန်းကပြင်ထားတာလဲ .....
အများကြီးပဲ ..... "
" အစောကြီးပေါ့ .... ကိုယ်တိုင်ချက်ထားတာမို့
အများကြီးစားရမယ်နော် "
" ဝါး .... မိုက်လိုက်တာ ... ကောင်းမယ့်ပံုပဲ "ပြံုးရင်း အားပါးတရစားနေတဲ့ကောင်လေးကိုကြည့်
ရတာ အလိုလိုပီတိဖြစ်မိတာပေါ့ ....." ဒါနဲ့ ..... ဒီနေ့လူသိပ်မတွေ့ပါလား "
" အော် .... ဒီနေ့ကိုတို့နှစ်ယောက်ထဲနေချင်လို့
မုန့်ဖိုးပေးပြီးနားရက်ပေးလိုကိတယ် "
" ဟင် .... နေပါဦး ... ကျွန်တော့်ခွင်ပြုချက်မပါပဲ
နဲ့လား "စားပွဲပေါ်တင်ထားတဲ့လက်ကိုဆွဲပြီး ပြွတ်ခနဲမြည်
အောင် နမ်းရှိုက်လိုက်တယ် ...." ကို့စိတ်ကမင်းစိတ်ပဲမလား .... ကို့ခွင့်ပြုချက်က
မင်းခွင့်ပြုချက်ပဲပေါ့ "ဘာလို့ကလေးစကားကို သဘောကျပြီးရီမိပါလိမ့် ....
" ဟုတ်ပါပြီ .... ဒါဆို ဒီနေ့အိမ်မှာ ဘာလုပ်မှာလဲ "
" အင်း .... ပံုမှန်စံုတွဲတွေလို .... ကော်ဖီသောက်
ရင်း ရုပ်ရှင်ကြည့်ကြမယ် .... လသာဆောင်မှာလေ
အေးအေးလေးတွေခံစားပြီး ချစ်တဲ့အကြောင်းတွေ
ပြောကြမယ် "ဒီနေ့ထူးထူးဆန်းဆန်း Perth ကအရမ်းချိုသာတဲ့စ
ကားတွေပြောနေတာပဲ ...." ဒီနေ့ဘာဖြစ်နေတာလဲ ..... ထူးဆန်းလိုက်တာ "
" ဘာမှမဖြစ်ပါဘူး .... ဒီတိုင်း.. တစ်ရက်လောက်မင်းနဲ့အတူရှိချင် လို့ပါ "
