" ကူညီကြပါ .... ကူ .... ညီပါ "
စက္ကူလေးခေါက်ထားသလို တွန့်ကျေနေတဲ့ကားထဲ
မှာ ညှပ်မိနေပေမယ့်..... တစ်ကိုယ်လံုးနာကျင်နေ
ပေမယ့် .... သိခဲ့တယ်
ဒီနားမှာ တစ်ယောက်ယောက်ရှိနေခဲ့တာကို .....
မြင်ရတယိ .... မှန်ကွဲစတွေစိုက်ဝင်နေတဲ့ မျက်လံုး
ထဲကနေ .... လူတစ်ယောက်ရဲ့အရိပ်ကို
ရုတ်တရက် အားကိုးစရာ .... လက်တစ်စံုက ကျွန်
တော့်လက်တွေကို လာကိုင်တာကိုခံစားလိုက်မိတယ်" နာနေလို့ပါ .... ကူညီပါ ..... "
ဘာသံမှမကြားရတော့ဘူး .... ရုတ်တရက်ပျော်နေရာ
ကနေ .... အဲ့လက်တစ်စံုက ကျွန်တော့်ကိုချန်ရစ်ခဲ့တယ် ....
အားကိုးတကြီးဆုပ်ကိုင်ထားပေမယ့် .... သူလွှတ်ချခဲ့
တယ် ...." အား !!!!!!! "
အိမ်မက်ဆိုးပဲ ..... ဘာလို့ဒီဆိုးဝါးတဲ့အိမ်မက်ကိုပဲ
ထပ်တလဲလဲမက်နေရတာလဲ
ရုတ်တရက် ကြားလိုက်ရတဲ့ ခြေသံ .....
" ဘယ်သူလဲ .... "
" အာ .... မဂ်လာပါ .... ကျွန်တော်ကဒီနေ့စပြီး
တာဝန်ထမ်းဆောင်မယ့် .... "
" Body Guard အသစ်လား ..... "
" ဟုတ်ပါတယ် .... သခင်လေး .... နိုးတာကိုစောင့်
နေတာပါ "ရုတ်တရက် လျှင်လျှင်မြန်မြန် ကျွန်တော့်ခေါင်းဆီ
ရောက်လာတဲ့ ဖန်ခွက်ကို အမြန်ရှောင်တိမ်းလိုက်
နိုင်ပေမယ့် နံရံကိုထိပြီးအစိတ်စိတ်ကွဲကြေသွားတယ်" သ... သခင်လေး .... ကျွန်တော်ခေါင်းကွဲတော့
မလို့ .... "
" မင်း .... အလုပ်ထွက်တော့ ..... "
" ဗျာ .... ဘာလို့လဲ "
" ငါကအိမ်မက်ဆိုးတွေနဲ့ နေနေတာကိုသိရဲ့သား
နဲ့ .... ဘာလို့မနှိုးတာလဲ .... အဲ့ဒါငါ့ကိုစောင့်ရှောက်
တာလား "အဲ့ဒါကဘယ်လိုပေါက်ကရအကြောင်းရင်းလဲ ....
အလုပ်သမားတွေပြောသလို ဒီကောင်ကတကယ်အ
ရူးလား ...." ဘာလဲ .... ငါ့ကိုအရူးလို့ထင်နေတာလား !!!! "
အော်သံက လူကိုတုန်လှုပ်စေတာပဲ ....
" မဟုတ်ပါဘူး ... တောင်းပန်ပါတယ် ....
တာဝန်ကိုနောက် .... မပျက်ကွက်စေရပါဘူး "ကုတင်ဘေးက တုတ်ကောက်ကို လှမ်းဆွဲယူပြီး
ထလိုက်တယ်" ရပ်လိုက် .... ဘာလိုက်လုပ်မလို့လဲ "
" သခင်လေးနောက်လေ .... "
" မလိုဘူး ..... "
" မဖြစ်ပါဘူး .... ပိုက်ဆံယူထားတာ ဒီအလုပ်
အတွက်ပါ .... "
" ငါစကားကို နှစ်ခါမပြောချင်ဘူး .... "
" မဖြစ်ပါဘူး "
" ဟုတ်လား "