" ဒါက ..... ဒါကဘယ်နေရာလဲ "
ဝေဝေဝါးဝါးနဲ့နိုးထလာမိတယ် ...... မသိတဲ့နေရာတစ်ခုမှာ ငါနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာလား
" ဥက္ကဌ ..... သတိရလာပြီလား "
" မင်း .... ဘယ်လိုရောက်နေတာလဲ ဒီနေရာက "
" ဆေးရုံပါ ..... ဘာမှမမှတ်မိဘူးလား
ဥက္ကဌတစ်ခုခုဖြစ်ပြီထင်ပြီး စိတ်ပူနေတာ "ထူပူပြီး ဘာမှမမှတ်မိဘူး ..... ညက .... ငါဘာဖြစ်သွား
တာလဲ ....." အား ...... ခေါင်းက "
" အဆင်ပြေရဲ့လား ...... ခေါင်းမူးလို့လား "
" ရတယ် .... ငါဘာဖြစ်တာလဲ ဘာလို့ဒီရောက်
နေတာလဲ .... ဘာလို့ဘာမှမမှတ်မိတာလဲ "
" ကျွန်တော်လဲသေချာမသိတော့ပါဘူး ......
ချောင်းစပ်မှာမေ့လဲနေတာမြင်လို့ လူတစ်ယောက်က
ခေါ်လာပေးတာလို့ ပြောပါတယ် ..... "
" ဟုတ်လား ..... ဒါပေမယ့် ငါညက ဧည့်သည်ကို
စောင့်ရင်း သောက်တာများသွားမိလို့လား .....
တကယ်မမှတ်မိတော့တာပဲ ..... "
" ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့ ..... "
" ဒါနဲ့ .... ငါ့ကိုခေါ်လာပေးတဲ့သူက်ို ကျေးဇူးဆပ်
တဲ့အနေနဲ့ တစ်ခုခုပေးလိုက်ပါဦး "
" ဟုတ်ကဲ့ ...... ခဏလောက်နားလိုက်ပါဦး "ဘာဖြစ်တာပါလိမ့် ..... ထူးဆန်းတဲ့ခံစားချက်ကိုခံစား
နေရတယ် ..... ဝမ်းနည်းပြီး ငိုကြွေးချင်တယ်
တစ်ခုခုကို လွမ်းဆွတ်လို့ ရူးချင်နေတဲ့ ခံစားချက် ......" ကျေးဇူးပြုပြီး ..... Ganhan ဆိုတဲ့လူနာဘယ်
မှာလဲရှင့် .... ဓားထိုးမှုနဲ့ရောက်လာတဲ့လူနာလေ "
" အော် .... အရေးပေါ်ခန်းထဲမှာ "
သူ့ဆီအပြေးလာခဲ့တာ ......" မမလေး .... ရောက်လာပြီလား "
" ဘယ်လိုဖြစ်တာလဲ "
" သတိမရသေးပါဘူး ..... လက်နဲ့ ဗိုက်မှာ ဓား
ချက်တွေထိထားပါတယ် ..... ဆိုးသွားတာက ဓားမှာ
အဆိပ်သုတ်ထားတာပါ .....
ဓားဒဏ်ရာထပ် အဆိပ်ကြောင့် ... မနိုးသေးတာပါ "ဖြန်း ..... အသံအကျယ်ကြီးကြောင့်ဘေးနားကလူ
တွေတောင် ဝိုင်းကြည့်နေကြတယ် .....
ပါးရိုက်လိုက်တဲ့ မိန်းကလေးရဲ့အကြည့်ကိုက
ကြောက်ဖို့ကောင်းတယ် .....