ဒေါက် .... ဒေါက်
တံခါးခေါက်သံကြောင့်တော်တော်အိပ်မောကျနေ
ရာကနေ လန့်နိုးလာခဲ့တယ် .....
ညကဘယ်လိုတောင်အိမ်ပြန်ရောက်လာလဲ သေချာမသိတော့ဘူး ....." ဘယ်သူလဲ ..... "
" ဦးလေးပါ ..... "
" ဝင်ခဲ့ပါ ..... "ဦးလေးကြီးက ဒီအချိန်ကြီးဘာလာလုပ်တာလဲ .....
" နိုးပြီလား .... သခင်လေး .... ညက Perth က
ချီပြီးခေါ်လာလို့ နေမကောင်းလို့များလား "
Chimon ရဲ့ဒီလိုရီမောနေတဲ့မျက်နှာကိုမမြင်ရတာ
ဘယ်လောက်ကြာခဲ့ပြီလဲ ...." မဟုတ်ပါဘူး ..... ညက ကျွန်တော် ဘီယာ
နည်းနည်းသောက်မိလိုက်တာ "
" ဘီယာ မကြိုက်ဘူးမလား ..... "
" ဟုတ်ကဲ့ .... ဒါပေမယ့် သောက်ကြည့်တော့လဲ
မဆိုးပါဘူး .... ဒါနဲ့ ကျွန်တော်အိပ်ပျော်နေရင်
ဦးလေးက သိပ်မနှောင့်ယှက်တတ်ပါဘူး
ကိစ္စရှိလို့လား .... "တော်တော်ကြာစဉ်းစားပြီးမှ ဦးလေးဆီကစကားတစ်
ခွန်းပြန်ရခဲ့တယ်" မဟုတိပါဘူး .... နေမကောင်းမှာစိုးလို့ပါ "
" Perth ပြန်သွားပြီလား .... ဒီနေ့သူ့ရဲ့နားရက်
မလား "
" ဟုတ်ကဲ့ .... အစောကြီးပြန်သွားပါတယ် "အစည်းအဝေးခန်းကနေ မြန်မြန်သွက်သွက် ရုံးခန်းကို
လျှောက်လာခဲ့တယ်
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ Perth ကိုမြင်တာနဲ့
ပြံုးလိုက်မိတယ် ...." ရောကိနေတာကြာပြီလား .... "
" အခုတင်ပါ ..... ဘယ်လိုလဲ ... ပင်ပန်းနေပြီ
လား .... "
" မဟုတ်တာ .... မကြာခင် Wachirawit နဲ့စာ
ချုပ်ချုပ်တော့မှာမလား ... သူတို့ရဲ့ဘဏ္ဏာငွေကို
စစ်ဆေးနေရတာပေါ့ "
" May ..... Chimon အတွက် Professor ဘာ
ပြောလဲ "အလုပ်စားပွဲခံုကနေ Perth ကိုမျက်လံုးပင့်တင့်ပြီး
တစ်ချက်ကြည့်လိုက်မိတယ် ....." ဘာလို့လဲ ..... သေချာမပြောရသေးဘူး "
" မြန်မြန်ကုသစေချင်ပြီ .... ဖြစ်နိုင်တဲ့နည်းနဲ့
အမြန်ဆံုး "
" အကြောင်းအရင်းက ???? "ငြိမ်သက်နေတဲ့ Perth ကိုသဘောမကျလိုက်တာ .....
" ငါတို့ တစ်ခုခုမှားနေပြီထင်တယ် .....
Chimon ကဒီကိစ္စတွေနဲ့ မသက်ဆိုင်လောက်ဘူး "
" GanHan ...... "