" မနက်စာ ပြင်ထားပါတယ် .... သခင်လေး "
ညကအသံနဲ့မတူအောင် ရွှင်ပြတက်ကြွနေတဲ့ အသံ
ပါလား .....
" ဟေ့ ...... Happy ကိုထမင်းကျွေးပြီးပြီလား "ဟေ့ ..... ဟေ့ဆိုတာ ငါ့ကိုခေါ်လိုက်တာလား
ဘယ်လိုတောင် ရိုင်းစိုင်းတာလဲ
" ဟုတ်ကဲ့ .... ကျွေးပြီးပါပြီ အခုကလေး
ကောင်းကောင်း နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေ
ပါတယ် "စကားတစ်လံုးကိုပီသအောင်ပြောနေတာ လူတစ်
ယောက်ကိုရွဲ့နေတာနဲ့ အတူတူပဲပေါ့" အင်း .... တာဝန်ကျေတယ် ဒါနဲ့ ...
ကလေးရဲ့အိပ်ရာကညစ်ပတ်နေတယ် ..... မင်းသွား
လျှော်ပေးနိုင်မလား "
" ဗျာ ..... ကျွန်တော်ကလား "
" အင်း အကူညီတောင်းတာလေ ..... လူတစ်
ယောက်ကငါ့ကိုပြောတယ် .... လိုအပ်ရင်အကူညီ
တောင်းသင့်တယ်လို့လေ .....
လုပ်ပေးနိုင်မလား "ဟူး .... စိတ်ကိုမနည်းချုပ်တည်းထားရပါလား
" Perth ....... သခင်လေးခေါ်နေတယ် "
" Happy နိုးလာပြီ ..... သူ့ကိုလမ်းလျှောက်ထွက်ပေး
နိုင်မလား
ငါ့အခန်းတံခါးက ဖုန်တွေကြီးပဲ .... သုတ်ပေးနိုင်
မလား
ကလေးကို ရေချိုးပေးနိုင်မလား "တစ်နေကုန် " နိုင်မလား " ဆိုတဲ့စကားလံုးကိုကြားရ
တာ ငြီးငွေနေပြီ ......
အလုပ်ချိန်ပြီးတာနဲ့ ..... အိပ်ရာပေါ်ကိုသာပြစ်လှဲချ
လိုက်တော့တယ် .....
မိုးရွာနေတာလား ..... မိုးညိမ်းသံကကြောက်ဖို့ကောင်း
လိုက်တာ ..... ဘယ်နှစ်နာရီတွေတောင်ဖြစ်ကုန်ပြီလဲ
နာရီကိုကြည့်မိတော့ မနက် ၃ နာရီခွဲ ......
အာ ... ပြန်အိပ်လို့ရသေးတာပဲ
အဲ့လိုတွေးလိုက်ပေမယ့် ပြတင်းပေါက်ကနေမိုးရွာထဲလျှောက်သွားနေတဲ့
ကောင်လေးကို ဖြတ်ခနဲလှမ်းတွေ့လိုက်ရတယ်
ခြံထဲမှာလျှောက်သွားနေတဲ့ သူက ..... Chimon လား
ချက်ချင်း အောက်ထပ်ကို အရှိန်မြန်မြန်နဲ့ ပြေးဆင်း
သွားခဲ့တယ်
ထီးမပါပဲ ဘာလို့ပြေးလွှားနေတာလဲ .....
မိုးဒီလောက်ကောင်းနေတာကို ......" သခင်လေး .... သတိထား "
အလျင်တောင်မမီလိုက်ဘူး ..... မိုးရေကြောင့်လမ်း
တွေကချောနေပြီလေ
သူလဲမမြင်ရပဲ ချော်လဲကုန်ပြီပေါ့