ငယ်ငယ်ထဲက အဖေပြောနေကျစကားတစ်ခွန်း
ရှိတယ်" သန်မာရမယ် ..... လောကမှာ ရက်စက်တတ်တဲ့သူ
တွေကပဲ အာဏာရနိုင်တာ
အဖေ့သားက .... အဲ့လိုဖြစ်နေမှရမယ် "အသက် ၈ နှစ်လောက်ထဲကစပြီး ... ကရာတေး
ဂျူဒိုတင်မကဘူး .... ပန်းချီ .... ဂီတအကုန်လံုး
တတ်မြောက်အောင်သင်ရတဲ့ မိသားစုမှာကြီးပြင်းရ
တယ် ....
မူးယစ်ဆေးဆိုတာကို ငယ်ငယ်လေးထဲက ထိတွေ့ရ
တယ် ....
အဲ့အရာက .... ကျွန်တော်တို့မိသားစုကိုကြီးပွါးစေတဲ့
အဓိကအရာပဲ
အမှောင်လောကမှာ ကြီးပြင်းလာရပြီး .... အဲ့လောက
မှာ ကျွန်တော့်ကို GanHan လို့ခေါ်ကြတယ်" မင်းတို့အိမ်ပေါ်ကဆင်းချင်ရငိတောင် ငါ့သားကို
ခေါ်သွားလို့မရဘူး .... ငါ့သားကိုထားပြီး
မင်းဆင်းချင်ဆငိးသွားလိုက် "အမေနဲ့ညီမလေးထွက်သွားပြီး သိပ်မကြာလိုက်ဘူး
အဖေက .... မတော်တဆမှုတစ်ခုနဲ့ ဆံုးသွားခဲ့တယ်
အသက် ၁၆ နှစ်လောက်နဲ့ မကောင်းတဲ့အရာ ....
မကောင်းတဲ့ ဒုစရိုက်တွေအားလံုးကို ဆက်ပြီးလက်
လွှဲယူခဲ့ရတာ အခုထိပေါ့" GanHan !!!!! ဒီမှာကြည့်ပါဦး .... နင့်ညီမလေး
သတင်းကို သိခဲ့ရတယ် ... သူဘန်ကောက်မှာပဲတဲ့ "
" ဟုတ်လား .... "တခြားသူနဲ့ဆ်ို ရက်စက်တတ်တဲ့ ကျွန်တော်က ....
ညီမလေးကိုတွေ့ဖို့ကို အရမ်းပျော်နေခဲ့မိတာ ....
အမေရယ် .... ညီမလေးရယ်နဲ့ အတူနေဖို့အတွက်
King Group ကိုစပြီးတည်ထောင်ခဲ့တယ်
May ဆိုတဲ့ကောင်မလေးနဲ့ အတူတူ .....
ရာချီတဲ့လက်အောက်ငယ်သားအားလံုးကို ပြန်ငဲ့နိုင်
ဖို့ အဲ့လုပ်ငန်းစုကိုအခြေချဖို့ အချိန် ၂ နှစ်လောက်သံုးခဲ့ရတာ
ဘန်ကောက်ကို ပြန်ချင်လို့ ....." အကိုလား ..... "
" သားလေး .... "တွေ့တွေ့ချင်း ကျွန်တော့်ကိုအနွေးထွေးဆံုးထွေးပွေ့
ပေးတဲ့ မိန်းကလေးနှစ်ယောက်ကို .....
ကျွန်တော် အရမ်းချစ်သလို ...အရမ်းတန်ဖိုးထားတယ်" ဟယ်လို .... P "
" သူငယ်ချင်းရဲ့မွေးနေ့ပွဲမှာဆို ... ဘာလို့ အကို့ကို
ဖုန်းဆက်တာလဲ "
" ညီမလေးကို ကိုကိုလာခေါ်ပေးနိုင်မလားလို့လေ "
" ဘာလို့လဲ .... ညီမလေးကို ဒရိုင်ဘာထည့်ပေး
လိုက်တာကို .... ကိစ္စတစ်ခုခုရှိလို့လား "
" မဟုတ်ပါဘူး .... ဘာလို့လဲမသိ .... ကိုကိုမောင်း
တဲ့ကားစီးချင်လို့ .... လာခေါ်ပါ ... နော်နော် "
![](https://img.wattpad.com/cover/355922843-288-k609455.jpg)