*2*

123 15 6
                                    

မင်ဟို သူသိတတ်စအရွယ်ကတည်းက မိဘတွေက သူ့ကိုမလိုချင်ခဲ့ဘူး။အဖေဖြစ်သူ က အမေနဲ့ ကွာရှင်းပြီး နောက်မိန်းမယူလိုက်တယ်။

အမေကတော့ အဖေနဲ့ ကွာရှင်းပြီး ကတည်းက စိတ်ဓာတ်တွေကျကာ အရက်တွေဘဲဆက်တိုက်သောက်နေတော့တယ်။

သိပ်မကြာပါဘူး မင်ဟို ၁၀နှစ်သားအရွယ်မှာ အမေဆုံးသွားခဲ့တယ်။မိဘမဲ့ဖြစ်သွားတဲ့သူ့ကို အမျိုးတွေကပါ မလိုချင်ခဲ့ဘူး။ နောက်တော့ အမေ့ရဲ့ သူငယ်ချင်းဖြစ်သူက သူ့ကိုမွေးစားခဲ့တယ်။

မိသားစုအသစ်ရတော့ပျော်နေခဲ့ပေမဲ့.....အဲ့ဒီ့လူ
.
.
.
.
.
.
.
အမေ့ကို စွန့်ပစ်ပြီး နောက်မိန်းမယူသွားတဲ့ ငါ့ရဲ့အဖေ...သူ့ကိုတွေ့လိုက်ရတယ်။

-
နောက်မိန်းမယူသွားတယ်ဆိုတာက အမေ့သူငယ်ချင်းကိုပြောတာဘဲဆိုတာ အခုတော့ သဘောပေါက်သွားခဲ့ပြီ။
-
အခြေအနေတွေက ဘယ်လိုဖြစ်ကုန်လဲ သူမသိတော့ဘူး။အဖေက ဘန်ချန်းဆိုတဲ့သူအပေါ်အရမ်းကောင်းပေးပြီး သူ့ကိုတော့ ရှိတဲ့လေလို့တောင်မသတ်မှတ်ခဲ့ဘူး။ သူ့သားစာရင်းထဲကို သူမထည့်ခဲ့ဘူး။
-
အဲ့တာဆို သူ့ကို ထပ်ပြီးတော့ မွေးစားတာလဲ မိဘမဲ့ဂေဟာမှာဘဲ တစ်သက်လုံးထားထားလိုက်ပါလား...ဘာကြောင့် သူ့ကို ဒီလို လုပ်ရတာလဲ။အဖေအရင်းက စွန့်ပစ်ပြီးပြန်မွေးစားတယ်တဲ့လား..အမေ့ကိုမချစ်တာနဲ့ ဘဲ ပစ်ထားခဲ့ပြီး နောက်မိန်းမ ယူသွားတဲ့ လူကများ....

-




....
current time

"ယုံးဘို့"

သူအလျင်အမြန်ဘဲ အနောက်ကိုပြေးလိုက်ခဲ့တယ်။မှီသွားတဲ့အခါမှာတော့ ပုခုံးကို တို့ကာ သူတို့ကိုခေါ်လိုက်တယ်။

"ယုံးဘို့"

"အော် မင်ဟိုရှီ.."

"မင်းဘာလုပ်နေတာလဲ."

"အပျင်းပြေ က မလို့ မင်ဟိုရှီကော ကရတာကြိုက်လား"

"အင်း တစ်ခါတလေ အရမ်းမွန်းကြပ်ရင် ကဖြစ်တယ်"

"တစ်ခါလောက် အတူကရအောင်လေ"

"အင်း"

လူသူရှင်းတဲ့ ကျောင်း ဘောလုံးကွင်းထဲမှာ ကောင်လေးနှစ်ယောက် စိတ်အပန်းဖြေနေခဲ့တယ်။

Where is YongbokWhere stories live. Discover now