"မင်ဟို.."
"အော ချန်းဘင်ပြော..ဟျောင်းကော.."
"ငါ အဲ့တာပြောမလို့.."
"ဘာဖြစ်လို့လဲ..တစ်ခုခုဖြစ်လို့လား.."
"ဘန်ချန်းဟျောင်း သတိရလာပြီ.."
"တကယ်လား..ခဏနေငါလာခဲ့မယ်.."
_တီ_
မင်ဟိုဟာ ဖုန်းချလိုက်ပြီး ယုံးဘို့နဲ့စကားဆက်ပြောနေခဲ့တယ်။
"မင်း ဒီဘဝကနေလွတ်မြောက်အောင်ကူညီပေးမယ်.."
"ဘယ်လိုကူညီမှာလဲ.."
"ငါလဲသေချာမသိပေမဲ့ အဲ့ဒီ့လူကိုငါရအောင်ရှာပေးမယ်..မင်းကိုအခုလိုဖြစ်အောင်လုပ်သွားတဲ့လူ.."
- - - - - - - - -
ချန်းဘင်ဟာ ဖုန်းပြောပြီးတာနဲ့ အခန်းထဲပြန်ဝင်လာခဲ့တယ်။
"ဘန်ချန်းဟျောင်း မင်ဟိုကခဏနေလာခဲ့မယ်တဲ့.."
"အော်.."
"ခေါင်းတွေဘာတွေကောကိုက်လား.."
"......."
"အခုကောဘယ်လိုနေသေးလဲ..ကိုယ်လက်တွေကောကိုက်နေလား.."
"အင်း..အခုတော့ဗိုက်ဆာတယ်.."
"အာ..ခဏလေး..ကျွန်တော်သွားယူပေးမယ်.."
ချန်းဘင် ထမင်းထုပ်လေးအပြေးသွားယူနေတဲ့ပုံကိုကြည့်ပြီး ပြုံးမိတော့တယ်။
"ရပြီ.."
"ဟင်ကိုယ်က ဘယ်လိုစားရမှာလဲ..ညာဘက်လက်မှမလှုပ်နိုင်တာ.."
"ဘယ်ဘက်သုံးလို့ရတယ်လေ.."
"ကိုယ် ဘယ်မသန်ဘူး..ချန်းဘင်ခွံ့ကျွေး.."
"အာ..အဲ့တာဆိုလဲ.."
နောက်ဆုံးချန်းဘင်ကဘဲ ထမင်းခွံ့ကျွေးလိုက်ရတော့တယ်။
-
-
-
-
-
မင်ဟိုတစ်ယောက် ကျောင်းကောင်စီအခန်းကိုသွားကာ ၁၉၉၅ခုနှစ်က ကျောင်းသားစာရင်းတွေကိုရှာနေခဲ့တယ်။ရှာဖွေနေတဲ့အချိန်မှာအခန်းထဲကိုလူတစ်ယောက်ဝင်လာခဲ့တယ်။
YOU ARE READING
Where is Yongbok
Fanfiction"နှုတ်ဆက်ပါတယ်" "မင်း ဘယ်ပျောက်သွားပြန်တာလဲဟာ..ထပ်ပြီးတော့ ငါ့ကိုမထားခဲ့ပါနဲ့တော့လား"