- prunus avium poem -
မှတ်မိသေးလား ဂျယ်။
ချယ်ရီပင်ပျိုအောက်မှာ
ရေးထိုးခဲ့တဲ့ ကိုယ်တို့ရဲ့ရက်စွဲတွေကို။
စကားသံစည်းချက်တွေနဲ့ ရယ်သွမ်းသွေးတဲ့သံစဉ်တွေ ရောယှက်ခဲ့တဲ့ နေ့ရက်တွေကပြန်ကြည့်မိတိုင်း လှနေတုန်းပဲ။ကိုယ်ကတော့ ရှင်းရှင်းလင်းလင်းကို မှတ်မိနေသေးတယ်။ ပထမဆုံးဆုပ်ကိုင်ဖူးတဲ့လက်ဖဝါးနုနု သေးသေးလေးရဲ့နွေးထွေးတဲ့အငွေ့အသက်ကစလို့ ဂျယ်သဘောတကျရယ်လိုက်တိုင်း မှိတ်ကျသွားတဲ့ မျက်ဝန်းထောင့်က အကြောင်းလေးတွေအထိ။
နောက်ပြီး ဂျယ့်ရဲ့အပြုံးက ကိုယ့်အတွက်အလှဆုံး ပန်းချီကားဖြစ်ခဲ့ပြီးဂျယ့်
ရယ်သံလွင်လွင်က အချိုသာဆုံးသံစဉ်
တစ်ပုဒ်ဖြစ်ခဲ့တာတွေကိုရောပေါ့။အရာအားလုံးကလှလှပပပါပဲ။ အင်းလေ....
ချယ်ရီပွင့်ချပ်တွေကို လိုက်ဖမ်းရင်းအပူအပင်မရှိ ရယ်မောခဲ့ကြတဲ့ ကိုယ်တို့တွေက ဘယ်လောက်တောင် ဖြူစင်ခဲ့လိုက်သလဲ။