きゅう

239 35 3
                                    

_________________



လူတွေက ဘာအတွက်နဲ့ပျော်ရွှင်ကြပြီး ပျော်ရွှင်မှုကို ဘယ်လိုတိုင်းတာကြလဲ ကိုယ်သေချာသိပေမဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုကတော့ ဂျယ့်ရဲ့ နှုတ်ခမ်းထောင့်စွန်းဒီဂရီ အပြောင်းအလဲအပေါ် မူတည်နေခဲ့တာလေ

ဂျယ့် နှုတ်ခမ်းထောင့်စွန်း ဒီဂရီအတိုင်းအတာတစ်ခု ချင်းစီက ကိုယ့်ရင်ဘတ်ထဲမှာ သီးသန့်ပျိုးထားတဲ့ ချယ်ရီပင်အပေါ်ကို သွားသက်ရောက်တယ်။ ကိုးဆယ်ဒီဂရီရဲ့အထက်မှာဆို ပန်းပွင့်တွေ ပွင့်လန်းလာပြီး ကိုးဆယ်ဒီဂရီအောက်‌ဆိုရင်တော့ ရွက်ခြောက်တွေပြန့်ကျဲလာစေတာမျိုးပေါ့

-prunus avium poem-




၂၀၁၇ခုနှစ်၏နွေဦး

"ကိုကို၊ တီလေး ပြောသွားတာကို၊ အဲ့တာကြောင့်မလို့လဲ တီလေးက စိတ်မချတာ ၊ ကလေးလား၊
ဘာလို့ စကားနားမထောင်တာလဲ "

ဘေးနားရောက်လာကာ ပွစိပွစိလုပ်လာတဲ့
ဂျယ်ယွန်းကြောင့် ခေါက်ဆွဲထုပ်ဖောက်မလို့ လုပ်နေတဲ့ ဟီဆွန်းရဲ့လက်တွေက တွန့်ခနဲဖြစ်သွားရသည်။

"ဂျယ်ယွန်းကလဲ၊ ကိုကိုမှ အဲဒီအရံဟင်းတွေ
မကြိုက်တာကို "

ဟီဆွန်း ခပ်ဖျော့ဖျော့ အသံနဲ့ ပြောလိုက်တော့ နှုတ်ခမ်းစူပြီး ရန်တွေ့မလို့လုပ်နေတဲ့
ဂျယ်ယွန်းက ချက်ချင်းဆိုသလို အကြည့်လွှဲသွားလေရဲ့။

"မရဘူး၊ ထမင်းပဲစားရမယ်၊ ကျွန်တော် တီလေးကို ကတိပေးတာ မဖောက်ချင်ပါဘူးနော်  "

"ဒီနေ့တစ်ရက်ပဲလေနော်၊ ကိုကို ဂျယ်ယွန်းအတွက်ပါ ပြုတ်ပေးမယ်လေ၊ spamတွေအများကြီး
ထည့်ပေးမယ် "

Prunus Avium Poem//heejakeWhere stories live. Discover now