- prunus avium poem -
ကိုယ့်ရဲ့အလယ်တန်းကျောင်းသားနေ့ရက်တွေက ပျော်စရာကောင်းခဲ့သားပဲ။ကိုယ်ရယ်၊ဂျယ်ရယ်၊ချယ်ရီပွင့်ဖတ်တွေရယ်ပဲ လည်ပတ်နေခဲ့တဲ့ ကာလတွေမှာ အဖြူရောင်တွေက စီးဆင်းနေခဲ့တာလေ။
ဆောင်းငွေ့ကုန်ခါနီးလို့ နွေဘက်စွတ်တဲ့ အချိန်တိုင်း စိတ်လှုပ်ရှားတတ်တဲ့ ဂျယ်က အဲဒီအချိန်ကတည်းက ချယ်ရီတွေကို အရမ်းမြတ်နိုးခဲ့တာပဲ။ ဂျယ် ချယ်ရီတွေကို မြတ်နိုးတာထပ် ကိုယ်က ဂျယ့်ကိုပိုမြတ်နိုးခဲ့ကြောင်းတွေကိုတော့ ကိုယ် စာမစီတတ်ခဲ့ပါဘူး။
- prunus avium poem -
၂၀၀၅ခုနှစ်၏ဆောင်းဦး ။
"ကိုကို ဂျယ်ယွန်း ကျောင်းမသွားဘဲ ကိုကိုနဲ့ ပဲဆော့လို့မရဘူးလား။ "
စာအတူတူလုပ်နေတုန်း ခဲတံကိုပစ်ချကာ မျက်နှာလေးကိုမဲ့ပြီး ပြောလာတဲ့ ဂျယ်ယွန်းကြောင့် ဟီဆွန်း ခက်ခက်ခဲခဲအဖြေရှာနေရတဲ့ သင်္ချာပုစ္ဆာကို ဆက်မတွက်တော့ဘဲ ဂျယ်ယွန်းကိုသာ အာရုံစိုက်ပေးရတော့သည်။
"ဘာဖြစ်လို့လဲ၊ ဂျယ်ယွန်းရဲ့။ "
"ကျောင်းစတက်ကတည်းက ကိုကိုနဲ့ အရင်လိုမဆော့ရတော့ဘူးလေ။ မေမေတို့က ကိုကိုနဲ့ အတူတူ စာသင်ရမှာပါလို့ညာပြီး ကျောင်းကိုသွားခိုင်းတာ ဟိုမှာ ဂျယ်ယွန်းတစ်ယောက်တည်း။
ပြီးတော့ ဆရာမတွေကလဲ ခဏခဏဆူတယ်။ ဘာမှန်းလဲမသိဘူး။ ကျောင်းမသွားရတော့လဲ အိမ်မှာ စာတွေကရေးရသေးတယ်။ ကျောင်းသွားရတာ အရမ်းဆိုးတာပဲ။ "