-prunus avium poem-အိပ်မက်ရယ်လို့ ရေရေရာရာ မရှိတဲ့ ဆယ်ကျော်သက်ဘဝမှာ ဂျယ်ပြုံးတာကို
မြင်ရဖို့က ကိုယ့် အိပ်မက်ဖြစ်ခဲ့တာပါ။အဖြူသန့်သန့် စာမျက်နှာတွေမှာ ချရေးခဲ့မိတဲ့ ဆန္ဒတွေကလဲ အဖြူရောင် ဖုံးလွှမ်းခဲ့တာပေါ့။ ဒါပေမဲ့ အဖြူရောင်တွေကြားထဲမှာ ချယ်ရီပွင့်ချပ်တွေရဲ့ ပန်းနုရောင်တွေကတော့ ရောနေခဲ့တာပါပဲ။
-prunus avium poem-
၂၀၁၀ခုနှစ်၏ဆောင်းရက်နှောင်း။
"UNO! "
လက်ထဲက နောက်ဆုံးလက်ကျန်ကတ်ကို ရင်ဘတ်နားကပ်ထားပြီး အော်လိုက်တော့ ရှင်းမ်ဂျယ်ယွန်းပေါက်စရဲ့ မျက်စောင်းက အလိုလို သူ့ဆီရောက်လာသည်။
"ကိုကိုက ညစ်တာကို။ "
လက်နဲ့မဆန့်တော့တဲ့ ကတ်အထပ်လိုက်ကို ကိုင်ထားရတဲ့ ဂျယ်ယွန်းက မျက်နှာလေးကို ရှုံ့မဲ့ပြီး ပြောလာပေမဲ့ ဟီဆွန်းကတော့ အောင်နိုင်သူအပြုံးနဲ့ ဂျယ်ယွန်း နောက်ထပ် ဘယ်ကတ်ကိုချလာမလဲဆိုတာကို စောင့်မျှော်နေမိသည်။
"All clear! "
ဂျယ်ယွန်းက တိုက်တိုက်ဆိုင်ဆိုင် အဝါကတ်ကိုချလာတာမလို့ ဟီဆွန်း မြန်မြန်ဆန်ဆန်ပဲ လက်ထဲက ကတ်ကိုချကာ လက်ကိုဆန့်တန်းလို့အော်မိတော့ ဂျယ်ယွန်းရဲ့ နှုတ်ခမ်းက စူသထပ်စူလာလေရဲ့။