____________
ချစ်ခြင်းတရားဟာ ဆန်းကြယ်ပါတယ်။
မဖိတ်ခေါ်တဲ့ ဧည့်သည်က အသိပေးခြင်းမရှိ တစွတ်ထိုး ဝင်လာတော့ ကိုယ့်နေ့ရက်တွေက ကပြောင်းကပြန် ဖြစ်ခဲ့သေးတာပဲ။ အပြစ်ရှိစိတ်လို့ ခေါင်းစဉ်မတပ်ချင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားခဲ့ရတာတော့ တကယ်ပါ။တွေဝေမှုနဲ့ဝေခွဲမရမှုနွံတွေကြား နစ်နေခဲ့တဲ့ ကိုယ်က ဂျယ်ယွန်းနား ပြန်ရောက်နိုင်ဖို့ တော်တော် အချိန်ယူခဲ့မိတယ်လေ။
-prunus avium poem-
၂၀၁၄ခုနှစ်၏ ဆောင်းရက်နှောင်း။
ချယ်ရီမဲ့နေတဲ့ ချယ်ရီပင်က အစိမ်းရောင်တွေ ဖုံးလွှမ်းနေပြီး ကောင်းကင်ပြာရဲ့ ပံ့ပိုးမှုကို ခံယူထားသည်။ ခါတိုင်းဆိုရင်တော့ ချယ်ရီတွေမရှိတော့တာ ဝမ်းနည်းဖို့ကောင်းကြောင်း တတွတ်တွတ်ပြောနေမဲ့ ဂျယ်ယွန်းက သူ့ဘေးနားမှာ ရှိနေမယ်ဆိုပေမဲ့ အခုတော့ သူတစ်ယောက်တည်း ချယ်ရီပင်ကို ငေးကြည့်နေမိသည်။
နွေရာသီတုန်းက ဂျယ်ယွန်းကြောင့်
ပထမဆုံး ဖြစ်တည်လာတဲ့ ရင်ခုန်သံကို သတိထားမိကတည်းက ဟီဆွန်း ဂျယ်ယွန်းနဲ့ ဝေးဝေးပြေးနေမိတာ အခုဆို ဆောင်းရက်နှောင်းတောင် ရောက်လာခဲ့ပြီဖြစ်သည်။
ဂျယ်ယွန်းကလဲ အထက်တန်းကျောင်းသားဖြစ်နေပြီမလို့ အရင်လို အချိန်မအားတော့ဘဲ သူကလဲ တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေတာကြောင့် အချိန်မရှိဘူးလို့ အကြောင်းပြချက်ပေးကာ သူ ဂျယ်ယွန်းကို ဝေးဝေး တွန်းပို့ထားတာ။