- prunus avium poem -
ကိုယ်တို့အတူဖြတ်သန်းခဲ့တဲ့ ပထမဆုံး
ဆယ်နှစ်ကျော်အချိန်မှာအဖြူရောင်တွေကဖြူဖြူစင်စင်ပဲရစ်တွယ်ခဲ့ကြသားနော်။မူလတန်းစတက်လို့ အလယ်တန်း ရောက်တဲ့အထိ ဂျယ်က ကိုယ့်ရဲ့ ဦးစားပေး ညီလေးဖြစ်ခဲ့တာ။
ဒါပေမဲ့ အဲဒီအချိန်ကတည်းက ဂျယ့်ရဲ့မျက်နှာနည်းနည်းလေး ညှိုးတာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ကမ္ဘာလည်တာရပ်သွားသလို ခံစားချက်က စဖြစ်တည်ခဲ့တာပဲ။
အင်း ထူးတော့မထူးဆန်းပါဘူး။
ဂျယ်က ကိုယ့်အတွက် အရာရာပဲလေ။
- prunus avium poem -၂၀၀၄ခုနှစ်၏ နွေဦး။
"ကိုကို၊ ဂျယ်ယွန်း ဒါယူလာတယ်။ "
ရောင်စုံစက္ကူစတွေ စုထည့်ထားတဲ့ အိတ်ကလေးကို ကိုင်ရင်း အိမ်ထဲဝင်လာတဲ့ ကလေးကို ကြည့်ရင်း ဟီဆွန်း ပြုံးလိုက်မိသည်။ အလည်လေးက
အန်တီတို့ကို အဲဒီ ရောင်စုံစက္ကူတွေဝယ်ပေးဖို့ မရမက ပူဆာလာတာ သေချာနေပြီ။"တီတီတို့ကို ဘယ်လိုတွေ ချွဲပြီး ပူဆာလာတာလဲ။ "
"ကိုကို လုပ်ထားတာလေးတွေလိုမျိုး လုပ်ချင်လို့ ဆိုပြီးပဲပြောလိုက်တာ၊ တန်းဝယ်ပေးတာပဲ။ "