- prunus avium poem -
ကိုယ်ချစ်ခြင်းတရားကိုမိုးသောက်မှာရှာသလို၊နေရောင်အောက်မှာရှာပြီး၊နေဝင်ချိန်တွေမှာရှာရုံမကလို့ လရောင်အောက်ပါ
မကျန်ရှာခဲ့ဖူးတယ်။အဲဒီလိုရှာတိုင်းလဲတွေ့ရှိမှုကရှင်း(မ်)ဂျယ်ယွန်းဆိုတဲ့ဖြစ်တည်မှုဆီမှာပဲသွားခစားမယ်ဆိုတာကိုတော့ကိုယ်လဲ
မခန့်မှန်းတတ်ခဲ့ပါဘူး။ဒါပေမဲ့နောက်ဆုံးတော့ကိုယ်တစ်ခုတည်းသောနည်းလမ်းကိုတွေ့ခဲ့တယ်။အဲ့တာကနှလုံးသားအလိုကျကိုဖြည့်ဆည်းဖို့ပဲ။နှလုံးသားအလိုလိုက်ပြီးတဲ့နောက်မှာ ဆံသားပွပွလေးတွေကရတတ်တဲ့ချယ်ရီနံ့သင်းသင်းရှန်ပူနံ့ကစလို့ဂျယ့်ရဲ့လက်ဆစ်ရဲရဲတွေအထိကိုယ်တမြတ်တနိုးတန်ဖိုးထားတတ်လာတယ်။နေဝင်ချိန်တွေကိုတိုက်ရိုက်ကြည့်တာထပ်ဂျယ့်ရဲ့ပြုံးယောင်သန်းနေတဲ့မျက်ဝန်းကတစ်ဆင့်ကြည့်ရတဲ့နေဝင်ချိန်တွေကလဲပိုလှလာသလို ဂျယ်နဲ့အတူ ဖြတ်သန်းရတဲ့ ကိုယ့်ရဲ့နေ့ရက်တွေကလဲလှပခဲ့တာပဲ။
- prunus avium poem -
၂၀၁၆ခုနှစ်၏ ဆောင်းရက်နှောင်း။
"ကိုကို"
"ဟင်၊ ဂျယ်ယွန်း၊ ဘာပြောမလို့လဲ။ "