- prunus avium poem -
အဖြူရောင် စာမျက်နှာပေါ် ပန်းရောင် ချယ်ရီပွင့်ချပ်တွေ ဖြည့်ပြီးတဲ့နောက်မှာ
ဂျယ့်ရဲ့ ပန်းနုရောင် သန်းနေတဲ့ ပါးပြင်ကို တွေ့ဖို့ အခွင့်အရေးက ကိုယ့်ဆီ ခဏခဏရောက်လာခဲ့သားနော်။လက်ချောင်းချင်းထိမိတဲ့ အထိအတွေ့ရဲ့ နွေးထွေးမှုကအစ အခုထိလဲ ထင်ထင်
ရှားရှား ရှိတုန်းပါပဲ။ထူးတော့မထူးဆန်းပါဘူး။ ဂျယ်နဲ့ အတူဖန်တီးခဲ့တဲ့ အမှတ်တရတွေရော၊ အမှတ်တမဲ့တွေရော အလုံးစုံက ကိုယ့်မှတ်ဉာဏ်ရဲ့ သီးသန့်ထောင့်လေးမှာ လှလှပပလေး တသီးတသန့်ရှိနေတာပဲလေ။- prunus avium poem -
၂၀၁၇ခုနှစ်၏ နွေဦး။
နွေဦးရဲ့ နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့ နေ့တစ်နေ့မှာ ဟီဆွန်းနဲ့ဂျယ်ယွန်းက ယောက်ယတ်ခတ်နေတဲ့ သူတို့အမေတွေကို ကိုယ်စီကြည့်ရင်း ငြိမ်သက်နေကြသည်။
" ခေါက်ဆွဲပဲစားမနေကြဘဲ ထမင်းလဲချက်စားကြနော်၊ အရံဟင်းတွေက ရေခဲသေတ္တာထဲအသင့်ရှိတယ်၊ ထားသာထားခဲ့ရတယ်၊ စိတ်မချပါဘူးဟယ်"
" သားတို့လဲ အရွယ်ရောက်နေပါပြီနော်၊ ထမင်းတစ်နှပ်၊နှစ်နှပ်ကတော့ အဆင်ပြေသလို ကြည့်စားလိုက်ပါမယ်၊ မေမေရဲ့။ "
ဟီဆွန်းရဲ့ တုံ့ပြန်စကားကြောင့် ပစ္စည်းတွေထုပ်ပိုးနေတဲ့ မေမေက ဖြတ်ကနဲမော့ကြည့်လာသည်။
"အေး၊ အရွယ်ရောက်နေလို့ကို ပိုစိတ်မချတာ၊ အမေတွေမရှိဘူးဆိုပြီး လုပ်ချင်ရာလုပ်နေကြမှာလေ "