- prunus avium poem -
အထက်တန်းကျောင်းသားဘဝကိုရိုးရိုးရှင်းရှင်းပဲပြီးသွားလိမ့်မယ်လို့ထင်ခဲ့ဖူးတယ်။ကိုယ့်ကိုယ်ကိုယ်ညာခဲ့သမျှကအတွေးတွေကိုယ့်ကိုပြန်ပြီးမခြောက်လှန့်လာခင်အထိပေါ့။
ပထမဆုံးဂျယ့်ကြောင့်ဖြစ်တည်တဲ့ကိုယ့်ရင်ခုန်သံကိုသတိထားမိတဲ့နေ့ကကိုယ်အရူးတစ်ပိုင်းလိုဖြစ်ခဲ့ရတာကိုအခုထိမှတ်မိတုန်းပဲ။အဲဒီနေ့က ဂျယ့်ကိုအမှတ်တမဲ့ကြည့်လိုက်တဲ့အချိန်ပွင့်လန်းနေတဲ့ချယ်ရီတွေထပ်ဂျယ်ကပိုလှတယ်လို့တွေးခဲ့မိတာ။
ဒါပေမဲ့အဲဒီအတွေးတွေကိုကိုယ်
လျစ်လျူရှုခဲ့ပြီးပြုံးရယ်နေတဲ့ဂျယ့်ကိုကြည့်ရင်းစည်းချက်မြန်လာတဲ့ရင်ခုန်သံကိုလဲခေါင်းစဉ်ရေရေရာရာမတပ်ချင်တာကြောင့်ကိုယ်ရှောင်ပြေးခဲ့တယ်။-prunus avium poem-
၂၀၁၄၏ နွေလယ်ရက်။
"ကိုကို။ "
ရင်ခွင်ထဲတိုးဝင်လာတဲ့ဂျယ်ယွန်းကို တင်းတင်းကြပ်ကြပ်ဖက်ထားပေးရင်း
ဟီဆွန်းကိုယ်တိုင်လဲ
မျက်ရည်တွေကို သုတ်လိုက်မိသည်။"အဆင်ပြေသွားမှာနော်၊ ဂျယ်ယွန်းလေး။ "
"ဖေဖေ၊ ဖေဖေ့ကို ပြန်လာပါလို့ သေချာမှာလိုက်တာကို ပြန်မလာတော့ဘူး။ "
ဂျယ်ယွန်းရဲ့ အသံကဖျော့တော့နေတဲ့အပြင်
တုန်ရီနေတယ်။ ဟီဆွန်းကတော့ နှစ်သိမ့်စရာစကားရှာမတွေ့တော့သလို ဂျယ်ယွန်းကို ပိုတင်းတင်းကြပ်ကြပ်ဖက်ထားပြီး ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးကာ ဆံသားတွေထဲ လက်တွေထိုးဖွပေးနေမိသည်။