part_4

154 17 0
                                    

'ရိပ်'

___________________________________________

"သားလျှံ'....သမီးလေးခင့်ကိုဘယ်လိုသဘောရလဲသား"

"ဘာကိုလဲမာမီ....?"

"မာမီလဲအသက်ကြီးနေပီလေ အဲ့တော့ မြေးလေးဘာလေးချီချင်နေပီ' သမီးလေးခင်ကလဲအမျိုး‌ကောင်းသမီးလေးပါ...သားနဲ့နေရာချထားပေးချင်လို့"

"ဟာ...မာမီကလဲ....ကျွန်တော်အိမ်ထောင်မပြုချင်သေးဘူး"

"‌သားလျှံ....မာမီမင်းကိုပြောထားတာ..
မနက်ဖြန်သမီးလေး'ခင်'လာမယ်.......သွားချင်တဲ့နေရာလေးတွေသွားရင်း..တစ်ယောက်အကြောင်းတယောက်လေ့လာခဲ့ကြ"

"မသွားချင်ဘူးမာမီရာ"

"သားလျှံမာမီ ၂ခွန်းမပြောချင်ဘူးနော်"

"ကျစ်!!!!မာမီတို့သဘောဗျာ"

..........……………………………………………

လရိပ်အလုပ်ပိတ်ရက်ဖြစ်တာကြောင့် အခန်းသန့်ရှင်းရေးလုပ်နေတာဖြစ်သည်။ လရိပ်ကိုယ်ပိုင်အခန်းရှိထဲက သူအခန်းထဲကို မည်သူမှဝင်မရှင်းခိုင်းပါ
'သူကိုယ်တိုင်သာ ‌ရှင်းလေ့ရှိသည်။လရိပ်အခန်းရှင်းနေတုန်း မေမေခေါ်သံကြောင့် အောက်ကိုဆင်းလာလိုက်သည်။

"မေမေ'ဘာခိုင်းမို့လဲဟင်...သားကိုခေါ်တာ"

"ဘာမှမခိုင်းစရာမရှိပါဘူး သားရယ်....ဘယ်သူရောက်နေလဲကြည့်ပါဦး"

လရိပ်အရှေ့ကိုလှည့်ကြည့်လိုက်ရာ မြင်လိုက်ရတဲ့အမျိုးသမီးငယ်က။

"လွှာ'....."

ဟုတ်တာပေါ့ သူမကကျွန်ဝောာ်ရဲ့အချစ်ရဆုံးမိန်းခလေးသူငယ်ချင်း'ပွင့်ဖက်လွှာ' ကျွန်တော်တို့ ကအိမ်နီးချင်းတွေလေ တူတူနေတူတူစားတူတူကြီးပြင်းလာရတော့ မောင်နှမတေလိုတောင်ဖြစ်နေပီ။လွှာက ကျွန်တော်ထက်၂နှစ်ကြီးတယ်.....လွှာတို့မိသားစုက အထက်တန်းလွှာကလူတွေ အဲ့တော့ လွှာ 10တန်းနှစ်မှာ သူမိဘတေက နိုင်ငံခြားမှာပညာတော်သင်လွှတ်လိုက်ထဲကဝေးနေတာ ခုမှပြန်ဆုံတွေ့ရတယ်။

"အယ်မယ်....ကောင်စုတ်လေး 'ဒီကမမကိုမှတ်မိသေးတယ်ပေါ့"

"နင်ကလဲနော် နဂိုကအကျင့်ကအပျောက်သေးဘူး.....အသက်တွေကကြီးးနေပြီ"

အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)Where stories live. Discover now