part_9

122 5 0
                                    

________________________________________

"ချစ်ရင်လုပ်ကြရအောင်"

"ဘာပြောတယ်...."

"လုပ်ကြရအောင်လို့"

"ခဗျားတော်တော်အရှက်မဲ့တဲ့သူပဲ...ခုမှရည်းစားဖြစ် ခုဟိုဟွာဖြစ်ချင်တယ်ဆိုတော့မလွန်လွန်ဘူးလား"

"အော်...ရိပ်ရယ် လူနှစ်ယောက်လိင်ဆက်ဆံတာပဲဟာ..ဘာရှက်စရာလိုလို့လဲ"

"ခဗျား..မွေးထဲကရှက်ကြောမပါလာတဲ့သူပဲ"

"ရွှတ်"

ဒီပါသူ့အား စွာကြယ်စွာကြယ်နဲ့တခွန်းမကျန်ပြန်ပြောနေသော အကောင်ပေါက်ရဲ့ပါးကိုရွှတ်ခနဲမြည်အောင်နမ်းချလိုက်တော့သည်....ထိုအကောင်ပေါက်ရဲ့ ပါးပြင်ဖောင်းဖောင်းက နမ်းလိုက်တာနဲ့ နစ်ဝင်သွားတဲ့ပါးမျိုးပင်။အနမ်းခံလိုက်ရတော့ နာရွက်ထိပ်ဖျားလေးတေမှာ နီရဲလို့နေသည်....ထိုအကောင်ပေါက်က ရှက်ရင်နားရွက်ဖျားလေးတွေရဲနေတတ်သည်..ဒါလဲထိုအ‌ကောင်ပေါက်ရဲ့ဆွဲဆောင်မှုတစ်ခုပင်.....

"ခဗျား..."

"ရွှတ်"

"ဘာလုပ်တာလဲလို့"

"ရိပ်ကိုယ့်ကို ခဗျားလို့တခါခေါ်တိုင်း တခါအနမ်းခံရမယ်"

ထိုသို့ပြောလိုက်တော့ နှုတ်ခမ်းဆူကာ မျက်မှောင်ကြုတ်ထားပြီး။

"နစ်နာနေဦးမယ်....ဘယ်လိုခေါ်ရမှာလဲကျွန်တော်ကအဲ့လိုပဲခေါ်တတ်တာ"

"ရိပ်အဆင်ပြေသလိုခေါ်... ခဗျားလို့မခေါ်ရင်ပြီးရော"

"ကိုဒီပါ...လို့ခေါ်မယ်"

"ဟာ...ရိပ်ကလဲကွာ..ဘယ်လိုကြီးလဲ"

"ရိပ်...ကိုကိုလို့ခေါ်မယ်လေ"

ထိုသို့ပြောလိုက်တော့ မျက်နှာကြီးက ချက်ချင်းကြီးကိုတည်ကာ....မျက်ခုံးပင့်ပြသည်။

"ဟိုတစ်ယောက်ကိုလဲ..အဲ့လိုပဲခေါ်တာလေ"

"မဟုတ်ဘူးလေ..ဟိုကိုကိုကသက်သက်..ဒီကိုကိုကသက်သက်လေ"

"မသိဘူးကွာ..အဲ့လိုခေါ်တာကြီးကိုမကြိုက်ဘူး"

"အမ်...အက်တာဆို..'ကိုကိုဒီဒီ'လို့ခေါ်မယ်"

အတိတ်ရဲ့ခြေရာ(ရပ်နား)Where stories live. Discover now