part_7

87 6 0
                                    

___________

ယနေ့အခါကြီးရက်ကြီး...တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တာကြောင့် အလုပ်များပိတ်ရက်ရသောနေ့ဖြစ်သည်....

ဝသုံယနေ့..အလုပ်နားရက်ဖြစ်သောလဲ..ကိုထည်ဝါမင်းမောင်တို့ရဲ့ဖိတ်ကြားခြင်းကြောင့်..ထိုအိမ်တွင်နေ့လည်စာစားသုံးရန်အကြောင်းဖန်လာခဲ့သည်။
ဝသုံလဲ မတွေ့ရတဲ့တပတ်အတွင်း ထိုလူကိုတော်တော်မျှတွေ့ချင်နေပြီဖြစ်သည်။ဝသုံပြင်ဆင်ပြီးကာထွက်လာမည်အလုပ် အိတ်ကပ်ထဲတွင်‌အော်မြည်လာသောဖုန်းကြောင့်...ဖုန်းကိုထုတ်ကာကြည့်လိုက်တော့ တခါမျှမဆက်ဖူးသည့် ဖုန်းစိမ်းဖြစ်နေသည်.....။

"ဟယ်လို..အမိန့်ရှိပါ မိုးဦးဝသုံပြောနေပါတယ်"

"ဟယ်လို ဆရာလေး..ကျွန်တော်မင်းမောင်ပါ..ဆရာလေးထွက်လာနေပြီလားသိချင်လို့ဆက်လိုက်တာ..မေမေကလဲမျှော်နေလို့လေ"

"ထွက်လာနေပြီ...ညကစာရင်းလေးတွေစစ်နေရတော့လေ ဒီမနက်အိပ်ရာထတာနောက်ကျသွားလို့ အခုထွက်လာနေပြီ"

"အာ..ရတယ်ဗျ..ရောက်ခံနီးသာကျွန်တော်ကိုဖုန်းတချက်တောက်လိုက်"

"အိုခေပါ ဒါဆိုဖုန်းချလိုက်တော့မယ်နော်..."

"ဟုတ်ကဲ့ပါဗျ"

ဝသုံဖုန်းကျသွားသည်နှင့်အပြိုင် ထိုအိမ်သို့သာ မောင်းထွက်လာခဲ့လိုက်သည်။

.........…….…….……….…………….

လရိပ်ယနေ့အပြင်သွားစရာရှိသည်ဖြစ်သည်...တခြားတော့မဟုတ် ကိုကိုတို့အိမ်ကိုသာသွားမှာဖြစ်သည်...ပြီးရင်မေမေတို့အိမ်ကိုလဲဝင်ရဦးမည်ဆိုတာကြောင့် နောက်ကျမှသာအိမ်ကိုပြန်ရောက်နိုင်မည် ဒါကြောင့် ဟိုလူအားနှိုးကာ အရင်အသိပေးရမည်ဖြစ်သည်...သူ့ခြေထောက်ဒဏ်ရာက ကိုယ့်ကြောင့်ရခဲ့တာမဟုတ်လား။

ညဘက်ရောက်တိုင်း အပေါ်ပိုင်းဗလာကျင်းနဲ့အိပ်တတ်သောထိုလူကို လရိပ်အစတော့ အနဲငယ်နေရခက်သောငြားလဲ ယခုတော့အနည်းငယ် နေရအဆင်ပြေနေပြီဖြစ်သည်။ ကုတင်ပေါ်တွင် နှစ်နှစ်ချိုင့်ချိုင့် အိပ်ပျော်နေသောထိုလူအား လရိပ်‌လက်မောင်းအားပုတ်ခါ ခေါ်နှိုးလိုက်သည်။

အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)Where stories live. Discover now