ဟန့်!!!!ဒေါ်လရိပ်ချို!ခဗျားအလှည့်ကျပီ!!!_______________________________________
မိုးများတဖွဲဖွဲ ရွာသွန်းနေချိန် အုပ်ဂူဖြူဖြူအောက်မှာ ငိုကြွေးနေတဲ့ ကောင်လေးတစ်ယောက်..
"ဦးငယ်အတွက်ကျွန်တော်ဂလဲ့စားချေနိုင်တော့မယ်ဗျဦးငယ်ရ... ဦးငယ်ခံစားခဲ့ရသမျှ..သူတို့တစ်မိသားစုလုံးကို ပြန်ခံစားရအောင် ဒီကဦးငယ်ရဲ့တူလေးကပြန်လုပ်ပေးမာ.!!!!!!
မျက်ရည်များကျနေသော်လဲ အ
ရူးလိုမျိုးပြုံးရယ်နေသော ကောင်လေးတစ်ယောက်........................
လရိပ်ဒီနေ့အလုပ်ပိတ်ရက်ကြောင့်...ကိုကိုအား မုန့်သွားစားရန်ပူစာထားရာ...ကိုကိုကလိုက်ပို့မည်ဆိုတာကြောင့် လရိပ်အစောကြီးပြင်ဆင်နေမိသည်။ကိုကိုက အမြဲအပြင်သွားမယ်ဆိုတိုင်း တစ်နာရီလောက်အလိုထဲက ရောက်နေတတ်သည်လေ ဒါကြောင့် လရိပ်လဲ ပြင်ဆင်ပီးကာ စောင့်နေလိုက်သည်။ပြောရင်းဆိုရင်းခြံရှေ့ထိုးရပ်လာတဲ့ ကားအဖြူရောင်လေး။
"ကိုကို"
"အယ်...ငယ်လေးကနိုးတောင်နိုးနေပီလား....ကိုကိုကမနိုးသေးဘူးထင်တာ"
မနက်စာကောစားပီပီလား....အပြင်ရောက်မှစားမှာလား""အပြင်မှာစားမယ်လေ...ဒီနေ့အုန်းနို့ခေါက်ဆွဲလေးစားချင်လို့"
"နေ့တိုင်းစားနေရတာ မငြီးငွေ့ဘူးလား "
"မငြီးငွေ့ပါဘူး..ပိုတောင်ကြိုက်သေး"
"ဟားဟား....ဟုတ်ပါပီကွာသဘောပါ..
လရိပ်ငေးခနဲဖြစ်သွားသည်။
ရီလိုက်ရင်ပေါ်လာတဲ့ ပါးချိုင့်လေးနဲ့ကိုကိုဟာ အရမ်းကိုဆွဲဆောင်မှုရှိတယ် အမျိုးသားတစ်ဦးပင်။"ကိုကိုမျက်နှာမှာဘာတွေပေနေလို့လဲ"
"ဘာမှမပေပါဘူးဒီတိုင်းကြည့်ကောင်းလို့"
"ဘာလဲအချိုင့်လေးလိုပြန်ပြီလား"
မျက်လုံးလေးများမှေးဆင်းသွားကာ..သွားသေးသေးလေးတွေပေါ်လာတဲ့အထိပြုံးပြလာတဲ့ထိုကောင်လေး......
![](https://img.wattpad.com/cover/355268130-288-k916630.jpg)
YOU ARE READING
အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)
ChickLit"ကိုယ်မင်းကိုအရမ်းချစ်တယ်'ရိပ်' ဒါပေမဲ့ မင်းရဲ့မိသားစုကိုတော့ငါအရမ်းမုန်းတယ်" (ဒီပါထက်လျှံ) "ခင်ဗျား မမှားဘူး ကိုဒီပါထက်လျှံ...ခင်ဗျားရဲ့ေxာက်ရေးမပါတဲ့ လက်စားချေခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပျော်မွေ့နေမိတဲ့ကျွန်တော်ပဲမှားတာ"...