part_8

71 5 0
                                    

ဂိုးFicထဲတွင်သုံးထားတဲ့ ဇာတ်ကောင် နာမည်တေ တူနေရင် ဂိုးကိုလာပြောနိုင်ပါတယ်နော်

Author _Vrigo
_____________________________________

"သား နေလို့ရသေးရဲ့လား..မရရင်ပြန်နော်သား...သားဖေဖေကို မေမေပဲဆက်စောင့်လိုက်ပါမယ်"

"ရပါတယ်မေမေရယ်...မေမေအလှလေးကို တစ်ယောက်ထဲဘယ်ထားရက်ခဲ့ပါ့မလဲ"

"ဟုတ်ပါပီ သားရယ်..မင်းဖေဖေကလဲ ဒီနေ့ကြမှနောက်ကျလိုက်တာ"

ထိုအချိန်အိမ်ထဲဝင်လာသော ဖေဖေ... ဖေဖေဆီတွင် Alcohol အနံ့ နဲနဲရသည်။

"ကဲ ....သားရေမင်းအဖေကတော့ကောင်းလာတဲ့ပုံပဲ"

"သားရောက်နေတာလား..."

"ဟုတ်...‌သားပြန်တော့မှာ...အိမ်မှာဟိုလူတစ်ယောက်ထဲမို့"

"ဟေ...ဘယ်လူတုန်းသားရဲ့"

"သားကြောင့်ဒဏ်ရာရတယ်ဆိုတဲ့တစ်ယောက်လေ...သားအခုသွားနေနေတဲ့အိမ်ကလေ"

"အဲ့တာဆိုပြန်လေသား....ဒီအချိန်ကားရှိသေးရဲ့လား..ဖေဖေလိုက်ပို့ရမလား"

"သား...ကားခေါ်ထားပြီ...ကားဆရာကလဲ အဲ့ဖက်ကိုကြုံလို့လေ"

"အေးအေး...ဖေဖေလဲရေချိုးလိုက်ဦးမယ်...အထက်လူကြီးတွေပါတော့ငြင်းမကောင်းတာနဲ့ နဲနဲလေး သောက်စားလာလို့"

"ကဲကဲ...ဒီသားဖတေစကားကောင်းမနေနဲ့...သားပြန်မယ်ဆိုလဲပြန် တအားနောက်မကျခင်..
လာမေမေခြံရှေ့လိုက်ပို့မယ်"

"ဟုတ်ဖေဖေ သားသွားပြီ"

ဖေဖေအားနှုတ်ဆက်ကာ မေမေနဲ့ခြံရှေ့ထွက်လာကာ ကားကိုစောင့်နေလိုက်သည်...ကားလာတာနဲ့မေမေအားနှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

…….….………...….….…………….….….….…….

ဒီပါ မျက်လုံးကအိပ်ချင်နေပေမဲ့...စိတ်ကအိပ်မပျော်နေပါ..ဘာလို့ဆိုဟိုချာတိတ်ကအခုထိပြန်မလာသေးတာကြောင့်ဖြစ်သည်။

"ကျစ်!!!! ပြန်မလာသေးဘူးလားကွာ"

ဒီပါနာရီအားတချက်ကြည့်လိုက်တော့ 11နာရီထိုးတော့မည်ဖြစ်သည်။ဒီပါဖုန်းအားထုတ်လိုက်ကာ...ထိုချာတိတ်ဆီသို့ဖုန်းခေါ်လိုက်တော့သည်။ဟိုချာတိတ်ဘက်က ဖုန်းလက်ခံပြောဆိုချင်းမရှိတာကြောင့်...ဒီပါစိတ်အတော်တိုနေပြီဖြစ်သည်။

အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)Where stories live. Discover now