အထုတ်အပိုးအပြည့်နဲ့ ခြံရှေ့ထိုးရပ်လာတဲ့ကားလေး.....မျက်နှာအားစူပုတ်ထားကာတစ်လမ်းလုံးလိုက်ပါစီးနင်းလာတဲ့အကောင်ပေါက်ကို ဒီပါသတိပေးလိုက်သည်။
"ဟေ့....ချာတိတ်ရောက်ပီ....ကိုယ်ကိုအိမ်ထဲတွဲကူဦး"
ဒီပါပြောလိုက်တော့မှခေါင်းငြှိမ့်ပြကာလာတွဲသောထိုအကောင်ပေါက်။
"ဦးမောင်...အထုတ်တွေကိုကျွန်တော်အခန်းရှေ့ပဲသွားထားလိုက်"
ဦးမောင်အားမှာကာ....အိမ်ထဲဝင်လာခဲ့လိုက်သည်။အိမ်ထဲရောက်တော့မှ...ကျွန်တော်အားဆိုဖာပေါ်မှာထိုင်စေပြီး...စကားစလာတဲ့ထိုအကောင်ပေါက်.....။
"ခဗျားရယ်... Nurse အကူတစ်ယောက်ခေါ်ပေးမယ်ဆိုလဲမဟုတ်....ကျွန်တော်က Nurse တွေလောက်တော့...ခဗျားကိုဘယ်ဂရုစိုက်ပေးနိုင်ပါ့မလဲလို့"
"ဟေး....ဒါချာတိတ်ကြောင့်ဖြစ်တာနော်... Nurse ခေါ်ရင်ပိုက်ဆံကုန်မယ်...ပြီးတော့ကိုယ်အလုပ်တွေကိုကောသူကကူမှမကူနိုင်ပဲ...ချာတိတ်ကိုခေါ်ထားတော့..ကိုယ်လဲအဆင်ပြေတာပေါ့"
"ဒါပေမဲ့......."
"ကဲ...ဒါပေမဲ့တွေလုပ်မနေနဲ့တော့...သွားမယ်အထုတ်တွေနေရာချဖို့"
"ဒါနဲ့...ကျွန်တော်ကဘယ်အခန်းမှာနေရမှာလဲ"
"ကိုယ့်အခန်းမှာလေ"
"ဘာဗျ....."
ဒီပါကိုယ့်အခန်းမှာနေရမှာလို့ပြောလိုက်တာကြောင့် အားကုန်သုံးကာ ကုန်းခြစ်ကာအော်လာသော ထိုအကောင်ပေါက်။
"အဲ့တာကတော့...အဆင်မပြေဘူးလေဗျာ"
"ပြေပါတယ်...ချာတိတ်ရယ်...ကိုယ်အခန်းကအကျယ်ကြီး....လူနှစ်ယောက်တော့အေးဆေးနေလို့ရပါတယ်"
"မဟုတ်ဘူးလေဗျာ....ကျွန်တော်က..ဟောက်တတ်လို့"
"ရတယ်...အိပ်ရင်ကိုယ်ကဘာမှမသိတော့ဘူး...မင်းကြိုက်သလောက်ဟောက်လို့ရတယ်"
"ကျွန်တော်ကအအိပ်လဲကြမ်းတယ်နော်"
"အဲ့တာလဲရတယ် ....ကိုယ့်ခုတင်ကအကျယ်ကြီးလေ..မင်းကြိုက်သလောက်လှိမ့်လို့ရတယ်"
ဒီလူကြီးတစ်ခန်းထဲတော့ဘယ်လိုမှအိပ်လို့မဖြစ်ဘူး.....လရိပ်ကြံစမ်းပါဦး။

YOU ARE READING
အတိတ်ရဲ့ခြေရာ(ရပ်နား)
ChickLit"ကိုယ်မင်းကိုအရမ်းချစ်တယ်'ရိပ်' ဒါပေမဲ့ မင်းရဲ့မိသားစုကိုတော့ငါအရမ်းမုန်းတယ်" (ဒီပါထက်လျှံ) "ခင်ဗျား မမှားဘူး ကိုဒီပါထက်လျှံ...ခင်ဗျားရဲ့ေxာက်ရေးမပါတဲ့ လက်စားချေခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပျော်မွေ့နေမိတဲ့ကျွန်တော်ပဲမှားတာ"...