part_5

124 13 1
                                    


P5

"ကျစ်.....ငါ့ခေါင်း"

လရိပ်အိပ်ရမှနိုးတော့‌ ခေါင်းကတဆစ်ဆစ်ကိုက်ခဲနေသည်...
လရိပ်ဘေးဘီဝေ့ဝဲကြည့်တော့ ..ဘေးတွင် အိပ်နေသော အဝတ်ဗလာနဲ့ လူတစ်ယောက်။

"အား...ခဗျားဘယ်သူလဲ.ကျွန်တော်အိပ်ရာပေါ်ကိုဘယ်လိုလို့ရောက်နေတာလဲ"

ဒီပါ ဘေးနားကလှုပ်စိလှုပ်စိလုပ်နေသော သူကြောင့်နိုးနှင့်နေပီဖြစ်သော်လဲ....ဒီပါထိုအကောင်ပေါက်ဘာဆက်လုပ်မလဲသိချင်တာကြောင့် အိပ်ချင်ယောင်တာဆောင်နေလိုက်သည်။ဒီပါမထင်ထားလိုက်တာက ကုတင်ပေါ်ကကန်ချမည်ဆိုတာပင်။

"အာ့...ကျွတ်ကျွတ်."မင်းဘာလို့ကန်ချတာလဲ"

"ဟင်......ဟိုလူကြီး...ခဗျားကျွန်တော်ကုတင်ပေါ်ဘယ်လိုလို့ရောက်နေတာလဲ"

"ဒါ...ငါ့အခန်း"

ထိုလူ့စကားသံကြောင့်.....အခန်းတွင်းဝေ့ဝဲကြည့်လိုက်တော့...ကြီးကြယ်ခန်းနားတဲ့ အခန်းကြီး'ဒီအခန်းကိုကြည့်ရတာ ကျွန်တော်အခန်းရဲ့ ၅ခန်းစာလောက်ရှိမည်...သန့်ရှင်းတောက်ပြောင်နေသော အသုံးအဆောင်များ..‌။လရိပ်သေချာပြန်လည်စဉ်းစားကြည့်လိုက်တော့မှ ညကသူမူးပြီး ရောက်လာတာဖြစ်ရမည်။

"ဒါ..ဒါဆိုခဗျားကဘာလို့အဝတ်ဗလာကြီးနဲ့လဲ... မဟုတ်မှလွဲရော"

"ပေါက်ကရအ‌တွေးတေကို အဲ့မှာပဲရပ်လိုက်ချာတိတ်....ညကမင်းအန်လို့ ကို့အဝတ်တေ ပေကုန်လို့ ချွတ်ထားတာ"

"ဒါ.....ဒါဆိုလဲကျွန်တော်ပြန်တော့မယ်"

"ဟေ့.....ဒီပုံစံနဲ့မင်းပြန်မလို့လား."
ရေချိုးသွားလိုက်"ကိုအဝတ်ထုတ်ပေးထားမယ်"

လရိပ်ကို့ကိုကိုယ်ငုံ့နမ်းကြည့်လိုက်တော့ တကိုယ်လုံးချဉ်စူးစူး အနံ့ထွက်နေပြီဖြစ်တာ‌ကြောင့်လရိပ်လဲရေချိုးဖို့သာ ဆုံးဖြတ်လိုက်ရသည်။လရိပ်ရေချိုးပြီးကာထွက်လာသော် ဗီဒိုနား အဝတ်တစ်စုံကိုင်ပီး စောင့်နေသောထိုလူ။

*ရှစ်....ဒီအခြေနေကဘယ်လိုအခြေနေကြီးလဲ ညားခါစဇနီးမောင်နှံလိုကြီး။

"ရော့ချာတိတ်...ဒါဝတ်လိုက်"ပီးရင်အောက်ဆင်းလာခဲ့"

လရိပ်လဲ ထိုလူပေးသော အဝတ်ကိုယူခါ ထိုလူအောက်ဆင်းသွားတော့မှ အဝတ်လဲကာ ဆင်းလာလိုက်သည်။

အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)Where stories live. Discover now