part 7

51 10 0
                                    

      ခံစားချက်လှိုင်းလုံးတွေ မြင့်တက်နေချိန်က ကိစ္စမရှိပေမယ့် ပြန်တည်ငြိမ်သွားပြီးနောက်မှာတော့ Miu သည် သူမ၏ဘော့စ်ကို ဖက်ကာ ငိုခဲ့သည့်ကိစ္စက အလွန်မျက်နှာပူစရာကောင်းသဖြင့် တစ်လမ်းလုံး ကားပြတင်းအပြင်ဘက်ကို ငေးကာ Airi ကို မကြည့်ရဲခဲ့ပေ။

      Airi က အတော်လေး စဉ်းစားပေးတတ်သူဖြစ်သည်။ အခုလို နှလုံးသားနုနယ်နေသည့်အချိန်မျိုးတွင် အလွယ်တကူ သူ့ဘက်ပါအောင် သိမ်းသွင်းလို့ရလင့်ကစား Miu ကို ရွေးချယ်ခွင့်ပေးခဲ့သည်။

     "ဘယ်ကို ပြန်ချင်လဲ။" ပထမဆုံး အလုပ်တက်သည့်ရက်မှာပင် အလုပ်စောဆင်းရုံသာမက ဘော့စ်ကတောင် သူမကို ကားကြုံလိုက်စီးဖို့ ပြောနေသေးသည်။ Miu သည် သူမ ဒီကုမ္ပဏီအပေါ် အရမ်း အခွင့်ကောင်းယူနေမိသလို ခံစားရသည်။

      TB ၏မြေအောက်ထပ်သို့ သူတို့ပြန်ရောက်လာချိန်တွင် တစ်ရက်တာကာလတောင် မကုန်ဆုံးသေးပါ။ တကယ်တမ်း သူတို့ horror ဝတ္ထုထဲမှာ ခြောက်ရက်လောက် အချိန်ဖြုန်းခဲ့ကြပေမယ့် လက်တွေ့မှာတော့ သူတို့ပျောက်သွားသည်မှာ နေ့တစ်ဝက်ကျော်သာ ရှိသေးသည်။ အချိန်စီးဆင်းပုံ မတူခြင်းကြောင့်ဖြစ်လိမ့်မည်။

      အာကာသနှင့် အချိန်ကူးပြောင်းခြင်းအကြောင်းကို Miu သည် စိတ်ကူးယဉ်ဝတ္ထုတွေထဲမှ တစ်ဆင့် အများကြီး ရင်းနှီးပြီးသားဖြစ်သည်။ သို့ပေမယ့်လည်း သူမက လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဒီနေရာကနေ အခြားကမ္ဘာကို ကူးပြောင်းသွားပြီး သူမကိုယ်သူမ မေ့နေခဲ့ကာ တစ်ဖက်ကမ္ဘာတွင် ဘဝအသစ်ဖြင့် ကောင်းကောင်းရှင်သန်နေခဲ့ပြီး အခုမှတစ်ဖန် ဒီကိုပြန်ရောက်လာကြောင်း ယုံကြည်ဖို့က အနည်းငယ် ခက်နေသေးသည်။ အချိုးအကွေ့တွေကများလွန်းလို့ Miu သည် ခေါင်းပင်မူးလာရသည်။

     ဒီလိုအချိန်မျိုးတွင် Airi က အတိတ်ကအကြောင်း‌တွေနှင့် အမှတ်တရအဖြစ်အပျက်အချို့ကို ပြောပြရင်း သူမ မှတ်မိလာဖို့ ကြိုးစားချင်နေပုံရသည်။ Miu ကတော့ Nicky ကို သူ့မ၏ဝတ္ထုအသစ်အား ကူးပြောင်းပြီးနောက် ငါကိုယ်ငါ ဇာတ်လိုက်မရဲ့ လွန်ခဲ့တဲ့ငါးနှစ်ကပျောက်ဆုံးသွားတဲ့ အချစ်ကလေးဖြစ်နေတယ်လို့ အမည်ပေးခိုင်းရမည်ဟု တွေးနေသည်။ ရုတ်တရက် Miu သည် Nicky အကြောင်း တွေးမိတော့ ကြက်သီးတွေထလာရသည်။ သူမရဲ့သူငယ်ချင်းကောင်းက သာမာန်လူရော ဟုတ်နိုင်ပါသေးရဲ့လား။

Transmigrator is a little confused now Where stories live. Discover now