part 13

23 5 0
                                    

      "အဲ့လောက်တောင် ဝမ်းနည်းရလား။"

       Miu ကခေါင်းညိတ်လိုက်သဖြင့် မျက်ခမ်းစပ်မှ မျက်ရည်ဥတွေသည် လေထဲသို့ လွင့်စင်သွားကြ၏။ Miu နာကျင်ဝမ်းနည်းရသည့်အခါ သူမလည်း ထပ်တူဝမ်းနည်းရသည်။ ထိုဝမ်းနည်းစာနာမှုက အခြားသူတစ်ယောက်အတွက် ဖြစ်နေပြန်လျှင် Airi သည် စိတ်မကောင်းဖြစ်ရရုံမက စိတ်အချဉ်ပေါက်သလိုပင် ခံစားရကာ ရင်ဘတ်ထဲမှ တင်းကြပ်လာတော့သည်။ အခုလည်း သူမ၏စိတ်အခြေအနေက Miu ထက်ပင် ဆိုးဝါးနေသေးသည်။

       Miu သည် သံသယဝင်စရာမလိုအောင် ဘုရားသခင်၏အချစ်ခံကလေးငယ်ဖြစ်သည်။ မျက်နှာအစိတ်အပိုင်းတိုင်းတွင် သူမ၏သွက်လက်ပြီး ထက်မြက်သည့်ပုံရိပ်လေး ထင်ဟပ်နေသည်။ မျက်ရည်စအကြွင်းအကျန်များကို ညင်ညင်သာသာ သုတ်ပေးလိုက်ပြီးနောက် Airi သည် Miu အား တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်သည်မှာ ‌ငှက်‌မွေးလေး လေနှင့်အတူ ထပ်ပြီးလွင့်ပါသွားမည်ကို ကြောက်နေသည့်အလားပင်။

      "ငိုလို့ဝပြီလား။" Miu သည် အခုချိန်အထိ မှုန်ဝါးဝါးအမြင်အာရုံထဲတွင် တဝဲလည်လည်ဖြစ်လို့နေဆဲပင်။ လက်ရှိ သူမမြင်နေရသည့် အရောင်မှာ ခုနကလို ပိန်းပိန်း‌မှောင်နေသည့်အနက်ရောင်မဟုတ်ဘဲ အလင်းနောက်ခံဖြင့် အနက်ရောင်မှုန်ဝါးဝါးဖြစ်သည်။ Airi ဆီမှ အသံကြားရတိုင်း သူမ၏အာရုံထဲမှ အရောင်သည်လည်း ပြောင်းလဲသွားတတ်လေရာ Miu သည် Airi က ဘာလို့ အဖြူရောင်အမြဲဝတ်သလဲ နားလည်သလို ရှိလာတော့သည်။ သူမ၏စိတ်နှင့်ခန္ဓာအတွင်းမှ အစစ်အမှန်အရောင်ဖြစ်သည့် အနက်ရောင်ကို တွန်းလှန်နေခြင်း ဒါမှမဟုတ် ဖုံးကွယ်ထားလိုခြင်း ဖြစ်လိမ့်မည်။ သို့သော် အခုလို အခြေအနေမျိုးတွင်တောင်မှ Miu သည် Airi က သူမ၏စိတ်ခံစားချက်တွေအပေါ် လွှမ်းမိုးနိုင်မှန်း သတိပြုမိသည်။ ရုတ်ခြည်းပင် ဝမ်းနည်းမပျော်ရွှင်သည့်စိတ်ကို ထိန်းချုပ်လိုက်မိသည်မှာ Airi ပြောသမျှ နာခံတတ်သည့် စက်ရုပ်နှင့်ပင် တူနေသေးသည်။

    "အင်း။" Miu ဆီမှ ပြန်ဖြေသံကြားရမှသာ Airi လည်း စိတ်အေးရသည်။ ဒီလိုအခြေအနေမျိုးက သူတို့နှစ်ယောက်လုံးအတွက် ပထမဆုံးဖြစ်သည်။ အကဲဖြတ်သူတစ်ယောက်ကို ဘယ်လိုထိန်းချုပ်ရမလဲ သူ ကောင်းကောင်း နားမလည်ပါ။

Transmigrator is a little confused now Where stories live. Discover now