part 5

42 10 0
                                    

    "အခန်း 7 မှာ ဘာရှိလို့လဲ။"

    ရုတ်တရက်မို့ Miu ဟာ အသိစိတ် ယိုင်နဲ့သွားပြီး ပြန်ဖြေမိလုနီးပါးပင်။ ကံကောင်းစွာဖြင့် ပါးစပ်မချော်ခင် ထိန်းလိုက်နိုင်၏။ ထိုသို့အလစ်တိုက်ခိုက်ခံရခြင်းက Miu ကို သတိအနေအထားဖြစ်သွားစေသည်။

     နောက်လှည့်ကြည့်လိုက်ချိန်တွင် Mr Smith က သူမကိုပင် ဂရုမစိုက်အားဘဲ နံရံပေါ်ရှိပန်းချီကားချပ်တို့ကိုသာ အာရုံစူးစိုက်လေ့လာနေသည်ကို တွေ့လိုက်ရ၏။ Miu ၏ခြေသံ‌က ရပ်တန့်သွားမှသာ Mr Smith သည် သူ့၏စူးစမ်းခြင်းမှ ရုန်းထွက်လို့သွားပြီး အခြေအနေကို မေးမြန်းလာသည်။ ခုနက အခန်းခုနစ်အကြောင်း လျှပ်တပြက်အမေးဟာ Mr Smith ထံမှ ဟုတ်ပုံမရပါ။

    "ဘာဖြစ်လို့လဲ တစ်ခုခုတွေ့လိုက်လို့လား။"

    တစ္ဆေ၏တီးတိုးသံက တကယ့်ကို အနှောင့်အယှက်ပင်။ အကယ်၍ သူမသာ အဖြေမှန်ကို ပြောထွက်သွားလျှင် ဒီနေရာတွင် ထာဝရပိတ်မိသွားလိမ့်မည်ဖြစ်သည်။ အချို့သောအရာတွေက သူမကို ဒီနေရာမှ ထွက်မသွားနိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ကာဆီးထားဖို့ ကြိုးစားကြလိမ့်မည်။ အခုလိုမျိုး ကိုယ့်ဘက်တော်သားအယောင်ဆောင်ကာ အစ်အောက်မေးမြန်းခြင်းကလည်း ချိန်းခြောက်မှုတွေထဲမှ တစ်ခုအပါအဝင်ပင် ဖြစ်သည်။

    အခန်း 7 ထဲမှာ ဘာရှိသလဲဆိုသည့် အဖြေကို မေ့သွားစေရန် Miu သည် ကိုယ့်စိတ်ကိုယ်လှည့်စားလိုက်သည်။ မတော်တဆဆိုတာမရှိပေ။ ဖော်ထုတ်ခံရလိုက်ပြီဆိုသည်နှင့် အရာအားလုံးကို ဆုံးရှုံးသွားမည်ဖြစ်သည်။

    နေမဝင်ခင် အခန်း 7 မှလွဲ၍ ကျန်အခန်းများကို စစ်ကြည့်ချင်သည့် ကိစ္စမှာ မလွယ်ခဲ့ပေ။ အကြောင်းမှာ Mr Smith က မကြာခဏ ထိခိုက်ဒဏ်ရာရနေသောကြောင့် ဖြစ်သည်။ Miu လည်း ထိုအတွက် စိတ်မကောင်းဖြစ်ရသော်ငြား သူမ တတ်နိုင်တာ အခြားမရှိပါ။ အရေးပေါ်အခြေအနေများတွင် အတတ်နိုင်ဆုံး စိတ်အေးအေးထားဖို့ လိုအပ်သည်။

    ပန်းချီကားကို သွားထိခဲ့မိသည့် Mr Smith  ၏ ညာဘက်လက်သည် တစ်ချောင်းလုံး အကောင်းတိုင်းမရှိတော့ပေ။ လက်မောင်းရိုးသာမက လက်မဘက်ခြမ်းမှအရိုးပါ ကျိုးသွားပုံရသည်။ ဒီမှာ ဆေးပစ္စည်းတွေမရှိပေမယ့် ဝမ်းသာစရာက ထိုဒဏ်ရာတွေက ပုံရိပ်ယောင်ဖြစ်နေခြင်းပင်။

Transmigrator is a little confused now Where stories live. Discover now