part 4

76 14 0
                                    

       ဘယ်နေရာမှန်း မသိသည့်နေရာတွင် နိုးထလာသော်လည်း Miu သည် အလျင်စလိုမလှုပ်ရှားဘဲ အိပ်ရာထက်တွင် လဲလျောင်းလျက်သားဖြင့် အသက်ရှူလေ့ကျင့်ခန်းလုပ်နေသည်။ စိတ်တည်ငြိမ်စေရန်ဖြစ်သည်။ အတန်ကြာမှ တိတ်ဆိတ်နေသည့် ‌ရဲတိုက်တစ်ခုလုံးသည် ခြေသံကျယ်ကျယ်ကြောင့် သက်ဝင်လှုပ်ရှားလာတော့သည်။ Miu သည် သူမ၏ အာရုံကြောတွေ တဒုတ်ဒုတ်ခုန်လှုပ်နေသည်ကို အတိုင်းသား ခန့်မှန်းမိနေသည်။ သတိမေ့မသွားခင်က တစ်ကိုယ်လုံး တုန်ခါလွင့်မျောနေသည့်ခံစားချက်ကို အမှတ်ရနေဆဲဖြစ်သည်။

      ယခုကဲ့သို့သောအချိန်မျိုးတွင် Miu သည် မျက်စိဖွင့်ကာ အတည်ပြုကြည့်ဖို့ ငြင်းဆန်သည်။ မမြင်သရွေ့ ကြောက်စရာကောင်းမှန်း သိမည်မဟုတ်ပါ။ သဘာဝလွန်အကြောင်းအရာများနှင့် ပတ်သတ်လျှင် Miu သည် အလွန်ကြောက်လန့်ကာ ဝေးဝေးကို ထွက်ပြေးချင်သည်။ ထို့ကြောင့် အလုပ်ဝင်ခါစအချိန်တုန်းကဆို night shift တွေက သူမကို အသက်တစ်ဝက်လောက် တိုသွားစေခဲ့သည်။ အတွေးလွန်ပြီး ကိုယ့်စိတ်က ကိုယ့်ကို တစ်ဖန် ပြန်ခြောက်လှန့်နေတာက အဆိုးဝါးဆုံးဖြစ်သည်။

      ကော်ရစ်တာရှိ လူက သူမ၏ အခန်းတံခါးရှေ့တွင် ရပ်နေပုံပေါ်သည်။ ခုနက ခြေသံက သူမ ရှိသည့် အခန်းရှေ့အရောက်တွင် ရပ်တန့်သွားပြီး ဒီလောက်ကြာနေတာတောင်မှ လှည့်ပြန်သွားသည့် ခြေသံကိုလည်း မကြားရပေ။ ဖွင့်ဝင်သင့် မဝင်သင့် စဉ်းစားနေတာပဲလား။ Miu ထွက်လာအောင် တမင် မျှားထုတ်ချင်နေသောကြောင့်လား မသိပါ။

     ကူးပြောင်းလာပြီး သုံးရက်မြောက်နေ့ဖြစ်သည်။ Miu သည် သူမ ကူးပြောင်းလာတာ ဝိညာဉ်ဆိုးတွေ ပြည့်နေသည့် ညမဖတ်ရဝတ္ထုမျိုး မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးကာ ကြောက်စိတ်ကို ဖြေဖျောက်ရန် ကြိုးစားနေသည်။ လူတိုင်းက သူတို့၏ ကိုယ်ပိုင်ဇာတ်လမ်းကို ကပြနေကြပြီး သူမကလည်း သာမာန်လူ၊ သာမာန်ဝန်ထမ်းတစ်ဦးသာဖြစ်သည်။ ထို့ပြင် ဒီအခန်းခုနစ်အကြောင်းကိုလည်း တစ်ပုဒ်လုံး အကုန်သိထားပြီးသား ဖြစ်နေတာကြောင့် သူမသာ ဉာဏ်သုံးကာ လှည့်ထွက်တတ်လျှင် horror ဝတ္ထုကလည်း escape room သဘောမျိုး သက်ရောက်သွားလိမ့်မည်ဖြစ်သည်။

Transmigrator is a little confused now Where stories live. Discover now