ပြင်းရှရှအနမ်း ( or ) ဦးချစ်ရသော
အပိုင်း - ၉
မွေးနေ့ပွဲအပြီး နောက်တစ်နေ့မနက်.....
မေ ဦးစည်းကို ကားနားလိုက်ပို့ကာ...."ခလေး ...."
"ရှင်....နေ့လည်ကျ လာကြိုရမယ်နော်"
"နေပါစေ ဦးရယ် မေ နောက်တစ်ခေါက်မှ လိုက်မယ်
ညနေကျ စောစောပြန်ခဲ့နော်် မေ ဟင်းချက်ထားပေးမယ်""ဟုတ်ပါပြီဗျ"
စည်းလည်း သူမလေးနဲ့မှ အစစအရာရာပြောင်းလဲလာရသည်။
သူမရှိရင်မနေတတ်တော့ သလိုပင်....
စိတ်ထဲမှာတော့ ပိုတိုးလို့ချစ်မိနေပြီ ခလေး.....
မေ ဦးကားထွက်သွားတဲ့နောက်ကိုကြည့်ရင်း ပန်းခြံထဲသွားကာ ပန်းပင်လေးတွေ ရေဖျန်းနေခိုက်....."မေ....မေ...."
"ဟင် ...ဘယ်သူလည်း.."
မေ တံခါးနားသွားကြည့်တော့ လက်တစ်ဖက်ကိုဆွဲလိုက်ပြီး
Maskအမဲရောင်နဲ့ဦးထုပ်အမဲဆောင်းထားတဲ့လူက
မေ ပါးစပ်ကိုလက်နဲ့အုပ်ထားတော့ မေကြောက်ကြောက်နဲ့
ရုန်းကန်နေဆဲ....."အု....အု...."
"မေ ....မေ ...မောင်ပါ"
မောင် ဦးထုပ်နဲ့Mask အမဲကိုချွတ်ကာ မေကိုလွတ်လိုက်တော့.....
"ဟင်....မောင်!!!!
မေ ရင်ခုန်သံတေွက ကြောက်အားနှင့်ခုန်နေဆဲ.....
မေ လက်တွေမောင်ပါးကိုထိကာ မယုံကြည်နိုင်သေး....
မောင် မေကိုယ်လေးကိုဆွဲဖက်လိုက်တော့ မေ ကိုယ်လေး
တောင့်တောင့်လေးရပ်နေဆဲ....."မောင်.....နင်မသေဘူးနော် ငါဝမ်းသာလိုက်တာ"
"မောင်အရမ်းလွမ်းနေတာ မေရော မောင့်ကိုသတိရသေးရဲ့လား"
"သတိရပါတယ် လူမြင်ကွင်းကြီး ဖယ်နော်မောင်"
"အင်း ငါအရမ်းဝမ်းသာလို့ပါ"
"မောင် နင်ခုဘယ်မှာနေတာလဲ"
မေ မေးနေတုန်း အိမ်ထဲက မိစုကအော်သံကြားတော့
မေ အထဲဝင်ရန်ပြင်လိုက်စဉ်....."မေ ငါတို့ တွေ့နေကျနေရာမှာတွေ့ရအောင် မနက်ဖြန်
၁၀ နာရီ ငါစောင့်နေမယ်နော်"
YOU ARE READING
ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော
Любовные романыအချစ်ကြမ်းတဲ့လူကြီး "မဟာစည်း" ကောင်မလေးကို ချစ်လွန်းလို့ အတင်းလက်ထပ်ယူခဲ့တဲ့ အချစ်ကြမ်းသူကြီး အငြိုးကြီးကြီး ကောင်မလေး "မေလဝန်း" ချစ်သူရဲ့ သေဆုံးမူအတွက် အငြိုးအတေးတွေကြားက အချစ်ကြမ်းကြမ်း အနမ်းကြမ်းကြမ်း ဝတ္တုလေး...