ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော
အပိုင်း - ၁၃
"မမလေး ဆေးရုံဆင်းရအောင်"
"အင်း"
မေဟိုကြည့်ဒီကြည့်ကြည့်နေသည်ကို စုစုသဘောပေါက်သည်။
ဆရာက လာမည်မဟုတ်....."မမလေး ဘယ်သူရှာကြည့်နေတာလဲ"
"ဘယ်သူမှမဟုတ်ပါဘူး ဒီတိုင်းကြည့်တာပါ "
မေ ဆေးရုံကဆင်းသည်နှင့် ကားလေးနားရောက်တော့
ရာဇာက အလိုက်သင့်ကားဖွင့်ပေးကာ သက္ကက ကားမောင်းရန်အသင့်ပင်....ထိုအမျိုးသားကိုတော့ မေမတွေ့....."ဒီနေ့ရုံးမသွားကြဘူးလား"
"မသွားဘူးမမလေး...မမလေးကိုလိုက်ပို့ဖို့....ဆ...."
ရာဇာ ဆရာဟုထွက်မည်တွင် သက္ကက စကားဝင်ဖြတ်ပြောလိုက်သည်။
"မမလေးအိမ်ကိုလိုက်ပို့ဖို့ ကျန်ခဲ့တာပါ"
"အဲ့လောက်လည်းမလိုပါဘူး ဦးမောင်ကိုခေါ်လိုက်ရနေတာဘဲ....လုပ်စရာရှိတာလုပ်နေခဲ့ မိစု ဦးမောင်ကိုဖုန်းဆက်ပြီး
လာကြိုဖို့ပြောလိုက်""မမလေး ဟိုလေ ကျွန်တော်တို့က ဘာလုပ်စရာမှမရှိဘူး
ပြန်မလွှတ်ပါနဲ့ မမလေးရယ် အထောင်းခံရမှာ...""ဟုတ်ပါတယ်မမလေးရယ် ပြန်မလွှတ်ပါနဲ့..."
မေ မျက်စောင်းလေးချည်ကာ ....ရာဇာနဲ့သက္က မျက်နှာငယ်လေးနဲ့ ပြောနေသည်ကို မေသက်ပျင်းလေးချကာ ကားထဲဝင်ထိုင်လိုက်သည်။
"မမလေး သူတို့ကိုဘဲ မောင်းခိုင်းလိုက်တော့မယ်နော်"
"အင်းအင်း"
ရာဇာနဲ့သက္က ၂ယောက်သား မျက်နှာက အပြုံးတွေနှင့် ကားထဲဝင်ထိုင်ကာ ကားလေးကိုတအိအိနှင့်မောင်းထွက်လာခဲ့သည်။
မေ နောက်ကလိုက်လာတဲ့ ကားအနက်ရောင်လေးကိုတော့သတိပေ။
စည်း နောက်ကနေထပ်ကြပ်မကွာ ကားလေးနဲ့လိုက်လာခဲ့သည်။"ကားကိုမြန်မြန်မောင်းလို့မရဘူးလား"
"မရဘူးမမလေး"
"ဘာလို့မရတာလည်း ဒီလိုမောင်းနေရင် ဘယ်အချိန်အိမ်ပြန်ရောက်မှာလည်း"
YOU ARE READING
ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော
Любовные романыအချစ်ကြမ်းတဲ့လူကြီး "မဟာစည်း" ကောင်မလေးကို ချစ်လွန်းလို့ အတင်းလက်ထပ်ယူခဲ့တဲ့ အချစ်ကြမ်းသူကြီး အငြိုးကြီးကြီး ကောင်မလေး "မေလဝန်း" ချစ်သူရဲ့ သေဆုံးမူအတွက် အငြိုးအတေးတွေကြားက အချစ်ကြမ်းကြမ်း အနမ်းကြမ်းကြမ်း ဝတ္တုလေး...