four

351 58 5
                                    

ကီးဘုတ်ပေါ်ပြေးလွှားနေတဲ့ဆောင်းဟွန်းရဲ့လက်တွေဟာ laptop screen ကိုလာကွယ်တဲ့ခေါင်းလုံးလုံးကြောင့်ရပ်တန့်လို့သွားရသည်။ တရားခံကတော့သတိမထားမိသေးစွာ screen ထဲကိုဝင်သွားမတတ်ဆက်တိုးလို့။

ဘာဆက်လုပ်မလဲဆိုပြီးဘာမှမပြောပဲဆောင်းဟွန်းလည်းငြိမ်နေမိလျက်။

" ဟင် "

ဘာစကားသံမှလည်းမကြားရသလို လှုပ်ရှားမှုလည်းမရှိတော့သည့်ဆောင်းဟွန်းကို ခဏအကြာမှာသတိထားမိသွားဟန်ဖြင့် အာမေဋိတ်သံတစ်ခုနဲ့လှည့်ကြည့်လာတဲ့ကြောင်မျက်ဝန်းတို့ပိုင်ရှင်။

" ဘာလုပ်နေတာလဲ ဆက်ရေးလေ "

" မမြင်ရမှတော့ဘယ်လိုဆက်ရေးရမှာလဲ "

laptop ကို‌မေးငေါ့ပြရင်း‌သူပြောမိကာမှ သဘောပေါက်သွားသလို ဟီးခနဲသွားပေါ်အောင်ပြုံးပြလာကာ နောက်သို့တဖြည်းဖြည်းဆုတ်ခွာသွားလေသည်။

" ရေး ဆက်ရေးပါ။ ဒီကနေပဲကြည့်နေမယ် "

လက်တွေကိုတော့ကီးဘုတ်ပေါ်ပြန်တင်လိုက်ပေမဲ့ သူစပြီးမရေးဖြစ်သေးပါပေ။ ဘေးနားကနေတစ်ချိန်လုံးလုပ်သမျှကိုထိုင်ကြည့်နေတဲ့သူရှိမှတော့ ဆောင်းဟွန်းအနေနဲ့ဘယ်လိုများအာရုံစိုက်နိုင်ဦးမှာလဲ။

သက်ပြင်းတစ်ချက်ကိုချကာဖြင့် laptop အားပိတ်လိုက်သည့်အခါ ‌ခပ်ကုပ်ကုပ်လေးထိုင်နေတဲ့ယန်းဂျောင်ဝန်းကနားမလည်သလိုကြည့်လာတယ်။

" အာ ကျွန်တော့်ကြောင့်လား "

ပြီးမှ ဆောင်းဟွန်းအကြည့်တို့ကိုနားလည်သွားကာသူ့ကိုယ်သူလက်ညိုးထိုးပြရင်းမေးတယ်။

" မင်းစာအုပ်တွေဖတ်လား ယန်းဂျောင်ဝန်း "

သူ့အားအမေးထုတ်သူကို သူကပြန်ပြီးအမေးထုတ်လိုက်တော့ စဉ်းစားဟန်ပြုသွားသည့်ယန်းဂျောင်ဝန်းရဲ့ပုံစံ။ နောက်တော့ဆောင်းဟွန်းထင်နေခဲ့တဲ့အဖြေကိုပဲပေးလာခဲ့တယ်။

" ဟင့်အင်း "

" အဲ့တာနဲ့များ ဘာလို့အတင်းလိုက်ဖတ်နေရတာလဲ "

ဆောင်းဟွန်းတစ်ယောက်အိမ်ထဲမှာပဲအောင်းပြီးစာရေးရတာများလာလို့ စိတ်ကူးအသစ်လေးတွေပေါ်လာအောင်ခြံထဲထွက်ထိုင်ပြီးရေးဖြစ်တုန်းကို ယန်းဂျောင်ဝန်းကဘယ်ကနေဘယ်လိုရောက်လာမှန်းမသိပဲလာထိုင်ပြီးကြည့်နေခဲ့တာဖြစ်သည်။

𝑩𝒍𝒂𝒄𝒌 𝒂𝒏𝒅 𝑾𝒉𝒊𝒕𝒆 Where stories live. Discover now