part 1 (Unicode & Zawgyi )

355 22 3
                                    

" အား!!!! "

အလန့်တကြားအိမ်မက်ကနိုးထလာခဲ့သည်။ ပြတင်းပေါက်ဆီမှ နေအလင်းရောင်သည် အခန်းငယ်အတွင်းသို့ အနည်းငယ် ရှူးရှစွာ ဝင်ရောက်နေသည်။

" သားကြီးရေထတော့လေ ၇နာရီခွဲနေပြီ ကျောင်းနောက်ကြမယ်နော် "

မီးဖိုချောင်မှ မေမေ့၏နှိုးသံကြောင့် နိုးနေပြီဖြစ်ကြောင်း စကားပြန်မိသည်။ ဒီနေ့ ကျောင်းဖွင့်ရက်ပင်။ ထို့ကြောင့် ကျောင်းနောက်မကျစေရန် အိပ်ယာများအား အလျှင်အမြန်သိမ်းလိုက်သည်။

ကျွန်တော့်အခန်းနှင့်မျက်နှာချင်းဆိုင်အခန်းတွင်လဲ နေ့စဥ်လုပ်နေကြအတိုင်း အိပ်ရာသိမ်းလိုက်သည်။

" မေမေရေအိပ်ယာတွေ သိမ်းပြီးပြီ ညီမလေးကိုရေချိုးပေးပြီးပြီလား သားသနပ်ခါးသွေးထားလိုက်မယ် "

" အေးအေး သွေးထားလိုက်အုန်းသားရေ အမေမင်းညီမလေးကို ရေချိုးပေးနေတယ် "

မေမေ၏ ပြန်ဖြေသံကြားပြီးနောက် သနပ်ခါးအမြန်သွေးခဲ့ကာ မြောက်ဘက်အိမ်သို့ ခြေလှမ်းများဦးတည်လိုက်တော့သည်။ ကျွန်တော့်၏ နေ့စဥ်အလုပ်များတွင် မင်းနန္ဒ ဆိုတဲ့တစ်ဝမ်းကွဲညီလေးအား သွားနှိုးရခြင်းပင်။

ညီဟုသာပြောရသည် သူနဲ့ကျွန်တော်က ၆လဘဲကွာသည်။ မင်းနန္ဒ၏မိခင် ဒေါ်ခိုင်လေး နှင့် ကျွန်တော့်မိခင် ဒေါ်ခင်လေး တို့သည် ညီအမများဖြစ်ကြသည်။

" အန်တီခိုင် နန္ဒ နိုးနေပြီလား "

မီးဖိုတွင်ဟင်းချက်နေဟန်ရှိသော အန်တီခိုင်လေးသည် ကျွန်တော့်အမေးကြောင့် သတိရသွားသည်ထင်။

" ဟုတ်သားဘဲသားရယ် အခုထိမင်းညီမနိုးသေးဘူး အန်တီလဲမေ့နေတာ အိမ်ပေါ်သွားနှိုးလိုက်ပါအုန်းသားရယ် "

အန်တီခိုင်လေး၏အပြောကို " ဟုတ် " ဟုသာဖြေခဲ့၍ အပေါ်ထက်သို့တက်ခဲ့လိုက်သည်။ နှစ်ထက်အိမ်အမြင့်လေးဖြစ်၍ အပေါ်ထက်တွင် အိပ်ခန်းတစ်ခန်းနှင့် ဘုရားခန်းသာရှိသည်။ အောက်ထက်တွက်အိပ်ခန်းနှင့် မီးဖိုချောင်ရှိသည်။

အခန်းတံခါးမရှိ အခန်းစီးလိုက်ကာလေးသာရှိသော ထိုအခန်းလေးထဲသို့ဝင်ခဲ့လိုက်သည်။ အခုချိန်ထိ အိပ်မောကျနေသော ထိုကောင်လေးကို ကျွန်တော်ဘယ်လို နှိုးရမည်နည်း။

မောင် ( သို့မဟုတ် ) နွံတစ်ခုWhere stories live. Discover now