part 3 (Unicode & Zawgyi )

149 17 1
                                    

လွန်ခဲ့သော ၁၁ နှစ်ခန့်က,

မှောင်မိုက်သောညအချိန်တွင် သေးသွယ်သောလမ်းလေးသည် တစ်လမ်းလုံးရှိအိမ်များမှ မီးအလင်းရောင်အား အားကိုးယူ၍ တောက်ပနေရှာသည်။

ထိုသို့ငြိမ်သက်နေသော ညပတ်ဝန်းကျင်အား လှုတ်နှိုးလိုက်သည်မှာ ဦးထွဋ်ကိုနှင့် ဒေါ်ခင်လေးတို့၏ အိမ်မှဖြစ်သည်။

" အာ...အာ...."

" ခင်လေး ဗိုက်နာလို့လား "

" အာ...မမခိုင် ဗိုက်နာတယ် ဗိုက်နာတယ် "

ညီမဖြစ်သူ မွေးခါနီးဖွားခါနီး ဗိုက်နာနေသည်ကြောင့် ဒေါ်ခိုင်လေးတစ်ယောက် ပြာပြာသလဲဖြစ်သွားခဲ့သည်။

" ကိုကျော်လွင်ရေ ဒီမှာ ခင်လေးဗိုက်နာနေပြီ ဆရာဝန်သွားခေါ်လိုက်အုန်းမြန်မြန် မွေးတော့မယ်ထင်တယ်တော်ရေ "

ဒေါ်ခိုင်လေးကိုယ်တိုင်သည်လည်း ကိုယ်ဝန်၆လရှိနေပြီမဟုတ်လား။ မပေါ့မပါးနှင့် ဆရာဝန်သွားပင့်၍မရနိုင် ။

ဒေါ်ခင်လေး၏ ယောက်ျားဖြစ်သူ ဦးထွဋ်ကိုသည် အလုပ်မှပြန်မလာသေးသောကြောင့် ယောက်ျားသားဖြစ်သည့် ကိုကျော်လွင်ကိုသာ ဆရာဝန်သွားပင့်ခိုင်းရသည်။

.................

" ဆရာ၁၀နာရီကျော်နေပြီ ကျွန်တော်ပြန်တော့မယ်ဗျာ အိမ်ကမိန်းမကလဲ ကိုယ်ဝန်လစေ့နေပြီမို့ "

" အေးအေး ဆရာလုပ်အားခရှင်းပေးလိုက်မယ် "

ဦးထွဋ်ကိုတစ်ယောက် ဒေါ်ခင်လေးကိုယ်ဝန်ရှိသည်ဆိုတာ သိရတဲ့နေ့ကစ၍ အလုပ်အားကြိုးကြိုးစားစားလုပ်နေခဲ့သည်။ သားဦးလေးမွေးမည်လား သမီးဦးလေးမွေးမည်လားမသိသော်လည်း ဖခင်တစ်ယောက်ဖြစ်၍ ပထမဆုံးရင်သွေးလေးရမည်ဆိုသည့် အသိနှင့်ပင် အလွန်ပျော်ရွှင်နေခဲ့သည်။

သစ်စက်လုပ်ငန်းမှာ အလွန်ပင်ပန်းသော်လည်း ရလာသည့်လက်ထဲမှ ပိုက်ဆံများအားကြည့်၍ ဦးထွဋ်ကိုမျက်နှာတွင် အလှဆုံးအပြုံးများ ထင်ပေါ်နေခဲ့သည်။

သံချေးတက်နေသော စက်ဘီးလေးအားနင်း၍ အလုပ်မှပြန်လာခဲ့သည်။ အတွေးများထဲတွင် သူ၏မိန်းမနှင့် ရင်သွေးလေးအားမြင်ယောင်ရင်း စက်ဘီးအားခပ်သွက်သွက်လေးနင်းလိုက်သည်။

မောင် ( သို့မဟုတ် ) နွံတစ်ခုWhere stories live. Discover now