part 5 (Unicode & Zawgyi )

121 13 0
                                    

တနင်္လာနေ့ ကျောင်းဖွင့်ရက်ဖြစ်သောကြောင့် နံနက်စောစောထပြီး လုပ်နေကြဝေယာဝစ္စများအားလုပ်ကိုင်လိုက်သည်။ အလုပ်များလုပ်ပြီးချိန် ထုံးစံအတိုင်း မင်းနန္ဒအားနှိုးရန် တစ်ဖက်ခြံရှိအိမ်အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။

အခန်းစီးလိုက်ကာလေးကို ဖယ်ပြီးအိပ်နေသောသူအနားသို့ သွားထိုင်လိုက်သည်။ မနေ့ညက ကြက်ပူထိုးပေးထားလို့တော်သေးသည် ဦးကျော်လွင်ထိုးလိုက်သည်မှာ အနည်းငယ်ရောင်နေသေးသည်။

ကျွန်တော်ရောက်နေသည်မှာ အချိန်အနည်းငယ်ကြာမြင့်နေလေပြီ ယခုထိသူမထသေး။ ပုံမှန်ရက်များဆို ဒီအချိန်သူထသင့်နေပြီ။ ကျွန်တော်ကနှိုးဖို့လာသည်ဖြစ်သော်လည်း ယခုအချိန်ထိကျွန်တော်သူ့ကိုနှိုးရသည်မှာရှားသည်။ သူ့ဟာသူသာနိုးလာတတ်သည်။

ယနေ့တော့ကျွန်တော်နှိုးမှရတော့မည်ပင်။
ထို့ကြောင့် လက်သည်းအနည်းငယ်ရှည်နေသော လက်ကလေးအား ကိုင်လှုတ်နှိုးရန် ကိုင်လိုက်သည်။

ပူကျစ်နေသောလက်များ သို့သော်လည်း တိကျချင်၍ နှာဖူးပေါ်သို့စမ်းကြည့်လိုက်သည်။ ကျွန်တော်ထင်တာမမှားနိုင် မင်းနန္ဒတစ်ယောက်ဖျားနေလေပြီ။

" ဟဲ့ ဟိုကောင်လေးပြန်မလာသေးဘူးလား
လင်းလတ်ရောင်ရေ ကျောင်းသွားရမာလေ မင်းညီကိုနှိုးပြီးရင်လဲ လာခဲ့အုန်း "

အိမ်ဘက်မှ ကျွန်တော့်ကိုခေါ်နေသော မေ့မေ့အသံကြားခါမှ ကျွန်တော်ပျာပျာသလဲ အိမ်ဘက်သို့ပြေးရသည်။

" မေမေ မင်းနန္ဒဖျားနေပြီ သားဒီနေ့ကျောင်းမသွားတော့ဘူး "

" ဟဲ့အော် မင်းညီဖျားတာနဲ့ မင်းကျောင်းမသွားတာ ဘာဆိုင်လို့တုန်း မင်းမသွားရင် ညီမလေးလဲကျောင်းပျက်ရမှာပေါ့ စာမေးပွဲနီးနေပြီမဟုတ်လား "

" မေကလဲအန်တီခိုင်လေးက စျေးရောင်းသွားမာလေ မင်းနန္ဒကိုဘယ်သူကစောင့်ကြည့်ပေးမာလဲ ကျောင်းတစ်ရက်ပျက်ရမဲ့ဟာ နှစ်ရက် သုံးရက်ပျက်နေရမာဆိုးလို့ပါ "

" တော်တော်ကို ညီကိုချစ်နေတယ်ဟုတ်လား ဒီတစ်ရက်ဘဲနော် နောက်ရက်မပျက်ရဘူး "

မောင် ( သို့မဟုတ် ) နွံတစ်ခုWhere stories live. Discover now