Part 12 (Unicode & Zawgyi )

125 8 0
                                    

ကျွန်တော်တို့နှစ်ယောက်မြစ်ထဲတွင်ရေချိုးပြီးချိန်၌ ညရိပ်တဖြည်းဖြည်းကျရောက်လာသည်ကြောင့် အနည်းငယ်အေးစက်လာသည်။ ဧရာဝတီမြစ်ကမ်းပါး လေအေးများတိုက်သည်ကြောင့်ပို၍ တိုးလို့အေးလာတော့သည်။

လေအေးများတိုက်ခတ်နေသောသံသည် အလွန်ပြင်းသည်။ ရေချိုးလို့အပြီးအိမ်သို့ပြန်ရန် ပြင်ဆင်ကြချိန် အသံတစ်ခုအားတိုးဖွဖွ ကြားလိုက်မိသည်။

" နေခြည် တစ်ယောက်ယောက်က မင်းနာမည်ခေါ်နေတယ် မင်းကြားမိလား "

" ဟင်....ငါမကြားမိပါဘူး "

"......."

" ဆရာလေးတို့!! ဆရာလေးနေခြည်!!....ဆရာလေး ! "

အော်ခေါ်သံနှင့်အတူ ကျွန်တော်တို့ရှိရာသို့အလောတကြီးပြေးလာသောသူ။

" ဟာ မင်းမောင် ဘာဖြစ်လို့လဲ သူကြီးတို့တစ်ခုခုဖြစ်လို့လား "

မင်းနန္ဒမှ အလောတကြီးပြေးလာသော နှိုင်းဆက်မင်းမောင်းအား မေးလိုက်ခြင်းပင်။

မင်းနန္ဒ၏အမေးကို အဖြေပြန်မပေးပါ။ မင်းမောင် ပထမဦးဆုံးလုပ်မိသည်က လင်းထက်နေခြည် အားဘေးကင်းမကင်း မသိမသာကြည့်လိုက်ခြင်းပင်။ ဘေးကင်းကြောင်းစိတ်ချရမှ အမောဖြေပြီး စကားပြန်ပြောလာသည်။

" ဘာမှမဖြစ်ပါဘူးကွာ "

" ဒါဆို ဘယ်နှယ့်အလောတကြီးပြေးလာရတာလဲ "

" အော်......အဲ့တာက ဒီအတိုင်းဘဲ လေ့ကျင့်ခန်းလုပ်ရင်းပြေးလာမိတာ "

ရှက်ကိုးရှက်ကန်နှင့် ပါးစပ်ထဲရှိရာဖြေပြီးမှ ပိုလို့ရှက်သွားဟန်။ ညာဘက်လက်လေးဖြင့် နောက်စိကို ကုတ်ကာ လာရာလမ်းအတိုင်းပြန်လည့်သွားတော့သည်။

သူကြီးအိမ်သို့ပြန်ရောက်တော့ အနည်းငယ်မှောင်နေလေပြီ။ သို့ပေမဲ့ သူကြီးကတော်ကတော့ ရေနွေးကြမ်းလေးသောက်ရင်း ကျွန်တော်တို့ကို
စောင့်နေပုံရသည်။ ကျွန်တော်တို့ဝင်လာသည်နှင့် စကားဆိုသည်။

" ဆရာလေးတို့ရေချိုးပြန်လာကြပြီလား အမြန်အဝတ်လဲတော့ အအေးမိနေအုန်းမယ် "

မောင် ( သို့မဟုတ် ) နွံတစ်ခုWhere stories live. Discover now