part 15 ( Unicode & Zawgyi)

177 6 0
                                    

ဝသန်မိုး ပြန်သွားတော့ လင်းလတ်ရောင်တစ်ယောက် နေမကောင်းတော့ အဘနှင့် အမေတို့ဆီစိတ်ရောက်ရသည်။ ညီမလေးကိုလဲ သတိရမိပါသည်။ ဟိုတလောကတော့ လင်းလတ်နေခြည်နှင့်အတူ အိမ်သို့ စာကိုယ်စီပို့ဖြစ်ကြသည်ပင်။ ရွာမှာ အဆင်ပြေကြောင်း၊ ရွာကသူကြီးတို့သာမက ရွာသူ/သားများကလဲ သဘောကောင်းကြကြောင်း စသည်ဖြင့် မေမေတို့စိတ်မပူရန် ရေးပေးလိုက်သည်။
မင်းနန္နတို့အကြောင်းတော့ ထည့်မရေးပေးဖြစ်ပါလေ။ မေမေသာသိသွားရင်.....

နေ့ခင်းရောက်တော့ အနည်းငယ်သက်သာသွားသည်နှင့် ဘုန်းကြီးကျောင်းဘက်သို့ လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ ဘုန်းကြီးကျောင်းက စာသင်ကျောင်း၏ တောင်ဘက်တွင်ဖြစ်သည်။ အလယ်တွင် ချောင်းငယ်လေးခြားထားလေသည်။
ကိုဝသန်ပြောပုံအရ ရေကြီးရင် ရွာနှစ်ခြမ်းကွဲသည်ဆိုသည်မှာ ဤချောင်းလေးကြောင့်ဖြစ်လိမ့်မည်။

ဘုန်းကြီးကျောင်းဝင်းထဲရောက်တော့ ဖိနပ်လေးချွတ်ကာ လက်မှကိုင်လာမိသည်။ ဘုန်းကြီးကျောင်းဝင်း၏ အဝင်တောင်ဘက်အဖျားဆုံးရှိ ဘုရားနှစ်ဆူမှာ ကြည်ညိုဖွယ်ကောင်းလှသည်။ ထုံးစေတီကလေးနှစ်ဆူ ဖြစ်၍ ရှေးဘုရားဖြစ်ပုံပေါ်သည်။ ထုံးစေတီကလေးပင် အဖြူရောင်များ လွင့်ပြယ်နေလေပြီ။ ဘုရားအောက်ခြေတွင်လည်း ချုံနွယ်များတွေ့ရသည်။

ကျွန်တော်ကျောင်းဝင်းထဲ လမ်းလျှောက်လာခိုက် ဘုရားဘေးက သစ်ပင်အောက်တွင် လူတစ်ယောက် အမှိုက်ရှင်းနေတာတွေ့လိုက်ရသည်။ အင်္ကျီချွတ်ထားသောကြောင့် ချွေးများသီးထနေသော ကျောပြင်ကိုမြင်နေရသည်။ ကျောပြင်ခပ်ကုန်းကုန်း၊ ထိုလူရဲ့ မျက်ဝန်းမှိုင်းမှိုင်းတွေက ကျွန်တော့်ကိုတွေ့လိုက်သဖြင့် နောက်ကျောပေးသွားတာ သတိထားမိလိုက်သည်။

ပုဆိုးခပ်တိုတိုနှင့် ခါးပုံစရှည်ရှည်ချထားကာ အမှိုက်များသိမ်းပြီး ခါးပုံစဖြင့် မျက်နှာရှိချွေးများအားသုတ်နေသည်။ ကျွန်တော့်ကိုတော့လှည့်မကြည့်ပါ။ မမြင်ချင်ယောင်ဆောင်နေတာများလား။

" တကာလေးနန္ဒ ဆရာလေးရောက်နေတယ် ကျောင်းပေါ်တက်ပြီး စကားပြောချေအုန်း "

You've reached the end of published parts.

⏰ Last updated: May 24 ⏰

Add this story to your Library to get notified about new parts!

မောင် ( သို့မဟုတ် ) နွံတစ်ခုWhere stories live. Discover now