part 9 (Unicode & Zawgyi )

105 5 0
                                    

" ဆရာလေးတို့ရောက်ပြီဗျို့!!! "

မောင်မြတ်သာအော်သံကြောင့် အိမ်ထဲကလူကြီးတချို့ထွက်လာကြသည်။ မောင်မြတ်သာမှာ လှည်းပေါ်မှ ပစ္စည်းများကိုချနေသည်။

" ရောက်တာနောက်ကျသကိုး ဆရာလေးတို့ရဲ့ "

" ဟုတ်ပါတယ်ဗျာ လမ်းမှာအခက်အခဲလေးတွေရှိလို့ နဲနဲနောက်ကျသွားတယ်ဗျ "

" ကျုပ်တို့ရွာကတာဝန်ပျက်ကွပ်ခဲ့ရင် ဆရာလေးတို့ကိုကြိုတောင်းပန်ပါတယ် ကနေ့ညတော့ ကျုပ်အိမ်မှာဘဲ ကျုပ်သားနဲ့နေလိုက်ပေါ့ဗျာ မနက်ဖြန်ကြမှ
ကျန်တာစီစဥ်ကြတာပေါ့ "

ရွာလူကြီးဦးတင်စိန် အိမ်ကကျယ်ဝန်းလှပါသည်။ ကျွန်တော်တို့နှစ်ယောက်ကို အိမ်အပေါ်ထက်တွင် သားဖြစ်သူ နှိုင်းဆက်မင်းမောင် နှင့် နေရာချထားပေးသည်။

" ဟောတော် ဆရာလေးတို့ခြံဝမှာရပ်ပြီးစကားပြောနေကြတယ် အိမ်ထဲခေါ်လေ ကိုတင်စိန်ရဲ့ "

သူကြီးဦးတင်စိန် အနောက်မှအသံထွက်လာသောကြောင့် အနောက်သို့ကြည့်မိရာ အိမ်နောက်ဖေးမှထွက်လာသော အမျိုးသမီးကြီးပင်။

" ကျွန်မကတော့ကိုတင်စိန်ဇနီးပါတော် နာမည်က ဒေါ်တင်မြတဲ့ အခုမမှတ်မိလဲ နောင်မှတ်မိသွားမာပါလာလာဦးဆုံး အိမ်ထဲဝင်ကြအုန်း "

မောင်မြတ်သာတစ်ယောက်တည်းပစ္စည်းတွေသယ်နေရသည်ကိုအားနာ၍ ကျွန်တော်ဝိုင်းသယ်လိုက်သည်။ ထိုမှာစကားစသည်ပင်....

" အယ်.... ဆရာလေးတို့မသယ်ပါနဲ့ ကျွန်မတို့ရွာရောက်မှ ဆရာလေးတို့မြို့သားတွေပင်ပန်းနေပါ
လိမ့်မယ် "

" ရပါတယ် အန်တီရယ် ဒီလောက်တော့ကျွန်တော်တို့လုပ်နိုင်ပါတယ် "

" ဟုတ်ရဲ့လား ဆရာလေးတို့ရယ် ဆရာလေးတို့
ကြည့်ရတာ ဖြူဖြူဖွေးဖွေးလေးတွေပါဗျာ တော်ကြာကျုပ်တို့ရွာရောက်မှ အသားတွေမဲကုန်အုန်းမယ်ဗျို့ "

ပစ္စည်းတွေသယ်ရင်း မောင်မြတ်သာက ကျွန်တော်တို့ကို စနေသည်ထင်ပါရဲ့။ ပြုံးဖြီးဖြီးမျက်နှာလေး
နှင့် ရိုးရိုးသားသားပြောမှန်းသိသာလှသည်။ မောင်မြတ်သာဘေးမှ ခပ်တည်တည်နဲ့သူတစ်ယောက်ကတော့ ယခုချိန်ထိ စကားမပြောသေးပေ။

မောင် ( သို့မဟုတ် ) နွံတစ်ခုWhere stories live. Discover now