မှောင်မိုက်သောအခန်းထဲမှ ထွက်လာသောသူအား ကြည့်မိသည်။ ဟုတ်ပါသည် သူမှသူ ။ ၇နှစ်ကြာပြီး သူပြောင်းလဲသွားသည်။ သို့ပေမဲ့ ကျွန်တော်ရင်ထဲအသည်းထဲမှ မှတ်မိနေဆဲပင်။
" ဝသန် ဧည့်သည်တွေရောပါလာတာဘဲ အထဲဝင်လေကွာမင်းကလဲ "
" ဧည့်သည်တွေမဟုတ်ဘူးကွ ရွာကိုအသစ်ရောက်တဲ့ ဆရာလေးတွေ "
" ဆရာလေးတွေလား လာဗျာ အိမ်ထဲဝင်ကြအုန်း "
အနည်းငယ်မှောင်မိုက်သော အိမ်ထဲသို့ ကျွန်တော်တို့သုံးယောက်ဝင်သွားကြသည်။ အိမ်ရှင်ဖြစ်သူ နန္ဒမှာ အခုမှ ပျာရိပျာယာ အိမ်ပြတင်းပေါက်များအား
လိုက်ဖွင့်နေလေသည်။" အားနာလိုက်တာဗျာ ဆရာလေးတို့ကိုဧည့်ခံဖို့ ရေနွေးကြမ်းဘဲရှိတယ်ဗျ "
အားနာဟန် ထိုသူကပြောလာတော့ နေခြည်က" ရပါတယ် " ဟုပြန်ဖြေလိုက်သည်။ ထို့နောက် ဝသန်မိတ်ဆက်ပေးသည်ကြောင့် နာမည်အရင်းကိုလဲသိလိုက်ရသည်။
" ငါဆရာလေးတို့ကို ဘုန်ကြီးကျောင်းလိုက်ပို့မလို့ မင်းကိုဝင်ခေါ်တာ "
" ငါမလိုက်တော့ပါဘူးကွာ မင်းဘဲလိုက်ပို့လိုက်တော့ "
ဝသန်ပြောသည်ကို ထိုသူကအားနာစွာငြင်းပယ်နေသည်။ နောက်ဆုံး ခေါ်လို့မရ၍ ကျွန်တော်တို့သုံးယောက်သာ ဘုန်ကြီးကျောင်းဘက်ဦးတည်ခဲ့ရသည်။
ဝသန်တို့ထွက်သွားပြီးနောက် မင်းနန္ဒတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုပြန်လည်မြင်ယောင်လာမိသည်။ မဖြစ်နိုင်ပါ ။ စာမေးပွဲပြီး
သည့်ထိုနေ့ညကအဖြစ်အပျက်များကို မေ့ထားတာကြာခဲ့လေပြီ။လင်းလတ်ရောင် သူ့အရှေ့တွင်တစ်ဖန်ပြန်ပေါ်လာခဲ့ပြီ။ သူဘယ်လိုလုပ်ရမလဲ။ လင်းလတ်ရောင်၏ စောစောကအကြည့်များ ကျွန်တော့်ကိုသေချာပေါက်မှတ်မိနေသေးသည်။ ထိုကိစ္စမေမေသိလျှင်ပိုဆိုးတော့မည်လား။ ဒုတိယအကြိမ် အိမ်ပြောင်းရအုန်းမည်လား။
..........
ဘုန်းကြီးကျောင်းဝင်းထဲအရောက်သည်အထိ စောစောကတွေ့ခဲ့သောသူအား နားမလည်နိုင်စွာ
စဥ်းစားနေမိသည်။
![](https://img.wattpad.com/cover/356643333-288-k188713.jpg)
YOU ARE READING
မောင် ( သို့မဟုတ် ) နွံတစ်ခု