Chapter 129
'လမ်းကြားလေး' ဇာတ်လမ်းတွဲရိုက်ကူးရေး၏ ရိုက်ကွင်းတည်နေရာမှာ နယ်မြေ xx ရှိရဲစခန်းနှင့် အတော်လေးနီးသည်။ ထို့ကြောင့်ရှန်ယွမ်တစ်ယောက် ထိုရဲစခန်းသို့အခြားသူများ မရောက်လာခင် အပြေးအလွှားသွားရတော့သည်။
ရှန်ယွမ်တစ်ယောက် ဆွေ့ဆွေ့အားခေါင်းအစခြေအဆုံး အချိန်အတော်ကြာအောင်စစ်ဆေးကြည့်ရှုနေမိသည်။ သူမကိုတန်ပြန်ပြုံးပြလာသောကလေးကိုမြင်မှ စိတ်သက်သာရာရသွား၏။
"ဆွေ့ဆွေ့....ဘာလို့မမကိုအရင်ကြိုမပြောဘဲ ရဲစခန်းကိုတန်းသွားလိုက်တာလဲ...မမသိရင်အတူတူလိုက်ခဲ့မှာပေါ့"
သတင်းကြားကြားချင်း ရှန်ယွမ်ခြေမကိုင်မိလက်မကိုင်မိဖြစ်သည်အထိ လန့်သွားခဲ့သည်မှာအမှန်ပင်။
"မမရှန်ယွမ်...သမီးတစ်ယောက်တည်းမဟုတ်ပါဘူး သမီးနဲ့အတူဒီကိုကိုကအဖော်လိုက်လာပေးပါတယ်"
ဆွေ့ဆွေ့က သူမစိတ်အေးသွားအောင် ဖြေရှင်းချက်ပေးနေရှာသည်။
ဆွေ့ဆွေ့၏စကားကြောင့် ရှန်ယွမ်လည်းဘေးပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်မိသည်။ ထိုအခါ ဆွေ့ဆွေ့နှင့်သက်တူရွယ်တူကောင်လေးတစ်ယောက်ကို သူမတွေ့လိုက်ရ၏။
"ကလေး...မမတို့တစ်နေရာရာမှာတွေ့ဖူးသေးလား"
ထိုကောင်လေးကို သူမရင်းရင်းနှီးနှီးမြင်ဖူးနေပါသည်။ သို့သော် အသေအချာတော့မမှတ်မိပေ။
"မမရှန်ယွမ်...သားနာမည်ကချင်ဇီချန်းပါ အရင်တစ်ခေါက်တုန်းက ဂုဏ်ပြုညစာစားပွဲမှာတွေ့ခဲ့တယ်လေ...မှတ်မိလား"
ချင်ဇီချန်းက ရေသောက်ရင်း သူ့ကိုယ်သူမိတ်ဆက်လာသည်။
ချင်ဇီချန်းကချင်ဥက္ကဋ္ဌ၏အငယ်ဆုံးသားမှန်းရှန်ယွမ်သတိရသွားသည်။
ဂုဏ်ပြုညစာစားပွဲတုန်းကလည်း ထိုကောင်လေးကြောင့် သက်တော်စောင့်အုပ်ကြီးနှင့်ခဲ့ကျင်းယန်တို့ ပြဿနာတော်တော်တက်သွားကြသည် မဟုတ်လား။ ရှန်ယွမ်၏စိတ်ထဲတွင်အတွေးမျိုးစုံဖြင့်ရှုပ်ထွေးနေသော်လည်း မျက်နှာအမူအရာကမူပုံသေအတိုင်းသာ။ သူမ၏စိုးရိမ်ပူပန်နေသည့်ခံစားချက်များကိုထုတ်မပြပေ။
BẠN ĐANG ĐỌC
ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး
Lãng mạnပြည်သူအချစ်တော်လေးက ၃နှစ်ခွဲသမီးလေး Title - The National Girl is Three and a Half Years Old