Chapter 146
"မေမေ...သမီးတို့အိမ်ပြန်ရောက်ပြီ"။
ကုဆွေ့ဆွေ့တစ်ယောက် အပန်းရောင်ညှပ်ဖိနပ်ကိုပြောင်းစီးပြီးနောက် ဧည့်ခန်းရှိရာသို့ ခုန်ဆွခုန်ဆွနှင့်သွားလေသည်။
ဖုန့်ယောင်ချင်းလည်း ရေစိုနေသောလက်များကိုခြောက်အောင်သုတ်ပြီးနောက် ဆွေ့ဆွေ့အားပြောလိုက်၏။
"အပြင်မှာအကြာကြီးနေခဲ့တာဆိုတော့ အင်္ကျီလဲပြီးရင် အနွေးထည်မြန်မြန်ဝတ်တော့ အအေးမိလိမ့်မယ်"
ရာသီဥတုအကူးအပြောင်းကာလဖြစ်သောကြောင့် ဂရုမစိုက်မဆင်ခြင်လျှင် အအေးမိဖျားနာလွယ်သည်။
ကုဆွေ့ဆွေ့နှင့်ချင်ဇီချန်းတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်လုံး၏ဆံပင်ပေါ်တွင် နှင်းပွင့်နှင်းဖတ်များကပ်ကျန်နေသေးသောကြောင့် ရွှင်ရွှင်ပျပျပြုံးလိုက်ကြသည်။ ထို့နောက် အပေါ်အင်္ကျီဂျတ်ကတ်များကိုတစ်ပြိုင်တည်းချွတ်လိုက်သည်။
"မေမေ...အိမ်အောက်ထပ်မှာ သမီးတို့နှင်းလူသားအကြီးကြီးလုပ်ခဲ့တာ တကယ့်ကိုအကြီးကြီးပဲ"
ချင်ဇီချန်းကလည်း ဆွေ့ဆွေ့ကိုသဘောတူထောက်ခံသည့်အနေဖြင့်ဝင်ပြောလာ၏။
"သားတို့နှင်းလူသားရုပ်နဲ့ ဓာတ်ပုံတွေလည်းရိုက်ခဲ့ကြသေးတယ် သားဦးထုပ်နဲ့လည်စည်းလည်းပေးခဲ့သေးတယ်"
အိမ်ပြင်မထွက်ချင်သောဖုန့်ယောင်ချင်းတစ်ယောက် ဧည့်သည်လာလျှင်ဧည့်ခံစရာမရှိမည်စိုးသောကြောင့် အေးအေးချမ်းချမ်းနှင့်စူပါမားကတ်သို့သွားကာ ချက်ပြုတ်စရာဟင်းသီးဟင်းရွက်နှင့်အသားငါးများကိုထွက်ဝယ်လိုက်ရသေးသည်။
"ကဲကဲ...နေ့လည်စာစားဖို့လုပ်ကြရအောင် ကလေးတို့အတွက် ဖက်ထုပ်ပြင်ပေးထားတယ် ဝက်သားဖက်ထုပ်နဲ့ပုစွန်ဟင်းထုပ်ကြိုက်တာစားလို့ရတယ်"
"မေမေ...သမီးကိုဖက်ထုပ်လုပ်နည်းသင်ပေး"
ဆွေ့ဆွေ့က ရွှင်လန်းတက်ကြွစွာဖြင့်ပြောလာ၏။
YOU ARE READING
ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး
Romanceပြည်သူအချစ်တော်လေးက ၃နှစ်ခွဲသမီးလေး Title - The National Girl is Three and a Half Years Old