ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

726 66 0
                                    

159
Zack Z.U.May 04, 2023
Chapter 159



"ဖေဖေ မမဖုကငိုနေတာလားဟင် မမရဲ့မျက်လုံးတွေက နီရဲနေတာပဲ"

မမဖုက သူမတို့အိမ်သို့ ယနေ့မှထူးထူးဆန်းဆန်းရောက်ချလာသော်လည်း သူမနှင့်ပင် စကားမပြောပေ။ သို့သော် ဖေဖေနှင့်စာကြည့်ခန်းထဲတွင် အချိန်အတော်ကြာစကားပြောပြီးမှပြန်ထွက်သွားသည်။ အလွန်ထူးဆန်းသော အခြေအနေ မဟုတ်လား။

မမဖုပြန်သွားပြီးနောက် ဆွေ့ဆွေ့လည်း ဖေဖေ့ဆီသို့ မဝံ့မရဲနှင့်ချဥ်းကပ်သွားပြီး သူမစိတ်ထဲတွင် သံသယရှိနေသောအရာများကိုထုတ်မေးလိုက်၏။

ဖေဖေက သူမကို ယဲ့ယဲ့လေးပြုံးပြကာ ပြန်ပြောလာသည်။

"စိတ်မပူပါနဲ့ သမီးရဲ့မမ အဆင်ပြေသွားမှာပါ"

သို့သော် ဆွေ့ဆွေ့၏စိတ်ထဲတွင် တစ်စုံတစ်ရာက အနှောင့်အယှက်ပေးနေသကဲ့သို့ လေးပင်နေသည်။ ဖေဖေက သူမ၏စိတ်ကိုသိသည့်နှယ် သက်ပြင်းချကာ ဆက်ပြောလာသည်။

"သမီးမမဖုရဲ့ အဖေကနေမကောင်းဖြစ်နေတာတဲ့ ဒါပေမဲ့ သူ့အဖေနဲ့ပြဿနာတက်ထားတော့ ဘယ်လိုဆက်လုပ်ရမှန်းမသိဖြစ်နေတာ ဖေဖေကတော့ ဘာမှမပြောလိုက်ဘူး သားအဖနှစ်ယောက်ကြားကိစ္စကို ကြားလူဝင်ပါလို့မကောင်းဘူးလေ"

ဖေဖေ့၏စကားကြောင့် ဆွေ့ဆွေ့တစ်ယောက် အတော်လေးစိတ်မကောင်းဖြစ်သွားရသည်။ အစပိုင်းတွင် မမဖုယင်းယွီကသူမကိုလျစ်လျူရှုထားသောကြောင့် ဝမ်းနည်းနေသော်လည်းအကြောင်းရင်းကိုသိပြီးနောက်ထိုဝမ်းနည်းမှုတို့က ပျောက်ကွယ်သွားရသည်။

ယခုအချိန်တွင် မမဖုယင်းယွီကသူမထက်အဆပေါင်းများစွာဝမ်းနည်းကြေကွဲနေလောက်၏။

ဆွေ့ဆွေ့မှာတစ်ဆက်တည်းတွင် မမဖု၏ဖခင်ကဲ့သို့သူမဖခင်လည်းနေမကောင်းဖြစ်မည်ကိုစိတ်ပူလာရသည်။ ထို့ကြောင့် မျက်စိရှေ့တွင်ရှိနေသောဖေဖေ့ကိုတင်းကြပ်စွာဖက်ရင်းပြောလိုက်သည်။

"ဖေဖေ ကျန်းကျန်းမာမာနေမှဖြစ်မယ်နော် နေမကောင်းဖြစ်လို့မဖြစ်ဘူး သမီးဖေဖေ့ကိုဆေးရုံမှာမတွေ့ချင်ဘူး"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးHikayelerin yaşadığı yer. Şimdi keşfedin