Chapter 120
မူကြိုကျောင်းတွင် ရက်အနည်းငယ်ကြာနေပြီးနောက် လွန်ခဲ့သောဂုဏ်ပြုညစာစားပွဲတွင် သူမတွေ့ခဲ့ရသော ဝတ်စုံနက်နှင့်ဦးလေးကြီးများက လူဆိုးများမဟုတ်ဘဲ သူဌေးလေးကိုကို၏အဖေက သူဌေးလေးကိုကိုကိုပြန်ခေါ်ရန် လွှတ်လိုက်သောသူများသာဖြစ်ကြောင်းကို ကုဆွေ့ဆွေ့သဘောပေါက်သွား၏။
"သူဌေးလေးကိုကို...နောက်တစ်ပတ်ကျရင် တကယ်ပဲ ရိုက်ကွင်းကိုလာမှာလား ဟိုသက်တော်စောင့်ဦးလေးတွေက စည်းကမ်းအရမ်းတင်းကြပ်တယ်နော်...ရပါ့မလား"
"ပေါက်စလေးရယ်...အရမ်းကြီးစိတ်မပူပါနဲ့ကိုကိုတကယ်လာမှာပါ ကိုကို့ဖုန်းနံပါတ်ကိုပဲ အလွတ်ရအောင်မှတ်ထား လာခါနီးကျရင် ဖုန်းဆက်လိုက်မယ် ဟုတ်ပြီလား"
ချင်ဇီချန်းကထိုသို့သောအခြေအနေများအတွက်ကြိုတင်တွေးထားပြီးသားဖြစ်သည်။ သက်တော်စောင့်များက သူ့ကိုသွားခွင့်မပေးလျှင် အိမ်မှသူကိုယ်တိုင်ခိုးထွက်မည်ဖြစ်သည်။ အကြိမ်ကြိမ်ခိုးထွက်ဖူးသောကြောင့် ခိုးထွက်ခြင်းဆိုတာ သူ့ကျွမ်းကျင်မှုတစ်ခုလိုတောင်ဖြစ်နေပြီဖြစ်၏။
....
ရိုက်ကူးရေးတရားဝင်မစတင်မီတွင် ကုဆွေ့ဆွေ့က ဇာတ်ညွှန်းဖတ်အစည်းအဝေးကိုတက်ရောက်ရဦးမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် 'လမ်းကြားလေး' ဇာတ်လမ်းတွဲကိုရိုက်ကူးမည့် ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ သရုပ်ဆောင်များ၊ ဇာတ်ညွှန်းရေးဆရာများအားလုံးအတူစုဝေးကြမည်ဖြစ်၏။
"ဇာတ်ညွှန်းဖတ်အစည်းအဝေးဆိုတာဘာလဲဟင် ဆွေ့ဆွေ့...အရင်ရုပ်ရှင်နှစ်ကားရိုက်တုန်းက ဒါမျိုးတွေမကြားဖူးပါဘူး"
ဖုန့်ယောင်ချင်းကအစီအစဥ်စာရွက်ကိုကြည့်ကာမျက်ခုံးများတွန့်ချိုးသွားရင်းမေးလာသည်။
"ဇာတ်ညွှန်းဖတ်အစည်းအဝေးဆိုတာက ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ရိုက်ကူးရေးမစခင်မှာ စုဝေးပြီး ဘယ်နေရာမှာ ပြင်ဖို့လိုလဲ ဘယ်နေရာမှာဘယ်လိုလေးထည့်လိုက်ရမလဲဆိုတာကိုဇာတ်ညွှန်းဖတ်ပြီးဆွေးနွေးကြတာပေါ့ဗျာ"
KAMU SEDANG MEMBACA
ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး
Romansaပြည်သူအချစ်တော်လေးက ၃နှစ်ခွဲသမီးလေး Title - The National Girl is Three and a Half Years Old