Chapter 28
"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဉ်တွင်ပါဝင်မည့် ဧည့်သည်အနုပညာရှင်စာရင်းက ဆိုရှယ်မီဒီယာပေါ်တွင် တစ်မုဟုတ်ချင်းပြန့်သွားသည်။
ရသစုံရှိုး၏ဧည့်သည်အနုပညာရှင်စာရင်းက ဒိတ်ဒိတ်ကြဲအနုပညာရှင်ချည်းစုနေခြင်းမဟုတ်ပေ။ နိုင်ငံတကာဆုပေးပွဲတွင် လောလောလတ်လတ်ဆုရထားသည့် စန္ဒယားပညာရှင် လင်းယို ၊ ဒါရိုက်တာချန်းရီနှင့်သရုပ်ဆောင်မင်းသားကြီးတစ်လက်ဖြစ်သည့် ချွီမင်းရှန်တို့က ရသစုံရှိုးများတွင် တစ်ကြိမ်မကပါဝင်ဖူးသည်။ ဒိတ်ဒိတ်ကြဲအနုပညာရှင်ဟုဆိုနိုင်သည့် ခဲ့ကျင်းယန်နှင့် အနုပညာလုပ်ငန်းများမှယာယီအနားယူထားသည့် ကျန်းဟွီကျင်တို့မှာ လူထုရှေ့တွင် ရသစုံရှိုးကိုပထမဆုံးအကြိမ်ရိုက်ကူးခြင်းဖြစ်သည်။
ကျန်းဟွီကျင်က အနုပညာလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်လာသူဖြစ်သည်။ ထျန်းဟောင်ဖျော်ဖြေရေး၏ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်သလို ငါးနှစ်တာခန့် အနုပညာအလုပ်များကိုရပ်နားထားသော်လည်း ပရိသတ်များက သူ(မ)ကိုအားပေးနေမြဲဖြစ်သည်။ ယနေ့တွင် ရိုက်ကူးရေးအဖွဲ့က ကျန်းဟွီကျင် ဤရသစုံရှိုးတွင်ပါဝင်မည်ဟု ကြော်ငြာလိုက်သည်နှင့် သူ(မ)၏ဝေဘိုအကောင့်ထဲတွင် ပရိသတ်များက ပြန်လည်ကြိုဆိုကြောင်းကော
မန့်များ သောင်းသောင်းဖြဖြရေးထားကြသည်။
တစ်ဖက်တွင် ခဲ့ကျင်းယန်၏ ဝေဘိုအကောင့်ကမူ တစ်မူထူးခြားလှသည်။
"ရိုက်ကူးရေးအဖွဲ့က....လူမှားပြီးခေါ်မိတာမဟုတ်ဘူးလား....ဘုရင်ကြီးက ဘာလို့ကေလးမိဘရသစုံရွိုးမွာပါရတာလဲ"။ ဘုရင်ကြီးဟူသောအမည်မှာ ပရိသတ်များက ခဲ့ကျင်းယန်ကိုချစ်စနိုးခေါ်သည့် အမည်တစ်ခုဖြစ်သည်။ ခဲ့ကျင်းယန်က စင်ပေါ်တွင်ရပ်နေချိန်တွင် အတောက်ပဆုံးတည်ရှိမှုလေးတစ်ခုဖြစ်သည်။ စတိတ်စင်အတွက် မွေးဖွားလာသူဖြစ်ကာ စင်
မြင့်၏ဘုရင်တစ်ပါးဟု ခေါ်ဝေါ်ထိုက်ပေသည်။
"ဟုတ်တယ်.....ခင်းန်က ကလေးအဖေတစ်ယောက်ဖြစ်လာမှာကို ငါဖြင့်စိတ်တောင်မကူးမိဘူး.....သူ့နဂိုပုံစံပျက်သွားမှာပဲ စိုးရိမ်မိတယ်"။
ESTÁS LEYENDO
ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး
Romanceပြည်သူအချစ်တော်လေးက ၃နှစ်ခွဲသမီးလေး Title - The National Girl is Three and a Half Years Old