"အစ်ကို ရောက်ဖို့တော်တော်လိုသေးလားဗျ....''
"သိပ်တော့မဝေးတော့ပါဘူး ဒါနဲ့ အစ်ကို ခရီးသည်တစ်ယောက်လောက်တင်ချင်လို့ရလား ငါ့ညီ....''
"ရပါတယ်ဗျ....နေရာလွတ်တွေရှိတာပဲ တင်ပါ....''
ခြယ်က သူအတွက်ခရီးသွားဖော်ရမှာမလို့ ကြိတ်ပြီးဝမ်းသာမိသည်။ တစ်ယောက်ထဲဆို ဟိုတွေးဒီတွေးနဲ့ ကြောက်နေရဦးမယ်။
တော်တော်လေး မောင်းပြီးတော့ ကာသမားက လူတစ်ယောက်ရပ်နေသည်နှင့်မလှမ်းမကမ်းလောက်တွင် ကားရပ်သည်။ ဘာကြောင့် အဲ့လူနားထိ ကားကိုမမောင်းတာလဲလို့ခြယ်က စဉ်းစားနေမိသည်။
"ငါ့ညီ ခဏနော်....''
"ဟုတ်....''
ကားသမားက ကားပေါ်ကဆင်းပြီးထိုလူဆီသို့သွားသည်။
"ကားသမားတွေက ခရီးသည်ကို မခေါ်ခင်လိုက်မလိုက်အရင်မေးရတဲ့သဘောနေမယ် ဒါပေမယ့် ငါ့ကျတော့ လိုက်ချင်မလိုက်ချင်တောက်မမေးဘူးလေ....'' ခြယ်က ကားထဲတွင်တစ်ယောက်ထဲစဉ်းစားပြီးပြောနေမိသည်။ ကားသမာနှင့်ခရီးသည်စကားရပ်ပြောနေကြသည်။ ခဏလောက်ကြာမှ ကားသမားနှင့်အတူခရီးသည်ပါ ပါလာသည်။ ခရီးသည်ကို မိန်းကလေးဖြစ်စေချင်သော်လည်း ယောကျာ်းတစ်ယောက်ဖြစ်နေတာကြောင့် ခြယ်နဲနဲတော့စိတ်ညစ်သွားရသည်။
"ကဲ ဆင်း''
အသံခပ်ပြတ်ပြတ်ဖြင့် ခရီးဆိုသူကပြောလေသည်။ ခြယ်ကကြောင်တောင်တောင်လေးဖြင့်
"ဗျာ....ကျွန်တော့်လိပ်စာက မရောက်သေးဘူးဗျ ကားဆရာဒီလူကနေရာမလောက်ဖူးထင်နေတာလားမသိဘူး....''
ကားဆရာက ခရီးသည်ဆိူသူကိုသာမျက်စတွေပစ်ပြီးအချက်ပြနေသော်လည်း ခြယ့်ကိုစကားမပြန်ပေ။ ခရီးသည်ဆိုသူက ခြယ်ထိုင်နေသည့် နောက်ခန်းကားတံခါးကိုဆွဲဖွင့်လိုက်သည်။ ခြယ်က ကားသမားကိုတစ်လှည့် ခရီးသည်ကိုတစ်လှည့် ပြူးကြောင်ကြောင်လေးကြည့်နေမိသည်။ ဒီလမ်းကလူပြတ်နေတာကို ခြယ်အခုမှသတိထားမိသည်။
"ခင်ဗျားတို့ ဘာလုပ်မလို့လဲ....''
ခြယ့်အသံက မာတော့မလိုနှင့် ခပ်ပျော့ပျော့သာဖြစ်နေသည်။ ခြယ်တကယ်ကြောက်နေသည်ကိုး။
"မင်း ကျောပိုးအိတ်ငါ့ကိုပေးစမ်းချာတိတ်....''
ခရီးသည်ဆိုသူက မိုက်ကြည့် ကြည့်ကာ ခြယ့်ထံကကျောပိုးအိတ်ကိုတောင်းလေသည်။ ကားသမားကတော့ ခြယ့်ရဲ့အဝတ်အစားအိတ်ကိုမွှေနေတော့သည်။ ဒါဆို သူတို့က အကြံသမားတွေပေါ့။ နှစ်ယောက်ပေါင်းကြံကြတာပေါ့။ ခြယ်ကခုမှသဘောပေါက်တော့သည်။
"ဟေ့ကောင် ငါပြောနေတာမကြားဘူးလား...အဲ့ကျောပိုးအိတ်ငါ့ကိုပေးမှာလားမပေးဘူးလား....''
ကျောပိုးအိတ်ကို ကားပေါ်မှာမို့ရှေ့ကလွယ်ထားသည်။ ထို့ကြောင့် ကျောပိုးအိတ်ကိုလက်ဖြင့်ပိုက်ကာ ခြယ်က ခေါင်းရမ်းလိုက်သည်။ နှစ်ယောက်နဲ့တစ်ယောက် ဖြစ်ရင်ငါပဲခံရမှာ။ ပြေးရင်လဲ ဒီလောက်ဖြောင့်ဖြူးပြီးနေတဲ့လမ်းကြီးမှာ သူတို့က ကားနဲ့လိုက်တိုက်ရင်ကို ငါသေနိုင်တယ်။ ငွေဆယ်သိန်းပါသွားတာက အရေးမကြီးဘူး ကားသမားဆီရောက်နေသည့်လိပ်စာကပ်က ရှိမှဖြစ်မှာ။ အဲ့ဒါမပါရင် ခြယ်ဒီ့ထက်အဖြစ်ဆိုးတော့မည်။ ခြယ် ခဏလေးအတွင်း ပေါင်းစုံတွေးပြီး ကြောက်ရွံပူပန်နေမိသည်။ ဒီအခြေနေမှာ မိန်းကလေးလို့မသိတာပဲကံကောင်း။
"ဟာ...ဟေ့ကောင့် ဒီအထုတ်ထဲမှာပိုက်ဆံတွေကွ''
ကားသမားရဲ့ အပြောကို ခရီးသည်ဆိုတဲ့လူက လှည့်ကြည့်သည်။ ပြီးတော့မျက်လုံးက ခြယ့်ဆီကကျောပိုးအိတ်ကိုပဲ ပြန်ရောက်လာသည်။
"တောင်း တောင်းပန်ပါတယ် အဲ့ငွေတွေအကုန်ယူသွားပါဗျာဒီကျောပိုးအိတ်ထဲမှာ တကယ်ဘာမှမပါပါဘူး ခင်ဗျားတို့ကိုလဲ ဘယ်မှမတိုင်ပါဘူး(တိုင်ရအောင်လဲ ကိုယ်မှနေရာမသိတာ) ကျွန်တော်ပေးထားတဲ့လိပ်စာကိုသာပို့ပေးပါဗျာ''
"မင်းက ငါတို့ကိုစျေးလာဆစ်နေတာလား ဒါမှမဟုတ် ကစားနေတယ်လို့ မင်းထင်နေတာလား...''
ခရီးသည်ယောင်ဆောင်တဲ့လူက ခြယ့်အင်္ကျီကော်လံစတွေကို စောင့်ဆွဲပြီးပြောလေသည်။ လူကမှသေးသေးညှပ်ညှပ်ပါဆို ကော်လံစစောင့်ဆွဲတော့ လူကလေပေါ်မြှောက်ချင်သယောင်ယောင်ဖြစ်နေပြီ။
"ဒီအိတ်ထဲလဲ ဘာမှမပါဘူးပြောပြီး အခုကျပိုက်ဆံတွေအထပ်လိုက်ပဲ ဟေ့ကောင် ကျောပိုအိတ်ထဲဘာမှမပါဘူးဆိုတာမဖြစ်နိုင်ဘူး...''
ကားသမားရဲ့စကားကို ခရီးသည်ယောင်ဆောင်တဲ့သူကခေါင်းငြိမ့်လက်ခံကာ
"မင်းက ညာတာပါတေးလုပ်ချင်တယ်ပေါ့ ဟုတ်လား...''
"ရော့ကွာ....''(မုန့်ကျွေးတာလဲ မဟုတ်ဘူး ရေတိုက်တာလဲမဟုတ်ဘူး ထိုးလိုက်တာ😬)
"အမယ်လေး....သေပါပြီ...''ခြယ် ပုံ့ခနဲ့လဲသွားသည်။ နှုတ်ခမ်းတော့ကွဲပြီထင်တယ်။လူလဲမူးချင်သလိုလိုမေ့ချင်သလိုလိုဖြစ်လာသည်။ ဘာပဲဖြစ်ဖြစ် ကျောပိုးအိတ်တော့အပါမခံနိုင်ပေ။ ခြယ်က ကျောပိုးအိတ်ကိုပိုက်ထားဆဲ ဖြစ်သည်။ ကားသမားကလူရိပ်လူခြေကြည့်နေပြီး ကျန်တစ်ယောက်ကတော့ ခြယ့်ဆီက ကျောပိုးအိတ်ကို အကြမ်းနည်းသုံးပြီးမရမကလုနေတော့သည်။
"ခွပ်...!!''
"အင့်...!"
ခြယ် ကျောပိုးအိတ်လေးကိုပိုက်ထားသည့်လက်တွေက ပြေလုပြေချင်ဖြစ်နေသည်။ ဟိုလူကထိုးကြိတ်တာရပ်ပြီး ကျောပိုးအိတ်ကို ဆွဲဖြုတ်လေသည်။
ကားသမားကပြာပြာသလဲနှင့် လုနေသောလူအား လာဆွဲလေသည်။ထို့နောက် အလျှင်အမြန်ပဲ ကားပေါ်သို့တက်ပြေးသွားသည်။ ခြယ့်မျက်လုံးထဲမှာ အမြင်တွေကဝေးဝါးနေတော့သည်။ လူကအားအင်ကုန်ခမ်းကာနုံးချိပြီး ဒဏ်ရာတွေကနာနေသည်။ ဟိုလူတွေထွက်သွားကြပြီ။ ခြယ် စိတ်ကိုဒုံးဒုံးချလိုက်သည်နှင့် လူကခွေကတည်းမေ့လဲသွားတော့သည်။
အချိန်တွေဘယ်လောက်ကြာသွားတာမသိသော်လည်း ခြယ်မျက်လုံးဖွင့်လိုက်သောအခါ အခန်းတစ်ခန်းထဲတွင်ရောက်နေသည်။ အခန်းထဲမှာမီးရောင်တွေကလည်း ထိန်တောက်နေလေသည်။ ဒါဆို မိုးတောင်ချုပ်နေပြီပေါ့။ အင်္ကျီအဝတ်အစားတွေအား စမ်းကြည့်လိုက်သည်။ အားလုံးပကတိအတိုင်းပဲမို့ စိတ်နည်းနည်းအေးသွားရသည်။ ဒဏ်ရာတွေကြောင့်ထင်သည် လူကတစ်ကိုယ်လုံးကိုက်ခဲနေ၏။
"ကျောပိုးအိတ်....''
ခြယ် ကျောပိုးအိတ်ကို သတိရသွားကာ အသည်းအသန်လိုက်ရှာသည်။
"ကျွီ.......''
အခန်းထဲသို့ လူတစ်ယောက်ဝင်လာသည်။ လက်ထဲမှာလဲ ဆန်ပြုတ်ပန်းကန်တင်ထားတဲ့လင်ဗန်းလေးကိုင်လာသည်။
"မင်းကနိုးနေတာလား....''ထိုလူက ခြယ့်ကိုမေးနေတာမို့ ခြယ်ခေါင်းညိမ့်ပြလိုက်သည်။
"မင်းဒဏ်ရာတွေကို ငါဆေးထည့်ပေးထားတယ် ဆေးသောက်ရအောင်လို့ မင်းအတွက်ဆန်ပြုတ်ကြိုလာပေးတာ....''
သူက ခြယ့် ကုတင်ဘေးတွင် ခုံတစ်လုံးယူထိုင်လိုက်သည်။ ရုတ်တရက် ခြယ့်နဖူးကိုလာစမ်းတာကြောင့် ခြယ်ကခန္ဓာကိုယ် ကိုနောက်သို့ယိမ်းလိုက်သည်။
"ဟော် ဘာလို့နောက်ယိမ်းတာလဲ အနာရှိန်ကြောင့်မင်းဖျားနေမဆိုးလို့ပါ လာခဲ့''
လာခဲ့ဆိုပြီး သူကရှေ့တိုးပြီးခြယ့်နဖူးအား လက်ဖြင့်စမ်းကြည့်သည်။ သူကခြယ့်ကိုယောကျာ်းလေးထင်ပြီး အခုလိုပေါ့ပေါ့ပါးပါးပြုမူနေသော်လည်း ခြယ်ကမိန်းကလေးဆိုတော့ မနေတတ်မထိုင်တတ်ဖြစ်နေမိသည်။
"အင်း ဖျားတော့မဖျားဘူး တော်သေးတာပေါ့ ဒီမှာမင်းသောက်ရမယ့်ဆေး ဒီမှာကဆန်ပြုတ်...ဒီမှာရေ''
သူကအရံသင့်စားပွဲပေါ်တွင်အကုန်ချပေးလေသည်။ ခြယ်သူ့မျက်နှာကိုရင်းနှီးသလိုလိုခံစားမိသည်။ ဒါပေမယ့် သိတော့မသိ။သူရောခြယ်ပါ ဘာမှမပြောပဲ ငြိမ်နေမိသည်။ ပြီးမှ
"မင်းနာမည် ဘယ်လိုခေါ်လဲ?''
"ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ?''
ထိုလူနှင့်အမေးချင်းတူနေသည်။ ထိုလူကတစ်ချက်ပြုံးလိုက်သည်။ အဲ့အပြုံးကိုလဲ ခြယ်သိသလိုလိုနှင့် သေချာမသိပေ။ ထိုလူက ရုပ်ရည်ကတော့ အတော်သန့်သူဖြစ်သည်။ ပါးချိုင့်ပါနေတော့ အပြုံးကတော်တော်ကြည့်ကောင်းသည်။ ယောကျာ်းလေးဖြစ်ပြီးအပြုံးက ချစ်စရာကောင်းရတယ်လို့။
"ခင်ဗျားနာမည်အရင်ပြောပါ...''
"မင်းနာမည် အရင်ပြောပါ....''
ပြောတာတူနေပြန်ပြီ။ ဒီတစ်ခါတော့ ခြယ်ပါလိုက်ရယ်မိသည်။
"ငါ့နာမည်က ခေတ်သမိုင်းပါ အားလုံးကတော့ မိုင်းလို့ခေါ်ကြတယ်...မင်းနာမည်ကရော...''
ခြယ့်ကိုမေးလိုက်တော့ ရုတ်တရက်ခြယ်ဘာနာမည်ပြောရမယ် မသိဖြစ်သွားသည်။
ခဏစဉ်းစားလိုက်ပြီးမှ...
"ရေး ပါ''
"ဟမ်...ရေး ''သူက သံယောင်လိုက်ပြီးနာမည်ခေါ်လိုက်သည်။
"အဲ့တစ်လုံးထဲလား...''
"ဟုတ်တယ်လေ ဘာလို့လဲ...''
"ဘာမှမဟုတ်ပါဘူး နာမည်ကထူးဆန်းလို့ပါ...ဪ ဒီမှာ မင်းကျောပိုးအိတ်....''
မိုင်းက ရေးဆိုတဲ့ကောင်လေးရဲ့ ကျောပိုးအိတ်ကိုလှမ်းပေးလိုက်တော့ ကောင်လေးကအတော်ပျော်သွားပုံရသည်။
ကောင်လေးကြည့်ရတာ ဖြူဖြူသန့်သန့်လေးဖြစ်သည်။ မျက်နှာလေးက ကလေးဆန်ပြီး အပြစ်ကင်းသည့်ပုံစံလေးဖြစ်သည်။
"ဒါနဲ့ မင်းနဲ့ဟိုလူတွေနဲ့ကဘယ်လိုဖြစ်တာလဲ ရန်ငြိုးရှိလို့လား...''
"ကျွန်တော်နဲ့ဘာရန်ငြိုးမှမရှိပါဘူး ပိုက်ဆံလုတာပါ...''
ခြယ်က ကားသမားတွေနဲ့ဖြစ်ပုံကို ပြောပြသည်။
"ဒါဆိုမင်းပိုက်ဆံတွေပါသွားတာပေါ့....''
"ဟုတ်တယ် ပိုက်ဆံထက်အရေးကြီးတာက ကျွန်တော်တည်းရမယ့်အိမ်လိပ်စာကဒ်ပျောက်သွားတာပဲ...''
"ဒါဆိုမင်းဘာဆက်လုပ်မှာလဲ တစ်ခြားဆွေမျိုးတွေဘာတွေရော မင်းမှာရှိလား...''
ခြယ်က စိတ်ပျက်လက်ပျက်ဖြင့်ခေါင်ရမ်းလိုက်သည်။
"ကျွန်တော့်မှာ ဘာဆွေမျိုးမှမရှိဘူး...ပြီးတော့ ရန်ကုန်ကိုခုမှရောက်ဖူးတာ ''
ပြောပြီး ခြယ်က စိတ်ဓာတ်ကျနေလေတော့သည်။ ခုတော့ သူမဘာဆက်လုပ်ရမည်မသိတော့ပေ။
"မင်းကလဲကွာ မိန်းကလေးကျနေတာပဲ အဲ့လောက်လဲစိတ်ဓာတ်မကျပါနဲ့ကွာ ဒီလိုလုပ် မင်းကိုငါကူညီပါ့မယ်''
မိုင်းရဲ့စကားကို ခြယ်ကမယုံသလိုလေးကြည့်ကာ
"ခင်ဗျား နောက်နေတာလား...''
"ငါကမင်းကိုနောက်စရာလား မင်းတစ်ယောက်တော့ခေါ်ကျွေးထားနိုင်ပါတယ် ပြီးတော့မင်းပုံစံကြည့်ရတာလဲ အူတူတူအတတနဲ့ဆိုတော့ မင်းတစ်ယောက်ထဲသာလျှောက်သွားရင် ထပ်ပြီးအလိမ်ခံနေရမယ်...''
"ကူညီမယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဗျာ....ခင်ဗျားကျေးဇူးကို ကျွန်တော်မမေ့ပါဘူး....''
ခြယ်ကဝမ်းသာအားရလေးပြောလေသည်။
တကယ်ဆို ဒီကောင်လေးကလူကောင်းလား လူဆိုးလား မိုင်းဘာမှရေရေရာရာမသိပေ။ သို့သော်လည်း ကောင်လေးကိုမြင်ကတည်းက ကူညီချင်စိတ်တွေဖြစ်နေခဲ့သည်။ နေရင်းထိုင်ရင်းနဲ့လဲသနားဂရုဏာသက်နေမိသည်။ ကောင်လေးဖြစ်နေလို့ပေါ့ မိန်းကလေးသာဆိုရင် မြင်မြင်ချင်းချစ်မိတာလားလို့တောင် ကိုယ့်ကိုယ်ကိုသံသယဖြစ်မိမှာအမှန်။
"ဒါနဲ့ ဒီအိမ်မှာခင်ဗျားတစ်ယောက်ထဲလား...''
"အင်းလောလောဆယ်တော့ ငါတစ်ယောက်ထဲပဲ ဒယ်ဒီနဲ့မာမီကခရီးသွားတယ် မနက်ဖြန်တော့ပြန်ရောက်လိမ့်မယ်''
ခြယ်က အခန်းကျယ်ကြီးကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သရဲတော့မခြောက်လောက်ပါဘူး။
"ဘာလဲ မင်းကသရဲကြောက်လို့လား...''
"မကြောက်ပါဘူး...''
ခြယ်က ရုပ်တည်လေးနှင့်ပြောလိုက်သည်။
"အေးပါ မင်းမကြောက်ဘူးဆိုတော့ ကောင်းပါတယ် မြင်ရတွေ့ရတဲ့အခါမလန့်တော့ဘူးပေါ့ ဆန်ပြုတ်တွေလဲအေးကုန်ပြီ သောက်လိုက်ဦးပြီးရင် ဆေးသောက်ပြီးအိပ်လိုက် အသံတွေဘာတွေတော့ကြားနေရမှာပဲ....Good night ''
ပြောပြီးတာနှင့် မိုင်းကအခန်းထဲမှထွက်သွားတော့သည်။ ခြယ်ကတော့ သူပြောတဲ့စကားများကြောင့် တောင်ကြည့်မြောက်ကြည့်နှင့်လန့်နေမိသည်။ စောင်တွေဘာတွေဆွဲခြုံလိုက်သည်။
ခုလောက်ဆို ရေး ဆိုတဲ့ချာတိတ်ကြောက်နေလောက်ပြီ။ မိုင်းကခိုးရယ်လိုက်သည်။ တကယ်ဆို ဒီအိမ်မှာဘာမှမရှိပေ။ တမင်သက်သက်ကောင်လေးအား နောက်လိုက်ခြင်းပင်။ ပြီးမှသတိရတယ်
သူစိမ်းကောင်လေးတစ်ယောက်ကို ရင်းနှီးစွာစနောက်နေမိတဲ့ မိမိကိုယ်ကို...။