"ဪ အစ်ကိုကြီးပြန်လာပြီလား ကြိုလဲမပြောထားဘူး ချိုတို့သားမိလာကြိုမှာပေါ့...''
"ဟုတ်သားပဲ ဒယ်ဒီကလည်း ပင်ပန်းအောင်လို့..''
ရင်ထဲကမပါသောစကားတွေအား အပြုံးပန်းဝေဝေဖြင့်ပြောနေလေသည်။
"ကိုကြီးက ချိုတို့တွေ အံသြဝမ်းသာဖြစ်သွားအောင်လို့ပါ...''
"ဒယ္ဒီ သမီးဖို့ဘာပါလဲ...''
"အစုံပေါ့ကွာ ဒယ်ဒီ့သားသမီးတွေအတွက်ဒယ်ဒီဘယ်မေ့လို့ဖြစ်မလဲ''
ဦးထွဋ်ခေါင်က ဟိုကြည့်သည်ကြည့်ဖြင့်
"ဒါနဲ့ ခြယ်ခြယ်ရော''
ဒေါ်ထိပ်ထားချိုက မျက်နှာလေးညှိုးငယ်ဟန်လုပ်လိုက်ကာ
"အိမ်ထဲအရင်ဝင်ပါဦး ကိုကြီးရာယ် ပြီးမှ ချို အေးဆေးပြောပြပါ့မယ်....''
"ဘာများဖြစ်လို့လဲ ချိုရဲ့''
ဧည့်ခန်းထဲတွင် ဦးထွဋ်ခေါင်ထိုင်ပြီးသည်အထိ ဒေါ်ထိပ်ထားချိုက မပြောသေးပဲ မျက်ရည်အဝိုင်းသားဖြင့် စို့နင့်နေဟန်လုပ်နေသည်။ ပိတောက်ချိုကလည်း သူ့အမေဟန်လုပ်နေပြီမှန်းသိတာမို့ ဘေးမှနှစ်သိမ့်ပေးနေလေသည်။ ဦးထွဋ်ခေါင်ကတော့ ဘာမှနားမလည်နိုင်စွာကြည့်နေလေသည်။
"အမေရာယ် ပြောစရာရှိတာတော့ပြောရမှာပေါ့....''
"ကို စိတ်ပူလာပြီကွာ မြန်မြန်ပြောပါ သမီးဘာဖြစ်လို့လဲ...''
"ချိုအသုံးမကျလို့ပါရှင် ချို သူ့ကိုအတန်တန်တားနေတဲ့ကြားကနေ ဟိုဖက်ခြံကအလုပ်သမားနောက် လိုက်ပြေးသွားတယ် ''
"ဘာ......''
ဦးထွဋ်ခေါင်ရဲ့ ဘာဆိုတဲ့အသံနှင့်အတူ မယုံကြည်နိုင်ခြင်းများဖြင့် ဒေါ်ထိပ်ထားချိုအားကြည့်လေသည်။
"ချို ဒါနောက်စရာမဟုတ်ဘူးနော် ဘယ်လိုဖြစ်တာလဲ သေချာပြောစမ်းငါ့ကို.....''
"ဟို ဟိုဖက်ခြံက အလုပ်သမားကောင်လေးက သူ့ခြံကအလုပ်ရှင်တွေနဲ့လာတောင်းရမ်းပါသေးတယ် ချိုလဲ ခြယ်လေးနဲ့အဲ့ကောင်လေးကချစ်နေကြမှန်းမသိဘူး ပြီးတော့ အစ်ကိုကြီးစီစဉ်ထားတဲ့ မင်္ဂလာပွဲကလည်းရှိနေတော့ ငြင်းလွှတ်လိုက်တာ နောက်ရက် နောက်ရက် ခြယ်လေးကအဲ့ခြံကအလုပ်သမားနဲ့ ခိုးရာလိုက်ပြေးသွားပါလေရော ''
ဒေါ်ထိပ်ထားချိုက မထွက်သည့်မျက်ရည်များကိုသုတ်ရင်း ပြောပြလေသည်။
ဦးထွဋ်ခေါင်ကတော့ မျက်လုံးတွေ မီးဝင်းဝင်းတောက်ကာ အလွန်အမင်းစိတ်တိုနေလေသည်။
"တောက်!! မင်းတို့ကလိုက်မရှာဘူးလား ဘာလုပ်နေကြတာလဲ ''
သားမိနှစ်ယောက်လုံးက မျက်နှာတွေအောက်ငုံ့ထားကြသည်။ ဒေါ်ထိပ်ထားချိုက မျက်နှာငယ်လေးဖြင့်
"ကိုကြီးရာယ် အဲ့လိုတော့မပြောပါနဲ့ ခြယ်လေးအတွက် ချိုဘယ်လောက်ထိ စိတ်ဒုက္ခရောက်ခဲ့ရလဲ သိရဲ့လား...''
"ဟုတ်တယ် ဒယ်ဒီအဲ့လိုတော့ မပြောပါနဲ့ မိခြယ်ယောကျာ်းနောက်လိုက်သွားကတည်းက အမေ့မှာစားမဝင်အိပ်မပျော် တစ်မှိုင်မှိုင်
တစ်ထွေထွေဖြစ်နေတာ...''
"ငါ ဟိုဖက်ခြံကိုသွားမေးမယ်...''
ဦးထွဋ်ခေါင်က ထရပ်လိုက်သည်။ပိတောက်ချိုက အလန့်တကြားဖြစ်သွားကာ
"ဟင်...ဒယ္ဒီက ဘာ ဘာလို့သွားမှာလဲ....''
ဒေါ်ထိပ်ထားချိုက ပိတောက်ချိုကိုလက်တို့ပြီး မသိမသာခေါင်းခါပြလိုက်သည်။
"သွားမေးပါ...ကိုကြီးမယုံရင် သွားမေးနိုင်ပါတယ် ချိုလည်းလိုက်ခဲ့မယ်....''
ဒီလိုနှင့်ဟိုဖက်ခြံသို့ ထွက်သွားကြသည်။
"အိမ်ရှင်တို့...အိမ်ရှင်တို့...''
စိတ်တိုနေတာရာယ် လူတစ်ယောက်မှမတွေ့တာရာယ်ကြောင့် ဦးထွဋ်ခေါင် ကြုံးအော်နေသည်။ ခြံစောင့်ဟုထင်ရသည့် လူတစ်ယောက်ကပြေးလာသည်။
"ဘယ်သူနဲ့တွေ့ချင်တာလဲဗျ...''
စိတ်မရှည်သည့်လေသံဖြင့် မျက်မှောင်ကျုံ့ပြီးမေးလေသည်။
"ဘယ်သူတွေလဲ...''
အိမ်ထဲမှ နောက်ထပ်လူတစ်ယောက်ထွက်လာသည်။ သူဋ္ဌေးဟုထင်ရတာကြောင့် ဦးထွဋ်ခေါင်က လိုရင်းကိုပဲမေးလိုက်သည်။
"ခင်ဗျားတို့ခြံကအလုပ်သမား မိန်းမခိုးသွားတယ်ဆိုတာ ဟုတ္လား...''
"ဟုတ်တယ် ဘာမပြောညာမပြောပျောက်သွားတာ သူမိန်းမခိုးသွားတဲ့အကြောင်းကို စာတစ်စောင်ပဲချန်ခဲ့တယ် ခင်ဗျားကသူနဲ့ဘယ်လိုပတ်သတ်လို့လဲ...''
ဟိုဖက္ကလူကလဲ ဦးထွဋ်ခေါင်အားစိတ်မရှည်သည့် လေသံဖြင့်ပြန်မေးလေသည်။
"ဘာမွမပက်သက္ဘူး...''
ဦးထွဋ်ခေါင်က စကားကိုတုံးတိပြောပြီး ထွက်သွားသည်။ ဒေါ်ထိပ်ထားချိုလဲ နောက်မှလိုက်သွားသည်။ ပိတောက်ချိုကတော့ သူထင်ထားသလိုမဟုတ်သည့်အခြေအနေအား အံသြနေရသည်။
အိမ်ရောက်သည့်တိုင် ဦးထွဋ်ခေါင်စိတ်တိုနေသည်။ ခရီးရောက်မဆိုက် ကြားလိုက်ရသည့် သတင်းက သမီးလင်နောက်လိုက်သွားသည်တဲ့။ လိမ္မာတဲ့သမီးလေးဆိုပြီး ကိုယ္ကေတာ့ တိတ်တိတ်လေးချီးကျူးနေလိုက်ရတာ ခုတော့...
"သင်းက ဒီလောက်တောင်မှ မွဲချင်နေမှတော့ ငါကလည်းမွဲအောင်လုပ်ပေးရမှာပေါ့ မနက်ဖြန် သူ့ကိုငါ့သမီးအဖြစ်က အမွေဖြတ်စွန့်လွှတ်လိုက်တဲ့အကြောင်း သတင်းစာထဲထည့်ကြော်ငြာလိုက်...''
ဦးထွဋ်ခေါင် မျက်နှာတစ်ခုလုံး နီရဲခက်ထန်နေကာ ပြောပြီးသည်နှင့် အိမ်ပေါ်သို့တက်သွားတော့သည်။
ဒေါ်ထိပ်ထားချိုက ငိုချင်ဟန်ဆောင်နေရာမှ
"အမေတို့ အရေးတော်ပုံအောင်ပြီ သမီးရေ...''
ပြုံးရွှင်ကာအားရဝမ်းသာပြောလေသည်။
"ဘာကိုလဲ အမေရဲ့''
ပိတောက်ချိုက ကြောင်တောင်တောင်နှင့် မေးလေသည်။
"အော် ညည်းကလဲ လည်မလိုနဲ့ အ နေတယ် အခုအဘိုးကြီးက သူ့သမီးအရင်းကိုအမွေဖြတ်စွန့်လွှတ်လိုက်ပြီ...အဲ့တော့ သူပိုင်ဆိုင်သမျှတွေက အမေတို့သားမိအတွက်ဖြစ်သွားပြီလေ...''
"ဟုတ်သားပဲ ဒါနဲ့ ဟိုဖက်ခြံကအလုပ်သမားကဘယ်ရောက်သွားတာလဲ...''
"ထိပ်ထားချိုပါ မပိုင်ရင်ခြင်တောင်မရိုက်ဘူး အခုလိုဗြုန်းစားကြီးရောက်လာခဲ့ရင်ဆိုပြီး ကြိုတွက်ထားပြီးသားလေ အဲ့တော့ သူမလာခင်အရင်ရက်ကတည်းက အဲ့ခြံကအလုပ်သမားကို ငွေပေးပြီးခြေရာဖျောက်ခိုင်းလိုက်တာလေ ဘယ္လိုလဲ အားလုံးပိရိတယ်မလား....''
"ပိရိခ်က္ကေတာ့ သမီးတောင်မှ မသိလိုက်ဘူးအမေရာယ် တော်လိုက်တာ အခုတော့ အရှုပ်တွေအားလုံးရှင်းသွားပြီပေါ့...''
ဒေါ်ထိပ်ထားချိုက ခေါင်းရမ်းကာ
"အရှုပ်ထုပ်ကိုအပျက်ရှင်းဖို့ ကျန်နေသေးတယ်...''
"သူ့ကို အမေရှာတွေ့ပြီလား ''
"မတွေ့သေးဘူး လူလွှတ်ပြီး မြို့အနှံ့ရှာခိုင်းထားတာတောင်မှ ခုချိန်ထိ သူနဲ့တူတဲ့သူတောင်မတွေ့သေးဘူး..''
"ဟင် ဒါဆိုဘယ္လိုလုပ္မလဲ..''
"ရှာစရာရှိတာတော့ ဆက်ရှာရမှာပေါ့ ပြီးတော့ အမွေတွေပိုင်ဆိုင်မှုတွေက ဆိုင်သူမရှိတော့ဘူးဆိုပေမယ့် အမေကသူ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ပဲရမှာ အဲ့တော့ အကုန်လုံးရအောင်ထပ်စီစဉ်ရမယ်....''
"ဘယ်လိုစီစဉ်မှာလဲ...''
"ခွမ်း....''
ဖန်ခွက်ကျကွဲသံကြောင့် ဒေါ်ထိပ်ထားချိုတို့သားအမိ နောက်သို့လှည့်ကြည့်သည်။ လူမမြင်ရသေး။
"ဘယ်သူလဲ...''
သားမိနှစ်ယောက်ထသွားပြီးကြည့်တော့ ဒေါ်ညိုဖြစ်နေသည်။
ဒါဆို သူတို့သားမိပြောတာတွေကို ဒေါ်ညိုအကုန်ကြားသွားပြီပေါ့။
"ရှင် ကျွန်မတို့သားမိပြောတာတွေကို ခိုးနားထောင်နေတာပေါ့...''
ဒေါ်ထိပ်ထားချိုက ဒေါသသံကြိတ်ကြိတ်ဖြင့် ပြောသည်။
"ဘာတွေကြားလဲ..''
ပိတောက်ချိုကတော့ စားတော့ဝါးတော့မတက်ကြည့်နေသည်။ ဒေါ်ညိုက ဖန်ခွက်အကွဲတွေကိုလဲ မသိမ်းသေးပဲ မတ်တပ်ရပ်လျှက်နှင့် လင်ဗန်းကြီးကိုင်ပြီး ခေါင်းငုံထားသည်။
"ဘာ ဘာမှမကြားရပါဘူးရှင် ''
"ကျွန်မမျက်နှာကိုသေချာကြည့်ပြော....''
ဒေါ်ညိုက မဝင့်မရဲ့ဖြင့် မော့ကြည့်သည်။ ပြီးတော့ ခေါင်းပြန်ငုံသွားသည်။ တကယ်ဆို ဒေါ်ညို အကုန်ကြားလိုက်သည်။ ဘယ်လောက်တောင်မှ ကြောက်စရာကောင်းတဲ့မိန်းမလဲ။
"တစ်ခါတည်းပြောထားမယ် ရှင် သက်တမ်းရှည်ရှည်နေချင်သေးတယ်ဆိုရင် အာမချောင်ပါနဲ့ ရှင် တစ်ခုခုလုပ်မယ်အာချောင်မယ်ဆိုရင်တော့ ဒီအိမ်ကနေခေါင်းနဲ့ဆင်းရမယ်မှတ် ကြားလား''
"ကြား ကြား ကြားပါတယ်သူဋ္ဌေးကတော်...''
ဒေါ်ညို ကြောက်ရွံနေမိသည်။ ဒါပေမယ့် အရင်ကတည်းက ဒီအကြောင်းတွေ သူတို့သားအမိရဲ့စိတ်ဓာတ်တွေကို ဘာတစ္ခုမွမသိတဲ့ မောင်ထွဋ်ခေါင်ကိုပြောပြချင်သည်။ သမီးလေးခြယ်ခြယ် အိမ်ကထွက်ပြေးသွားတာကလည်း သူတို့သားမိပြောသလို ယောကျာ်းနောက်လိုက်သွားတာ မဖြစ်နိုင်ဘူးလို့ ဒေါ်ညိုထင်သည်။ သူတို့သားမိရဲ့ ယုတ်မာမှုတွေကို မောင်ထွဋ်ခေါင်ယုံအောင် သူဘယ်လိုပြောရပါ့မလဲ။
"အဲ့ဒါဘာရပ်လုပ်နေတာလဲ ဒီဖန်ကွဲစတွေကိုရှင်းလေ''
"ဟုတ်....''
အမှန်တရားကို ဘုရားသိကြားသိပါတယ်...