part14

166 2 0
                                    

"ကျွန်တော် ဆေးတစ်လုံးထိုးပေးထားခဲ့တယ် ဒီမှာသောက်ဆေး....''
"ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ဗျ...''
ဆရာဝန်အား ဒါရိုက်ဘာနှင့်ပြန်လိုက်ပို့လိုက်သည်။
" အဆင်ပြေရဲ့လား အန်တီနွဲ့က အဲ့ဒါကြောင့်ပြောတာပေါ့ ခြံထဲကအလုပ်တွေမလုပ်ပါနဲ့လို့ပြောတာ ပန်းပင်တွေရေလောင်းရင်း ရေစိုသွားလို့ဖျားတာထင်တယ်....''
မိုင်းရဲ့အမေက ခြယ် ဖျားလို့ဆရာဝန်ပင့်ရတယ်ဆိုကတည်းက စိုးရိမ်ပူပန်စွာဖြင့် အနားသို့ရောက်လာသည်။ မိုင်းကတော့ ရေးကိုဆို အကဲပိုလွန်းသည့် မာမီ့ကိုကြည့်ပြီးပြုံးနေမိသည်။
"ဘေးလူကြားရင်တော့ မာမီက သူ့ချွေမလေးကို ပူပန်နေတယ်ထင်ဦးမယ်...''
မိုင်းရဲ့ စကားကြောင့် ခြယ်မျက်နှာပူသွားရသည်။ သူ့ကိုကြည့်တော့ စစနောက်နောက်ပြောလိုက်သည့်ပုံစံပင်။ အေးလေ သူကကောင်လေးအဖြစ်ပဲ သိတာကိုး။
"ဟယ် သားကလဲ ပေါက်ကရတွေပြောတော့မယ် ရေးကို မာမီက ကိုယ့်သားသမီးလိုချစ်လို့ စိတ်ပူလို့ပြောတာပါ အလကားသပ်သပ် ရေး မနေတတ်အောင် နောက်နေတယ်....''
မာမီ့ရဲ့အပြောကို နားထဲမရောက်ပဲ မိုင်းမျက်လုံးတွေက ရှက်ပြီးနီရဲနေသည့် ရေးမျက်နှာကိုသာ ငေးလျှက်။
"ရပါတယ်ဗျာ မိုင်းက စနောက်တတ်တာသိပါတယ်...''
မိုင်းကိုတော့ မော့မကြည့်ပေ။ သူ့အကြည့်တွေက ခြယ့်ကို အမြဲ ရှက်ကို့ရှက်ကန်းဖြစ်စေသည်။ သူ ခြယ့်မိန်းကလေးဆိုတာကို ရိပ်မိသွားလို့လား သိသွားလို့လား။ သိစရာလား ခြယ်က အရင်ကထက်တောင်မှ ယောကျာ်းလေးလို ပိုပြီးနေတတ်ထိုင်တတ်လာတာကို...
"အဲ့လို စနောက်တတ်တဲ့သူနဲ့မှ အလုပ်အတူတူလုပ်ရဦးမှာ...''
"ဟမ် ကျွန်တော်က ခင်ဗျားနဲ့အလုပ်တူတူလုပ်ရမှာ''
"သားက အခုမှပြောတာလား...''
"ဟုတ်တယ် ''
"ဘယ်လိုလဲ သား လုပ်ချင်ရဲ့လား မင်းအန်ကယ်စီစဉ်ပေးတာ မင်းအတွက်အလုပ်အဆင်ပြေအောင်ဆိုပြီး....''
"ကျွန်တော့်အတွက်အဆင်ပြေပါတယ် ခုလိုနေခွင့်ပေးထားတာနဲ့တင် ကျွန်တော် အန်တီတို့ အန်ကယ်တို့ကိုကျေးဇူးတင်နေတာပါ အလုပ်ရဖို့ထိတောင် စဉ်းစားပေးတော့ ကျွန်တော် အန်တီတို့ကျေးဇူးကို ဘယ်လိုတောင်ပြန်ဆပ်ရမယ် မသိတော့ပါဘူး...''
အားတုံ့အားနာဖြစ်နေသည့် ခြယ့်ကိုကြည့်ပြီး  မိုင်းရဲ့အမေက
"ဘာမှကျေးဇူးဆပ်စရာမလိုပါဘူး သားရာယ် အန်တီတို့က စေတနာသန့်သန့်နဲ့သားကို ကူညီတာပါ''
အန်တီနွဲ့က အဲ့လိုပြောလေ လိမ်ထားရသည်ကြောင့် ပိုပြီးအားနာလေလေ ဖြစ်မိသည်။ အန်တီနွဲ့က သား လို့ တစ်ခွန်းခေါ်တိုင်း ခြယ်ယောကျာ်းလေးအဖြစ်ဟန်ဆောင်ထားတာကို သတိပေးနေသလိုပင်။
"ကဲပါ မာမီရာ ရေးကို နားခိုင်းလိုက်ပါဦး သူနောက်မှအေးဆေး စဉ်းစားပါလိမ့်မယ် ခုသူလဲနေကောင်းသေးတာမဟုတ်ဘူး...''
"ဟုတ်သားပဲ အေး အေး သားလေးနားလိုက်ဦးနော် ''
ပြောပြီးသည်နှင့် ဒေါ်နွဲ့နွဲ့ခင်က အခန်းထဲမှ ထွက်သွားသည်။
မိုင်းကထွက်မသွားသေးပဲ လက်ပိုက်လျှက် ခြယ့်ကို ကြည့်နေတာကြောင့် ခြယ်က
"ခင်ဗျားကဘာရပ်လုပ်နေတာလဲ...''
"မင်းအိပ်တာကိုကြည့်မလို့လေ...''
ရုပ်တည်နှင့်ပြောတော့ခြယ်လန့်သွားသည်။
"ဟမ်!!!''
"ဟား ဟား နောက်တာပါကွာ ဖြစ်သွားတဲ့ရုပ်ကိုလဲ ကြည့်ပါဦး မင်းအိပ်တာကိုရပ်ကြည့်ပြီး အိပ်ရေးပျက်ခံစရာလား ချစ်သူကောင်မလေးလဲမဟုတ်ဘာမဟုတ်နဲ့...''
"မသိဘူးလေ ခင်ဗျားက ရုပ်တည်နဲ့ပြောတော့ လန့်သွားတာပေါ့''
"ကဲပါ အိပ်တော့ ငါမီးမှိတ်ပေးခဲ့မယ် ဆောင်လေးဘာလေးလဲခြုံအိပ်ဦးနော် Good night ...''
ခြယ် ဆောင်ခြုံပြီးမှ သူ မီးပိတ်ပြီးအခန်းထဲကထွက်သွားသည်။
ခြယ့်မှာတော့ သူ့အကြည့် သူ့အပြုံးတွေကြောင့် ရင်တုန်နေတာမပျောက်သေး။
~~~~~
"ဟိုကောင်မ ငါတို့ကို့တစ်ပတ်ရိုက်သွားပြီ...''
"ဘာလို့လဲ အမေ....''
"သူပြောတဲ့လိပ်စာကအမှားကြီး....''
"ဟမ် ''
"ဟုတ်တယ် အဲ့အိမ်မှာကောင်လေးနှစ်ယောက်ပဲရှိတာ မိန်းမဆိုလို့ အိမ်ပိုင်ရှင်မိန်းမတစ်ယောက်ထဲတင်တဲ့....''
"ဒါဆို မိခြယ်က ဒေါ်ညို့အနားမှာ သမီးတို့ရောက်နေတယ်ဆိုတာ ရိပ်မိသွားတာပေါ့....''
"ဟုတ်တယ် ခုသူ့ကို ဘယ်လိုဆက်လိုက်ရမယ်မသိတော့ဘူး....''
သားမိနှစ်ယောက် ခဏတိတ်ဆိတ်သွားသည်။
"သတိရပြီ အာကာ့ကို မရမက သေချာထပ်မေးရမယ်...အာကာ့ကို ခေါ်လိုက်''
"ဟို....:အမေ အာကာကအိမ်မှာမရှိတော့ဘူး...''
"ဘာ....ဘယ်လိုဖြစ်တာလဲ ငါလဲမသိလိုက်ရပါလား...''
"သမီးတို့ရဲ့အရှုပ်တော်ပုံထဲ သူမပါချင်လို့ဆိုပြီး ထွက်သွားတာ သမီးလဲ အမြင်ကပ်တာနဲ့ မတားလိုက်တာ''
"အဲ့ဒါကို ငါ့ကို ဘာလို့မပြောတာလဲ ပိတောက်ချို နင်ကတော့လေ ကိုယ့်မောင်တစ်ယောက်လုံးအိမ်ကထွက်သွားတာတောင် တားဖော်မရဘူး..."
ဒေါ်ထိပ်ထားချို စိတ်ဆိုးဝမ်းနည်းစွာဖြင့် သမီးဖြစ်သူပိတောက်ချိုအား ဆူပူနေမိသည်။ ဒီသားသမီးတွေ ကောင်းစားဖို့အတွက်လုပ်နေတာလေ ဒါကို သားကအိမ်ပေါ်ကဆင်းသွားတော့ သူမအခုလိုလုပ်နေတာတွေက ဘယ်သူ့အတွက်လဲ....
"သူကဘယ်ကိုသွားတာလဲသိလား...''
"မသိဘူး အမေ....''
"ဒါဆို သူ ဟိုကောင်မကိုလိုက်ရှာတာများလား...''
"ဖြစ်နိုင်လို့လား အမေရဲ့...''
"ဘာလို့မဖြစ်နိုင်ရမှာလဲ....အစပျောက်နေတဲ့ဟာကို အခုအစဖော်လို့ရတော့မယ် ငါ့သားက ငါ့ကိုကောင်းကျိုးပေးမှာပါ...''
ပိတောက်ချိုက သိပ်နားမလည်သော်လည်း ငြိမ်နေလိုက်သည်။ အမေလုပ်သမျှက နောက်ဆုံးမှာ သူမတို့ပဲကောင်းစားမည်မလား။
~~~~
"တီ......တီ...''
တစ်ဖက်မှ ဖုန်းမကိုင်သေးတာကြောင့် မိုင်း ခဏစောင့်နေလိုက်သည်။ စိတ်ကတော့သိပ်မရှည်။
"ဟယ်လို....''
"ဟယ်လို...ဒါဘယ်ကိုရောက်နေတာလဲဗျ...''
တစ်ဖက်မှ ဖုန်းကိုင်လာတဲ့ အမျိုးသမီးအသံကြောင့် မိုင်းက ကိုယ်သိချင်တာကိုအဓိက မေးလိုက်မိခြင်းပင်။
"ဘယ်သူလဲ ဘယ်ကိုဆက်တာလဲ ဘာကိစ္စလဲ...''တစ်ဖက်မှ အမျိုးသမီး၏ ခပ်မာမာ အမေးကြောင့် မိုင်း မျက်ခုံးပင့်သွားရသည်။
"ဟို.....ကျွန်တော်က ဦးထွဋ်ခေါင်တို့အိမ်ကိုဆက်တာပါဗျ ''
"ဒါ ဦးထွဋ်ခေါင်အိမ်ပဲ ရှင်ကဘယ်သူလဲ...''
"ကျွန်တော်က ခေတ်သမိုင်းပါ....''
"ဟမ် ရှင်က ခေတ်သမိုင်းလား ဪ တောင်းပန်ပါတယ်ရှင် ကျွန်မက ဖုန်းသရဲတွေမှတ်လို့ပါ ဟင်း ဟင်း''
လေသံက နဂိုထက်ပိုပြီးချိုပျော့သွားသည်။
"ဒါနဲ့ အခုပြောနေတာ ဘယ်သူလဲမသိဘူး...''
တစ်ဖက်မှ ပိတောက်ချို ရုတ်တရက်ဘာဖြေရမှန်းမသိဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူက ရွှေရေးခြယ်အဖြစ် သရုပ်ဆောင်ထားတာပဲ ဆက်ပြီး သရုပ်ဆောင်ရမှာပေါ့။
"ကျွန်မက ရွှေရေးခြယ်ပါ မိုင်း အိမ်လာတုန်းက တွေ့ဖူးတယ်လေ....''
"ရွှေရေးခြယ်...... ''
မိုင်းက သံယောင်လိုက်ရွှတ်လိုက်သည်။
"မိုင်း က အိမ်ဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲဟင်''
"အန်ကယ့်ဆီကပါ....''
" ခုဖုန်းဆက်တာက ခြယ့်ဆီကိုဆက်တာလား ဟင်...''
ပိတောက်ချိုက မျှော်လင့်တကြီးမေးလေသည်။
"မဟုတ်ပါဘူးဗျ ကျွန်တော် အန်ကယ့်ဆီကိုဆက်တာပါ ပြောစရာကိစ္စလေးရှိလို့ပါ...အန်ကယ်ရှိလားဗျ...''
မိုင်းရဲ့ အပြောကြောင့် ပိတောက်ချို နှုတ်ခမ်းလေး မသိမသာမဲ့သွားသည်။
"ဒယ်ဒီက မရှိဘူး မိုင်း....ပြောစရာရှိရင် ခြယ့် ကိုပြောခဲ့လေ ခြယ်က ဒယ်ဒီ့သမီးပဲ...''
"ရပါတယ်ဗျ ဒီကိစ္စက အန်ကယ်နဲ့ ပြောမှအဆင်ပြေမှာမလို့ပါ အန်ကယ်လဲ မရှိဘူးဆိုတော့ ဒါပဲနော်...''
"ဟို...နေပါ...''ပိတောက်ချို စကားမဆုံးခင် တစ်ဖက်မှ ဖုန်းချသွားသည်။
"တီ:::''
မိုင်း တစ်ယောက် စဉ်းစားခန်းထုတ်နေရတော့သည်။
အန်ကယ်ပြောတော့ သူ့သမီးအိမ်ကထွက်သွားပြီတဲ့ ဒါဆို ခုငါနဲ့ဖုန်းပြောတဲ့သူက ရွှေရေးခြယ် အတုပေါ့။ ခုဖုန်းပြောတဲ့သူက ငါသွားတွေ့ခဲ့တဲ့ ရွှေရေးခြယ်ဆိုတော့ ငါတွေ့ခဲ့ရတဲ့ ရွှေရေးခြယ်ကလဲ အတုပဲပေါ့။ ရွှေရေးခြယ်အဖြစ်ဟန်ဆောင်တဲ့သူက ဘယ်သူလဲ။ သိပ်မစဉ်းစားလိုက်ရပဲအဖြေထွက်လာသည်။
ဦးထွဋ်ခေါင်ရဲ့ မယားပါသမီးပေါ့။ ရေးက တကယ်ပဲ ရွှေရေးခြယ်အစစ်ဖြစ်နေတာလား။
ခြံထဲမှာထိုင်နေသော ရေးကို မြင်တာကြောင့် မိုင်း သွားဖို့ ဟန်ပြင်မိသည်။ ဒါပေမယ့် သေချာကြည့်တော့ ရေးက သတင်းစာတစ်စောင်ကို ကြည့်ပြီး ငိုနေတာဖြစ်သည်။ ဒါကြောင့် မိုင်းလဲ မသွားသေးပဲ ခဏရပ်ကြည့်နေမိသည်။ ခဏနေတော့ ရေး ခြံပြင်သို့ထွက်သွားသည်။ ရေးရဲ့ပုံစံက ထူးဆန်းတာကြောင့် မိုင်း အသိမပေးပဲ အနောက်မှ တိတ်တိတ်လေး လိုက်သွားသည်။
ရေး က လမ်းဘေးဖုန်းဆိုင်ကနေ တစ်ယောက်ယောက်ဆီကို ဖုန်းလှမ်းဆက်နေလေသည်။ မိုင်းက ခပ်လှမ်းလှမ်းမှ ကြည့်နေတာမို့ အသံတော့ မကြားရပေ။ အသံမကြားရပေမယ့် ရေး ကြည့်ရတာ စိတ်ထိခိုက်ကြေကွဲနေဟန် ဖြစ်သည်။ ရေးကဖုန်းပြောပြီးတော့ အိမ်ပြန်သွားသည်။ မိုင်းက ဆိုင်တစ်ဆိုင်ထဲ ခဏဝင်ပြီးရှောင်နေလိုက်တာကြောင့် ရေး ကမတွေ့လိုက်ပေ။ ရေး ဘယ်သူ့ဆီကိုဆက်တာလဲ။ ပြီးတော့ ဘာလို့ငိုနေတာလဲ။ ဘယ်လောက်ပဲ ဝေဝေး ရေးမျက်ဝန်းထဲက မျက်ရည်တွေကို မိုင်း အနီးကပ်မြင်နေရသလိုပင်။ ရေး မျက်ရည်တွေကြောင့် မိုင်းရင်ထဲမှာတစ်မျိုးကြီးခံစားရသည်။ ဘယ်လောက်ပဲ ရေးက ယောကျာ်းလေး ဖြစ်နေပါစေ ရေးမျက်ရည်တွေ တိတ်သွားအောင်အထိ မိုင်းချော့မြူနှစ်သိမ့်ချင်မိသည်။ ဒါဟာ ရေး အပေါ်မှာရှိတဲ့ သူ့ရဲ့သံယောဇဉ်ထင်ပါ၏။
မိုင်း ရေးထွက်သွားတဲ့ ဖုန်းဆိုင်ကို သွားလိုက်သည်။
"ဟို....အစ်မ စောစောက ကောင်လေးဆက်သွားတဲ့ ဖုန်းနံပါတ်ကို သိလို့ရမလား...''
"ဟမ် ဘယ်ကောင်လေးလဲ ဪ ခုနက ညီမလေးပြောတာလား...''
"ညီမလေး...''
"ဟုတ်တယ်လေ အစ်မတောင်မှ ကောင်လေးထင်နေတာ သူက သမီးလို့သုံးလိုက်မှ မိန်းကလေးမှန်းသိတာ....''
ဖုန်းနံပါတ်ကိုယူပြီး ထွက်လာသည် အထိ ခုနက အစ်မပြောတဲ့ စကားကို နားထဲတွင် ကြားယောင်နေဆဲ ဖြစ်သည်။
"အစ်မတောင်မှ ကောင်လေးထင်နေတာ သူက သမီးလို့သုံးလိုက်မှ မိန်းကလေးမှန်းသိတာ....''
"ဪ ခုနက ညီမလေးလား...''
ဖုန်းဆိုင်က အစ်မရဲ့ စကားသံတွေကို အကြိမ်ကြိမ်ကြားယောင်နေမိသည်။ ရေး က မိန်းကလေးလား။ မဖြစ်နိုင်တာ။
ခြံထဲရောက်တော့ ရေးက ခြံထဲတွင်ရှိမနေပေ။ ရေး ဖတ်တဲ့ သတင်းစာကို မိုင်းသတိတရဖြင့် လိုက်ရှာမိသည်။ တွေ့ပြီ။ ဒါန်းပေါ်တွင် ရေးလှန်ထားခဲ့သည့်အတိုင်း ပုံမပျက်ရှိနေသည့် သတင်းစာလေးအား မိုင်း ယူဖတ်လိုက်သည်။ ဒါပေမယ့် သတင်းစာတစ်မျက်နှာလုံးမှာ ဘယ်သတင်းကြောင့် ရေး ငိုတာလဲ ခွဲခြားမရ။
"ဟင်.....''
သတင်းတစ်ခုကြောင့် သူအံသြသွားရသည်။ သတင်းက သူနဲ့ လက်ထပ်ပေးဖို့ စီစဉ်ထားတဲ့ ရွှေရေးခြယ်ကို သူ့အဖေက အမွေပျက်စွန့်လွှတ်လိုက်ပြီ ဆိုတဲ့သတင်းပင်။ အဲ့သတင်းစာမျက်နှာမှာ ရေး မျက်ရည်စက်တွေက ပျံကျဲလျှက်။ ရေး ကဒီသတင်းကြောင့် ငိုတာလား။ သူနဲ့ဘယ်လိုပက်သတ်နေလို့လဲ။ ဒီသတင်းကြောင့် ငိုတယ်ဆိုတာ သိပ်တော့မသေချာပေ။ ဘာလို့ဆို ဒီသတင်းစာမျက်နှာမှာပဲ နောက်ထပ် အမွေဖျတ်ကြောင်း ကြေငြာစာတွေရယ် နာရေးသတင်းတွေရယ်ကြောင့်ဖြစ်သည်။
အဲ့အချိန်တုန်းကတော့ ရေး ကို မိန်းကလေးဆိုတာလောက်သာ မယုံရဲယုံရဲဖြင့် လက်ခံထားရသည်။ ခု ရေးဆက်တဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်မှ ရေးက ရွှေရေးခြယ်လား ဆိုတဲ့ မေးခွန်းတွေ ထပ်ဆင့်ပွားလာရတော့သည်။
ဘာတွေလဲ...ရေး......မင်းကဘယ်သူလဲ....

"ကိုယ့်အနာဂတ်လေး မင်း.."[Complete]Onde histórias criam vida. Descubra agora