Part1

637 6 0
                                    


"ကုမ္ပဏီသွားတော့မယ်နော်....''
"ဪ..ကိုကြီး ရုံးသွားတော့မလို့လား..''
"အင်း..ဒါနဲ့ ခြယ်ခြယ် နဲ့ကလေးနှစ်ယောက်ရော...''
"မနိုးသေးဘူးနဲ့တူတယ်...ဒေါ်ညိုရေ ဒေါ်ညို...''
"ရှင်! သူဋ္ဌေးကတော်..''
"ခြယ်လေးနဲ့ ကလေးနှစ်ယောက်ကိုနှိုးလိုက်စမ်းပါ...''
"ဟုတ်...''
ခဏကြာသော်
"ဟာ ဒယ်ဒီက ရုံးသွားတော့မလို့လား...''
"ဟုတ်တယ် သမီး ပိတောက်ရဲ့ သမီးဒယ်ဒီက ရုံးသွားတော့မှာတဲ့...''
"ဒါဆို ရုံးမသွားခင် သမီးကို မုန့်ဖိုး...''
"ပိတောက်...''
"မေမေကလည်း တကယ်ပိုက်ဆံလိုလို့ပါ...''
"ရပါတယ် ချိုရာယ် ကဲသမီးကြီးက ဘယ်လောက်လိုနေတာလဲ ပြော''
"ငါးသောင်းလောက်ပါ...''
"ဟဲ့ သုံးလှချည်လား မနေ့ကလဲပေးထားသေးတာကို...''
ဒေါ်ထိပ်ထားချို လှမ်းငှေါက်လိုက်သည်။
"ထားလိုက်ပါ ချိုရာယ် ရော့ရော့ သမီး...''
"ဟုတ် ရှဲရှဲပါနော် ဟီး...''
"ဒါနဲ့ခြယ်ခြယ်က မထသေးဘူးလား..''
"ထတော့မှာပါ ကိုကြီးရဲ့ ဒေါ်ညို့ကို သွားနှိုးခိုင်းထားပါတယ်...ကိုကြီးကလည်း ကလေးကိုအေးအေးဆေးဆေးအိပ်ခိုင်းတာမဟုတ်ဘူး...''
ပါးစပ်ရှိ၍သာ ပြောနေတာ တကယ်တော့တစ်ခုမှ ရင်ထဲကမပါချေ။
ဒေါ်ထိပ်ထားချို ဆိုတာ တခြားသူမဟုတ် ရွှေရေးခြယ်ရဲ့ မိထွေးပင်။ ဒေါ်ထိပ်ထားချို မှာက ခြယ်ခြယ် ထက်၃နှစ်လောက်ကြီးသည့် ပိတောက်ချိုနှင့် ၂နှစ်လောက်ငယ်သည့် အာကာဆိုတဲ့ သားသမီးနှစ်ယောက်ပါလာသည်။ ခြယ်ရဲ့အဖေ ဦးထွဋ်ခေါင်သည် စီးပွားရေးလောကတွင် ရွှမ်းရွှမ်းတောက်အောင်မြင်နေသောသူဖြစ်သည်။ ခြယ်ခြယ်လေး ၇တန်းလောက်တွင် ခြယ်ခြယ်ရဲ့ အမေ ဒေါ်နန္ဒာစိုးဆုံးပါးသွားရှာသည်။ အစကတော့ သမီးဖြစ်သူကိုထောက်ထားပြီး အိမ်ထောင်မပြုရန်ဆုံးဖြတ်ထားသော်လည်း ပတ်ဝန်းကျင်ရဲ့တိုက်တွန်းမှုတွေကြောင့် ခြယ်ခြယ် ၁၀တန်းပြီးလောက်တွင် ဒေါ်ထိပ်ထားချိုနှင့် အိမ်ထောင်ပြုလိုက်သည်။ ပထမတော့ ခြယ်ခြယ့် အပေါ်တွင်ကောင်းမလိုလိုနှင့် နောက်ပိုင်းမှာတော့ မိထွေးဆိုတဲ့ ဗီဇက ပြလာပါတော့သည်။ ဦးထွဋ်ခေါင်ရှေ့တွင်တော့ မိထွေးတော်ဂေါတမီလက်မှိုင်ချရလောက်အောင်ပင် ခြယ်ခြယ့်အပေါ်ကောင်းပြကြသည်။
ခဏကြာတော့ ခြယ်ခြယ် ဆင်းလာသည်။
"သမီး ဘာလို့နေမြင့်တဲ့ထိအိပ်နေရတာလဲ နောက်ဆိုစောစောထ ကြားလား...''
"ဟုတ်...''
"သမီး..သမီးအန်တီချိုတို့ မမပိတောက်တို့နဲ့ တည့်အောင်နေနော်ကြားလား အကြီးတွေကိုပြန်မအော်နဲ့နော် အဲ့ဒါပြောချင်လို့ သမီးကိုစောင့်နေတာ ကဲ အဖေသွားတော့မယ်နော် ချို အကိုကြီးသွားတော့မယ်...''
ခြယ် ငိုင်ငိုင်လေးပဲကျန်နေခဲ့တော့သည်။
"ဟဲ့...ညည်းလုပ်ရမယ့် အလုပ်တွေကိုသိတယ်နော်...''
"••••••••••''
ခြယ် ပြန်မဖြေပေ။
"ဟဲ့ ညည်းကိုပြောနေတာလေ ကြားလား...''
"ဟုတ်..''
ခြယ် ကုပ်ကုပ်လေးထွက်သွားရှာသည်။ ထိုအချိန်မှ အာကာက ဝင်၍ပြောသည်။
"အမေရာ မမခြယ်ကို ဘာလို့ဒီလိုတွေလုပ်နေရတာလဲ မမသော်တာသနားပါတယ်...''
"ဟဲ့ ကလေးက ကလေးနေရာနေစမ်းပါ သူ့ကိုဒီအချိန်မှာသာ ငါတို့ခြေဖဝါးအောက် ရောက်အောင်မလုပ်နိုင်ရင် ငါတို့မိသားစုက သူ့ခြေဖဝါးအောက်ရောက်လိမ့်မယ်ဟဲ့ နားလည်လား...''
"ဟုတ်တယ် သမီးပိတောက်ပြောတာမှန်တယ် သူ့ကိုအဲ့လိုဖြစ်အောင် အခုကတည်းက ပုံသွင်းထားမှ ငါတို့ဆင်ထားတဲ့အကွက်ထဲကိုဝင်လာမှာပေါ့...''
"ကျွန်တော် ဘာကိုမှ နားမလည်နိုင်တော့ဘူးဗျာ...''
ဘယ်လိုမှပြောမရတဲ့ အမေနဲ့အစ်မကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နှင့်ထွက်သွားတော့သည်။
"ကဲ...ဒေါ်လေးညို သမီးဘာဟင်းကိုစချက်ရမလဲပြော...''
"ဟင်း!! သမီးလေးကလည်း ဝဋ်ကြွေးပါလားနော်...''
သက်ပြင်းချရင်း ဒေါ်ညိုကပြောလိုက်သည်။
ဒေါ်ညိုက ခြယ်တို့အိမ်တွင် ခြယ့်အမေရှိကတည်းက အလုပ်လုပ်ခဲ့ရသူဖြစ်သလို ခြယ်တို့တစ်မိသားစုလုံးကလဲ တစ်လေးတစားဆက်ဆံကြသည်။ ဦးထွဋ်ခေါင်ကလည်း သူ့ကို သူဋ္ဌေးလို့အခေါ်မခံ မောင်ထွဋ်ခေါင်လို့သာ တရင်းတနှီးခေါ်ခိုင်းထားသည်။
"ဒီမိန်းမသားအမိကတော့လေ သားသမီးချင်းကိုယ်ချင်းမစာအေ ဒေါ်လေးလဲ စိတ်မကောင်းရုံကလွဲရင်မတတ်နိုင်တော့.....''
ခြယ်က ဖြတ်၍ပြောလိုက်သည်။
"ရပါတယ် ဒေါ်လေးညိုရာယ် သမီးကိုက ကံဆိုးတာလို့ပဲမှတ်လိုက်ပါ့မယ်....''
"ကဲ ကဲ ခုလိုစကားပြောနေတာကို ဟိုးသားမိသိရင် ထပ်အပြောခံနေရဦးမယ် သမီးက ပန်းကန်တွေဆေးလိုက်ပါ ဒေါ်လေးပဲဟင်းတွေချက်လိုက်မယ်...''
"ဟုတ်ကဲ့...''
ဒီလိုနဲ့ ခြယ်က သူတို့သားမိရဲ့နှိပ်စက်မှုကိုနေ့တိုင်းနီးပါးခံနေရတာပေါ့။ ဒါတွေကို ဦးထွဋ်ခေါင်မသိပေ။နောက်တစ်နေ့၌ ဧည့်ခန်းထဲတွင်ထိုင်နေသော ဦးထွဉ်ခေါင်ကိုမြင်သောအခါ
"ဟင်!! ကိုကြီးအလုပ်မသွားဘူးလား...''
"အင်း မသွားဘူး နားချင်တာရော ပြီးတော့ မင်းတို့ကိုပြောစရာရှိလို့....''
"ဘာများလဲ...''
"ဒါနဲ့ကလေးတွေရော...''
"ခြယ်လေးက အိပ်နေတယ် သမီးပိတောက်ကတော့ ဒီအချိန်ဆိုဘုရားရှိခိုး ဝတ်ပြုနေရောပေါ့...''
ထိုစဉ် ဘေးနားတွင်ရပ်နေသော ဒေါ်ညိုကမျက်နှာမဲ့သွား၏။
"ဒီကောင်မလေးကတော့ကွာ ဘာလို့အမြဲတမ်းအိပ်ယာထနောက်ကျနေရတာလဲ ချိုတို့ရောက်လာပြီးနောက်ပိုင်းမှပဲ...ချိုတို့ကိုလဲ ခြယ်နိုင့်ထက်စီးနင်း ပြုတာတွေဘာတွေများလုပ်သေးလား...''
"အော် ကလေးကအဲ့လိုတွေမလုပ်ပါဘူး.. အိပ်ယာထနောက်ကျတာကလဲ အပြစ်မှမဟုတ်တာလေ...''
"ကဲ ကဲ ဒေါ်ညိုရေ ခြယ်ခြယ့်ကို သွားနှိုးလိုက်ပါဦး ပြီးတော့ သမီးကြီးကိုပါ ဘုရားကန်တော့ပြီးရင်ဆင်းခဲ့ဖို့ပြောလိုက်ပါဦး....''
"ဟုတ်..''
ဒေါ်ညို အပေါ်ထပ်ကိုတက်သွားကာ ခြယ်ခြယ်ရဲ့ အခန်းထဲမသွားခင် ဘုရားခန်းကို တစ်ချက်ချောင်းကြည့်လိုက်သည်။
ထိုအချိန်တွင် ဘုရားခန်းထဲတွင် ဂိမ်းထိုင်ဆော့နေသော ပိတောက်ချိုကိုတွေ့၏။
မျက်နှာတစ်ချပ်မဲ့ကာ ခြယ့်ကိုပဲသွားနှိုးတော့သည်။
"ဒေါက်...ဒေါက်....ဒေါက်...''
"သမီး ခြယ် ဒေါ်လေးညိုပါ သမီးနိုးနေပြီလား..''
တံခါးလော့ချမထားတာနှင့် ခေါ်ခေါ်ပြောပြောဝင်သွားလိုက်သည်။
"ဒေါ်လေးညို...''
"ဪ သမီးကနိုးနေတာလား...ဟိုမိန်းမကတော့လေ သူ့သမီးကိုပယအမွှန်းတင်နေလိုက်တာများ ကြားရတာကိုနားမချမ်းသာဘူး တစ်နှစ်နေလို့တစ်ခါတောင်မှ ဘုရားမရှိခိုးတဲ့သူကို ဘုရားဝတ်ပြုနေတယ်ဆိုပြီးတော့လေ သမီးကိုကျတော့....''
ခြယ်က
"သမီးသိပါတယ် ဒေါ်လေးညိုရာယ် သမီးမကောင်းကြောင်းပဲမဟုတ်လား...သမီးနေသားကျနေပါပြီ နှစ်တွေလတွေ ကြာခဲ့ပြီလေ...''
"ဒီအကြောင်းတွေသာ မောင်ထွဋ်ခေါင်သိရင် သမီးလေးဒီလိုဖြစ်မှာမဟုတ်ပါဘူးကွယ် သမီးလေးကဘာလို့မပြောတာလဲ...''
"သမီးကိုမပြောဖို့ခြိမ်းခြောက်ထားတာ ပြီးတော့ဖေဖေကိုလဲတစ်ခုခုလုပ်ပစ်မယ်ဆိုပြီးတော့လေ...သမီးဖြစ်မှာထက် ဖေဖေ့ကိုစိတ်ပူလို့ပါ...ဒါကြောင့်မပြောခဲ့တာ..''
"သူတော်ကောင်းကိုနတ်ကောင်းမပါတယ်ကွယ်... ဪ မေ့နေတာ ဒီနေ့မောင်ထွဋ်ခေါင်အလုပ်မသွားဘူးတဲ့ ပြောစရာရှိလို့ဆိုလားပဲ....''
"ရှင်!!!ဖေဖေ အိမ်မှာရှိတယ်ပေါ့...''
ခြယ် ဝမ်းသာအားရလေးမေးသည်။
"ဟုတ်တယ်....သမီးသွားနှင့်နော် ဟို မာယာရှင်ရဲ့သမီး မာယာကြွယ်ကိုလဲ ခေါ်ခဲ့ရဦးမယ်...''
"ဟုတ်ကဲ့ပါ...''
ဒေါ်ညိုက ဘုရားခန်းသို့သွား၍
"ဪ...ဘုရားခန်းထဲမှာ ဘုရားဝတ်ပြုနေတဲ့ သမီးပိတောက်ချို ဘုရားရှိခိုးပြီးရင်အောက်ထပ်ကိုလာခဲ့ပါတဲ့...''
ဒေါ်ညိုက နော့တော့တော့လေသံဖြင့်ပြောလိုက်သည်။
"စကားကိုဆင်ခြင်ပါ အိမ်ပေါ်က ခေါင်းနဲ့ဆင်းနေရမယ် ဟွန်း...''
ပိတောက်ချိုက မျက်စောင်းထိုးကာဆင်းသွားသည်။
"တော်တော ရိုင်းတဲ့မိန်းကလေး....ဟူးး''
ဒေါ်ညိုသက်ပြင်းသာချနေမိသည်။ဒီလိုနှင့်အောက်ထပ်သို့ဆင်းသွားကြသည်။

"ကိုယ့်အနာဂတ်လေး မင်း.."[Complete]Tempat cerita menjadi hidup. Temukan sekarang