"ကြည့်ဦး ဖုန်းကိုတန်းပြီးချသွားတယ်...ဟွန်း''
"ဘာတွေဖြစ်နေတာလဲ သမီးရဲ့....''
"ဪ အေမ့ကို ဝမ်းသာစရာပြောရဦးမယ်သိလား အဟီး''
ပြုံးရွှင်နေတဲ့ သမီးဖြစ်သူကြောင့် ဘာဝမ်းသာစရာလဲလို့ ဒေါ်ထိပ်ထားချို စိတ်ဝင်စားသွားသည်။
"ဘာမ်ားလဲ သမီးရဲ့....''
"သမီးဆီကို မိုင်း ဖုန်းဆက်တယ်သိလား ''
"ဟမ် အဲ့ကောင်လေးက သမီးဆီကိုဆက္တာ ''
"သမီးဆီကိုတော့ မဟုတ္ဘူး အမေ့လူကြီးဆီဆက်တာ အဲ့ဒါသမီးနဲ့ကြုံတော့ စကားပြောလိုက်ရတာလေ ''
"သူက ဖုန်းနံပါတ် ဘယ္လိုရတာလဲ..''
"ဦးထွဋ်ခေါင်ဆီကတဲ့....''
ဒေါ်ထိပ်ထားချိုက စဉ်းစားတွေးတောနေပြီး ခေါင်းရမ်းကာ
"မဖြစ်နိုင်ဘူး ကိုကြီးက ဖုန်းနံပါတ်တွေကို အဲ့လောက်ထိ စိတ်ဝင်တစားမှတ်ထားတတ်တာမဟုတ်ဘူး ပြီးတော့ သူက ဒီအိမ်ဖုန်းကို သုံးလဲမသုံးဘူး သိလဲမသိဘူး အဲ့ဒါကြောင့် ဖုန်းနံပါတ်ကို ကိုကြီးဆီကရတာ မဖြစ်နိုင်ဘူး ပြီးတော့ ကိုကြီးကသူ့ဖုန်းပဲသူသုံးတာ တကယ်လို့ အဲ့ကောင်လေးပြောစရာရှိလို့ဆက်ချင်ရင် အကိုကြီးရဲ့ဖုန်းကိုပဲ ဆက်ရမှာပေါ့ ခုက ဘာလို့ အိမ်ဖုန်းကိုခေါ်တာလဲ...ငါ့ကို သေချာပြန်ပြောပြစမ်း...မိပိတောက်..''
ဒေါ်ထိပ်ထားချိုရဲ့ စိတ်ပူပန်သလိုအမေးကြောင့် ပျော်နေသည့် ပိတောက်ချို ကြောင်တောင်တောင်လေးဖြစ်သွားရသည်။ မိုင်းဆီက ဖုန်းလာတဲ့အကြောင်းကို သေချာပြန်ပြောပြလိုက်တော့ ဒေါ်ထိပ်ထားချို စဉ်းစားတွေးတောနေရသည်။
"အဲ့ဒါဆို ညည်းက ညည်းကိုယ်ညည်း ရွှေရေးခြယ်ပါလို့ ပြောလိုက်တာပေါ့...''
"ဟုတ်တယ်လေ အမေပဲ သူ့နေရာက သရုပ်ဆောင်ထားခိုင်းတာလေ ''
"ဟာ သေလိုက်ပါတော့ ပိတောက်ချိုရာယ် နင်အဲ့လောက်ပဲ ဥာဏ်နည်းရသလား ဟမ် အခြေနေအချိန်ခါကို ကြည့်ပြီးလုပ်လေ အခုချိန်က နင်ပိတောက်ချိုလုပ်ရမယ့် အချိန်လား ရွှေရေးခြယ် လုပ်ရမယ့်အချိန်လား ဒါလေးတောင်မှ မခွဲခြားတတ်ဘူးလား အခုအစ်ကိုကြီးက သူ့သမီးခိုးရာလိုက်ပြေးလို့ အမွေပျက်ကြေငြာထားတာလေ အေး ဒီလိုကိစ္စကို ခေတ်သမိုင်းတို့ မိသားစုကို မပြောပဲဖုံးဖိထားမယ်လို့ ညည်းထင်နေတာလား ဟမ်...''
ဒေါ်ထိပ်ထားချို စိတ်တိုလွန်းတာကြောင့် အသံတွေပါတုန်နေသည်။ လိမ်ထားရသမျှက သူဥာဏ်တုံးလို့ အကုန်ပေါ်ရတော့မယ်။
ပိတောက်ချိုကို ကြည့်လိုက်တော့ ငိုနေလေသည်။
"သမီးလဲ ဘယ်သိမလဲ အကုန်လုံးအမေခိုင်းထားတဲ့အတိုင်းလုပ်တာပဲ ''
အမေခုလိုတော့ သူ့ကို မဆူသင့်ပါ။ သားသမီးနှစ်ယောက်ထဲမှာ အေမ ခိုင်းသမျှလုပ်ပြီး အမေပြီးသမျှပြီးတဲ့ သမီးက ပိတောက်ချိုပါ။ဒါကိုတောင် တစ်ကွက်လေး မှားလိုက်တာနဲ့ အမေပိတောက်ချိုကို အလွယ်တကူ အပြစ်မြင်လေသည်။ အေမက သူ့ကိုအမြဲဆန့်ကျင်တတ်တဲ့ အာကာကိုကျတော့ ပိတောက်ချိုထက် အချစ်ပိုသည်။
သမီးဖြစ်သူရဲ့ မျက်ရည်တွေကို မြင်တော့လဲ ဒေါ်ထိပ်ထားချို ရင်ထဲမကောင်းပေ။ တကယ်ဆို သူသိသင့်တာမဟုတ်လား။ ခုလိုနည်းနည်းလေး အဆင်ခြင်မဲ့လိုက်တာနဲ့ နှစ်ချီပြီး ကြိုးစားထားသမျှက သဲထဲရေသွန် ဖြစ်သွားနိုင်သည်။ ဒါတွေကို သမီးဘာကြောင့် နားမလည်ရတာလဲ။
"တော်တော့ ခုမှငိုမနေနဲ့...ဟိုကောင်လေးက ညည်းရွှေရေးခြယ် ဟန်ဆောင်တာကိုမရိပ်မိလောက်ပါဘူး...ရိပ်မိလို့ ကိုကြီးကို ပြန်ပြောရင်တောင်မှ သူ့မှာ ဘာသက်သေမှ မရှိတာ သူပြောတာလဲ ယုံမှာမဟုတ်ဘူး ဘာလို့ဆို ဦးထွဋ်ခေါင်ဆိုတဲ့လူက လက်တွေ့သမား မျက်မြင်ကိုယ်တွေ့မဟုတ်ပဲ ဘာမွ မယုံတတ္ဘူး...''
တစ်ရှုပ်ကမရှင်းသေးဘူး နောက်တစ်ရှုပ်ကပေါ်လာပြီ။ ဒေါ်ထိပ်ထားချို ခေါင်းကိုက်နေမိသည်။
~~~~
"ဘယ်လိုလဲ မင်းရဲ့ မ ကိုရှာတွေ့လား...''
"ဘာ မင်းရဲ့ မ လဲ ငါ့ကိုမနောက်နဲ့ ငါပြောပြီးသားငါ မမခြယ်ကို မချစ်ဘူး''
"မင်းကတော့ အကြောက်ကန်ကို ငြင်းနေတော့တာပဲ ဘာဖြစ်လဲ မင်းလဲလူ သူလဲလူ ပြီးတော့ သူကအိမ်ထောင်ရှိတဲ့သူလဲမဟုတ်ဘူး မင်းချစ်လို့ရတာပဲ ဘာလို့ ဇွတ်တင်းတွေဘူးခံနေရတာလဲ...''
သူငယ်ချင်းဖြစ်သူရဲ့ အားမလိုအားမရအေမးကို အာကာမဖြေရှင်းချင်။ သူဘယ်လိုလုပ်ချစ်ရဲမလဲ သူ့အမေနဲ့အစ်မက မမခြယ်အပေါ် ဒီလောက်ထိကောက်ကျစ်ထားကြတာကို။ အကယ်၍ သူ မမျခယ္ကို ချစ်တယ်လို့ ပြောရင်တောင်မှ မမျခယ္က ယုံကြည်မှာ မဟုတ်ပေ။ အမေတို့လို သူမရဲ့အမွေတွေကိုမက်လို့ လို့ပဲထင်လိမ့်မည်။ ဒါကြောင့် သူ မမခြယ်ကို ချစ်လို့မဖြစ်ပေ။ ချစ်တယ်လို့လဲ တစ်သက်လုံးထုတ်ပြောဖြစ်လိမ့်မည်မထင်။ မမခြယ် အပေါ်မှာမကောင်းကြံခဲ့တဲ့ အမေနဲ့အစ်မရဲ့ အပြစ်တွေကို သူ့ရဲ့ ဖြူစင်သန့်ရှင်းတဲ့အချစ်နဲ့ ဆေးကြောပေးချင်သည်။ မမခြယ်ကို သူကူညီမယ် ဒါပေမယ့် ချစ်တဲ့အကြောင်းတော့ ဘယ်တော့မှ ထုတ်မပြောတော့ပေ။
"Sorry ပါကြာ ငါမင်းကို ခံစားရအောင်လုပ်တာ မဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် မင်းရဲ့ဖြူစင်တဲ့အချစ်နဲ့စေတနာတွေကို သူမြင်မှာပါ တစ်ခုတော့သိစေချင်တယ် မင်းငါ့ကိုလိမ်လို့ရတယ် မင်းမမခြယ်ကို လိမ်လို့ရတယ် ဒါပေမယ့် မင်းကိုယ်မင်းတော့လိမ်လို့မရဘူး...''
"ထားလိုက်ပါတော့ကွာ ခုထိ ငါသူ့ကိုရှာလို့မတွေ့သေးဘူး...''
"သူ ရန်ကုန်မှာပဲရှိတယ်ဆိုတာ သေချာလို့လား...''
"သေချာလောက်ပါတယ် မမခြယ် မန္တလေးကိုတော့ ပြန်မှာမဟုတ်ဘူး ပြီးတော့ တစ်ခြားလဲ သွားတတ်တာမှ မဟုတ်တာ ငါစိတ်ပူတာက မမခြယ် ဒုက္ခရောက်နေမှာကိုပဲ...''
"သိပ်လဲစိတ်မပူပါနဲ့ကွာ ငါတို့လဲနေ့တိုင်းနီးပါးရှာနေကြတာပဲ ပြန်တွေ့မှာပါ...''
"ဟုတ်တယ် ပြန်တွေ့မှာပါ ပြီးတော့ ငါတို့ကဦးအောင်ပြန်တွေ့မှဖြစ်မယ်.....''
"ဟမ် ဘာလို့လဲ''
"ငါ့အေမက မမခြယ်ကို လူလွှတ်ပြီးရှာခိုင်းထားတာ''
"ဟုတ်လားဟ...''
"အင်း ဒါပေမယ့် သူတို့ကလွယ်လွယ်နဲ့တော့ တွေ့မှာ မဟုတ်ဘူး ဘာလို့ဆို မမခြယ်ကို ငါကကောင်လေးပုံစံနဲ့ ဒီပို့ထားတာကိုး အမေ့လူတွေ အရင်တွေ့သွားရင် မမခြယ်အတွက် အန္တရာယ်များတယ် ဒါကြောင့် ငါတို့ကအရင်ဆုံးတွေ့အောင်ရှာရမယ်...''
~~~~
"အဲ့ဒါဘာရပ်လုပ်နေတာလဲ...လာလေ ''
"ဪ....ဟုတ်''
"ကဲ ဒါကေတာ့ ငါ့ရုံးခန်းပဲ''မိုင်းက လက်နှစ်ဖက်ကိုဖြန့်ပြီး သူ့ရုံးခန်းကိုပြလေသည်။
"ကြိုဆိုပါတယ် ဝန်ထမ်းသစ်လေး ကိုကတော့ ဒီကုမ္ပဏီရဲ့CEOခေတ်သမိုင်းပါ...''
ခြယ့်ကိုလက်ကမ်းပြီးမိတ်ဆတ်လေသည်။ မျက်နှာက ပြုံးစိစိနဲ့။
သူက စနောက်နေသည့်ပုံစံပေါက်တာကြောင့် ခြယ်ကလဲ သူ့ကိုလက်ဆွဲနှုတ်ဆတ်လိုက်ကာ
"မင်္ဂလာပါသူဋ္ဌေးခင်ဗျ ကျွန်တော်ကတော့ ဝန်ထမ်းအသစ်လေး ရေးပါဗျ...''
ခါးလေးကိုင်းပြီး လက်ဆွဲနှုတ်ဆတ်လိုက်တော့ သူက ရယ်လေသည်။
"မင်က ငါ့ကို ပြန်နောက်နေတာပဲ ''
"နောက်ပါဘူး ခင်ဗျားက မိတ်ဆတ်လို့ ပြန်မိတ်ဆတ်တာလေ...''
"ကဲ ဟုတ်ပါပြီကွာ ''
"ကျွန်တော်က ဘယ်ဋ္ဌာနမှာလုပ်ရမှာလဲ...''
"ဘယ်ဋ္ဌာနမှာမှ မလုပ်ရဘူး ငါ့ဆီမှာပဲအလုပ်လုပ်ရမှာ ပြီးတော့ ငါ့ရုံးခန်းထဲမှာပဲနေရမှာ..''
"ဟမ် ဒါဆို မသိတာရှိရင် ကျွန်တော်က ဘယ်သူ့မေးရမှာလဲ...''
"ဟာ CEOတစ်ယောက်လုံး မင်းရှေ့ထိုင်နေတာကို မင်းကဘယ်သူ့ကို မေးချင်သေးတာလဲ...မသိတာ မရှင်းတာ နားမလည်တာမှန်သမျှ ငါ့ကိုမေးလို့ရတယ် ''
ထိုအခါ ခြယ်က နှုတ်ခမ်းဆူဆူလေးဖြင့်ခေါင်းငြိမ့်ရသည်။
"ဟုတ်ကဲ့ပါ သူဋ္ဌေးခင်ဗျ..''
ခြယ်က ပြုံးပြုံးလေးပြောပြီး မိုင်းကိုကြည့်တော့ နှစ်ယောက်သား အကြည့်ချင်းဆုံလျှက်ရှိသည်။ ခြယ်က ပြုံးနေသလို မိုင်းကလဲပြုံးနေလျှက်။ မိုင်းရဲ့ ရင်ထဲမှာတော့ ထိုအခိုက်အတန့်လေးက ပျော်ရွှင်ကြည်နူးမှုများနှင့်ဖြစ်သည်။ ခြယ်ကလည်း ထိုနည်းတူစွာပင် မိုင်း အပြုံးတွေနှင့်နွေးထွေးသည့် အကြည့်များမှာ ရင်ခုန်နေမိသည်။
"ဒေါက်...ဒေါက်..''
"ဝင်ခွင့်ပြုပါဆရာ...''
ခွင့်တောင်းသံကို မိုင်းတို့နှစ်ယောက် သတိမထားမိလိုက်ခင် ဝန်ထမ်းကောင်မလေးက ရုံးခန်းထဲသို့ရောက်လာသည်။
သူဋ္ဌေးနှင့်ကောင်လေးတစ်ယောက်က လက်ဆွဲလျှက် တစ်ယောက်နှင့်တစ်ယောက်ပြုံးပြုံးကြီးကြည့်နေသော မြင်ကွင်းကြောင့် ဝန်ထမ်းကောင်မလေးက ကြောင်အမ်းပြီး ရပ်ကြည့်နေမိသည်။
ဝန်းထမ်းကောင်မလေးကို ခြယ်ရောမိုင်းရောသတိထားမိသွားသည်။ မေ့ပြီးကိုင်ထားမိတဲ့ ခြယ့်ရဲ့လက်ကို မိုင်းကလွှတ်ပေးလိုက်သည်။ ခြယ်ကလဲ မျက်နှာပူပူနှင့်ဘေးကပ်ပြီးရပ်ပေးလိုက်သည်။
"ဘာကိစ္စလဲ...''
မိုင်းမေးတော့မှ ခြယ့်ကို ရပ်ငေးနေသည့် ဝန်ထမ်းကောင်မလေးက သတိပြန်ဝင်လာကာ
"ဪ ဟို သူဋ္ဌေး တောင်းထားတဲ့ဖိုင်တွေပါ ဒါက သူဋ္ဌေးလက်မှတ်ထိုးပေးရမှာတွေပါ''
မိုင်က အလုပ်စားပွဲတွင်ထိုင်ကာ ဝန်ထမ်းကောင်မလေးရဲ့ တင်ပြချက်တွေကို နားထောင်ပြီး လက်မှတ်ထိုးစရာရှိတာထိုးပေးနေသည်။
ခြယ်ကတော့ ခြယ့်အတွက်ဟု ထင်ရသည့် သူ့အလုပ်စားပွဲနဲ့ မျက်စောင်းထိုးလောက်က စားပွဲတွင် သွားထိုင်နေသည်။
သူ့ကိုကြည့်လိုက်တော့ အလုပ်ကိစ္စပြောနေသည်မှာ တကယ့်လူကြီးလူကောင်းပုံစံပင်။ အိမ်မှာ သူ့ကိုစနောက်နေတတ်သည့် မိုင်းမဝုတ်တော့သလိုပင်။ အလုပ်အကြောင်းပြောတာပြီးငွားတော့ ဝန်ထမ်းကောင်မလေး အခန်းထဲမှ ထွက်သွားသည်။ ဒါတောင်မှ ခြယ့်ကိုလှည့်ကြည့်သွားသေးသည်။
ခြယ်က သူ့အနားသို့သွားကာ
"သူ ကျွန်တော်တို့ကို တစ်မျိုးမထင်လောက်ပါဘူးနော်..''
စိုးရိမ်ဟန်လေးဖြင့် ပြောတော့ သူကရယ်လေသည်။
"ထင်ချင်တာ ထင်ပါစေပေါ့ ''
"ထင်ချင်တာထင်ရင် ခင်ဗျားအတွက်ဘယ်ကောင်းမလဲ ပြီးတော့ ယောကျာ်းလေးချင်းကို...''
ဒီစကားပြောတော့ မိုင်းကထပ်ပြီးရယ်ပြန်သည်။
ဒီလူတော်တော်အူရွှင်နေတာပဲ။ ခြယ်က သူ့ကိုယ်သူလိပ်ပြာမလုံပဲ မိုင်းကို မျက်စောင်းထိုးမိသည်။
"ယောကျာ်းလေးချင်းလဲ ဘာဖြစ်လဲ မင်းကငါ့အပိုင်ပဲဆိုတာ ကြေငြာပြီးသားဖြစ်တာပေါ့...''
သူ့အပြောကြောင့် ခြယ့် မျက်နှာနွေးခနဲဖြစ်သွားရသည်။ ယောကျာ်းလေးချင်းတောင်မှ(ယောကျာ်းလေးလို့သိထားတာတောင်မှ) စကားပြောတာ အနှောင့်အသွားမလွတ်ဘူး။
"အပိုတွေလျှောက်ပြောမနေနဲ့ ခင်ဗျားရုံးကလူတွေနဲ့လဲ နည်းနည်းပါးပါးမိတ်ဆတ်ပေးထားဦးလေဗျာ ''
"ဘယ်သူမသိသိ မင်းကိုငါသိတယ်လေ မဟုတ္ဘူးလား''
မိုင်းက မျက်ခုံးလေးပင့်ပြီးပြောလေတော့ ခြယ်က စိတ်ပျက်လေသော ဟန်လေးဖြင့် သူ့အတွက်စီစဉ်ထားသော နေရာလေးတွင်သွားထိုင်ကာ
"ကျွန်တော်က အလုပ်လုပ်ဖို့လာတာလား ခင်ဗျားအပျင်းပြေစနောက်ဖို့ အဖော်အဖြစ်ခေါ်လာတာလား မသဲကြဲဘူး...''
မျက်နှာပုတ်သိုးသိုးလေးဖြင့် မကြားတစ်ကြားလေး ပြောနေသော ခြယ့်ကိုကြည့်ပြီး မိုင်းကပြုံးနေမိသည်။
သူမဘေးနားရှိနေတဲ့အချိန်ဆို နာရီ မိနစ် စက္ကန့် အားလုံးက မိုင်း အတွက်ကြည်နူးစရာပင်။
အခုလိုအနီးကပ်ခေါ်ထားပြီး ကောင်လေးတစ်ယောက်လို ဟန်ဆောင်နေတဲ့ မင်းကို စနောက်နေရတာ ငါ့အတွက်တော့ ပီတိဖြာစရာပဲ ရွှေရေးခြယ်....... ။