1

332 11 0
                                    

နေရောင်ခြည်နွေးနွေးကြားမှာ မြတ်မင်းငယ် နှိုးလာခဲ့တယ်
ဒါမဲ့မထသေးဘဲ အိပ်ရာထဲစိမ်ခံနေတတ်တာမြတ်ရဲ့အကျင့်တစ်ခုဘဲ
မကြာခင် အမေ့နှိုးသံစတင်ကြားရပါပီ

"မြတ် သမီးကျောင်းစတက်ရမယ့်နေ့မဟုတ်လား ပျင်းမနေနဲ့ ထတော့"

ဟုတ်သား ဒီနေ့ မြတ်ရဲ့ကျောင်းအသစ်ကိုသွားရမယ့်နေ့မဟုတ်လား မေ့နေခဲ့တာ နာရီကြည့်တော့ ၇နာရီ တော်သေးတာပေါ့

ေကျာင်းမသွားခင်မြတ်အကြောင်းအရင်ဆုံးပြောပြမယ် မြတ်နာမည်က မြတ်မင်းငယ် အားလုံးကမြတ်လို့ဘဲခေါ်ကြတယ် မြတ်ကအပေါင်းသင်းနည်းတယ် introvert တစ်ဦးဆိုပိုမှန်တယ် အရင်က inter school မှာတက်ခဲ့တာ အခု ၈တန်းရောက်တော့ အစိုးရကျောင်းပြောင်းထားပေးခဲ့တယ် ကျောင်းအသစ်ပေါ့ လူအသစ်တွေနဲ့တွေ့ရမှာဆိုတော့ နဲနဲစိတ်ရှုပ်မိတယ် ပေါင်းသင်းဆက်ဆံရေးအရမ်းကောင်းလွန်းတော့ ကိုယ့်အကြောင်းကိုသာသိတယ် မဟုတ်လား
မြတ်တို့က သားမိနှစ်ယောက်ထဲရှိတာ အမေကလည်းသူ့ဆိုင်သူဆိုတော့ မြတ်လဲတစ်ယောက်တည်းနေရတာပိုကြိုက်လာတယ်လေ

"မြတ် မပီးသေးဘူးလား ပြင်ဆင်နေတာ ကျောင်းနောက်ကျတော့မယ်"

"ပီးပီ အမေ ဆင်းလာပီ"

မြတ်ကအဲ့တိုင်း တစ်ခုခုလုပ်ရင်အရမ်းကြာတတ်တယ် တွေးတောနေတာနဲ့

"မနက်စာ ထမင်းကြော်စီစဥ်ထားတယ် စားသွားလိုက်ဦး ကျောင်းရောက်ရင်လဲအေးတိအေးစက်နေမနေနဲ့ ကြားလား ဟဲ့ပြောနေတာ "

"ကြားပါတယ် အမေရယ်"

"ငါ နားလေးပလေးမွေးထားတာမဟုတ်ဘူးနော် ကြားရင်ဖြေပေါ့ ကျောင်းသွားရင် ဆိုင်ကယ်တွေသတိထားသွား တစ်ယောက်တည်းဘဲေနမနေနဲ့ အပေါင်းသင်းလေးထားဦး ကြားလား"

"နားထောင်နေပါတယ် အမေရယ်"

"မြတ် ကလေးမဟုတ်တော့ပါဘူး ပြီးတော့ မြတ်ကိုစကားလာပြောရင်ပြောလိုက်မယ် ကိုယ့်အရင်တော့ဘယ်သူ့မှမပြောနိုင်ပါဘူး "

"အဲ့တိုင်းတာနေ နင်အမြဲတစ်ယောက်တည်းဖြစ်နေမှာ .....&.&."
စလာပါပီ အမေ့ရဲ့ကက်ဆက်အဟောင်းတွေ
"ကျောင်းသွားပီ အမေရေ ကျောင်းနောက်ကျလိမ့်မယ် လစ်ပီ"

Unexpected Where stories live. Discover now