5

182 10 0
                                    

နဒီ ဟိုကလေးလေးကိုကြည့်တော့ မျက်နှာလည်းမကောင်းဘူး
'အင်း ဒင်းလေးတော့သူ့ပန်းမပန်လို့ထင်တယ်'
နဒီလည်း အိတ်ထဲကရင်ထိုးလေးထုတ်ပီးနှင်းဆီဖြူလေးနဲ့တွယ်ပီးရင်ဘတ်နားမှာထိုးလိုက်တယ် ကလေးမကိုကြည့်ပြန်တော့ခေါင်းငုံ့ထားသေးတယ်

'ဟင်း ... သူမမြင်သေးဘူးဘဲ'ခပ်တည်တည်နေလိုက်တယ်

စာသင်ခန်းကိုကြည့်ပီး

"ဟမ်း. စာအုပ်ထုတ်ကြမယ်နော် လေပေါတာတွေလျှော့ကြတော့"
"မနေ့ကသင်တာဆက်သင်မယ် စာရှင်းတဲ့အချိန် Whiteboard ကိုကြည့်ပါ ခေါင်းငုံ့မထားကြနဲ့"

မြတ်လည်းတီချယ်ပြောတာကြားတော့စာအုပ်ထုတ်ပီး ကျောက်သင်ပုန်းကိုဘဲကြည့်နေမိတယ် ခုထိတီချယ့်ကိုကြည့်ဖို့အားအင်မရှိသေးသလို ကြည့်မိရင်လည်းကိုယ်ဘဲ၀မ်းနည်းရမှာမလား

ဒါမယ့်မြတ်ကိုယ့်စိတ်ကိုမပိုင်ဘူးဘဲ မကြည့်ဘူးလို့နေပေမယ့် မျက်လုံးကအဲ့ဘက်ရောက်သွားတယ်

ကြည့်မိတဲ့တစ်ခဏ ဟုတ်တယ်တစ်ခဏလေးဘဲ ။တစ်ကယ်ကို၀မ်းသာ ၊၀မ်းနည်း ၊ ဟာဘယ်လိုပြောရမလဲ စက္ကန့်ပိုင်းလေးအတွင်းကို မြတ်​ရယ့်​ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလို ၊ပျော်လုံးစို့မိတာဆိုအမှန်ဘဲ ပန်းလေးတစ်ပွင့်ကြောင့်နဲ့မြတ်မှာခံစားချက်ပေါင်းများစွာရခဲ့တယ်

အော်တီချယ်နွေးရယ်... မြတ်ရဲ့ပန်းကိုမပန်ထားတော့လဲ၀မ်းနည်းမှုကအုပ်စိုး၊
ခုရင်မှာထိုးထားပြန်တော့လဲ မြတ်မှာ၀မ်းသာပီး ထကရတော့မလို ၊တကယ် တကယ် မြတ်ရဲ့စိတ်အစဥ်ကိုအစိုးရတဲ့ အုပ်စိုးနိုင်သူကြီးပါ...

မြတ်မှာမျက်နှာကြီးပြုံးဖီးပီးနေယုံဘဲတတ်နိုင်တော့တယ် တစ်ချိန်လုံးစာလည်းလိုက်ကြည့်နေပေမယ့် ဘယ်ရောက်လို့ဘယ်ပေါက်မှန်းကိုမသိ မျက်လုံးထဲမှာတီချယ်နွေးရယ့်မျက်နှာ နဲ့ရင်မှာထိုးထားတဲ့နှင်းဆီပန်းဖြူဖြူလေး
အဲ့တာဘဲပေါ်လာတော့တယ်
'ဟင်း...လွှမ်းမိုးနိုင်သူကြီးရေ ရှေ့ကစာသင်နေပေမယ့် နောက်ကတော့ စာထဲစိတ်မရောက်နိုင်တာခွင့်လွှတ်ပါနော်...'

      ....

စာသင်ချိန်ပီးလို့တီချယ်လည်းအခန်းထဲကထွက်သွားပီ ဘေးကတစ်ယောက်ကတော့ ခုထိကျောက်သင်ပုန်းကနေမျက်နှာကမရွေ့သေး မျက်နှာကတော့ခုနနဲ့မတူ ပြောင်းသွားလိုက်တာ သူ့ကြည့်နေတာတောင်မသိ

Unexpected Where stories live. Discover now